Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ

Thursday, August 1, 2013

International FREE Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း

မိမိ၏ လက်ရှိ Apple ID ကို အကြောင်းအမျိုးမျိုးကြောင့် သုံးလို့ မရသောသူများ၊ ယခုမှ စတင်၍ Apple ID ရယူမည့်သူများ သို့ မဟုတ် နောက်ထပ် Apple ID များ ထပ်ဆောက်ချင်သူများအတွက် တစ်နေရာထဲမှာ ထိုင်ပြီး တစ်ကမ္ဘာလုံးရှိ မိမိ နှစ်သက်ရာ iTunes Store ၏ Apple ID တစ်ခုကို အလွယ်ကူဆုံး စတင် တည်ဆောက်နည်းကို အသေးစိပ် ထပ်မံ၍ တင်ပြပေးလိုက်ပါတယ်..
ယခုလက်ရှိ အချိန်ထိ တစ်ကမ္ဘာလုံးမှာ Apple Store ရှိတဲ့ နိုင်ငံပေါင်း (၁၃၂) နိုင်ငံ ရှိပါတယ်။ ဆန္ဒရှိလို့  Apple ID (၁၃၂) ခုလုံး ရယူချင်တယ်ဆိုရင်လည်း အောက်ပါ နည်းလမ်းနှင့် လုပ်ယူနိုင်ပါတယ်..
>>Apple ID တစ်ခု အတွက် လိုအပ်ချက်များ <<
  1. email account (၂)ခု ရှိထားရပါမယ်၊ တစ်ခုက “Apple ID” အတွက် နှင့် တစ်ခုက မူရင်း Apple ID ပြဿနာဖြစ်ရင် ပြန်ရယူဖို့  အတွက် “Rescue mail” အနေနဲ့  ပေးထားရပါတယ်။
  2. မိမိဖွင့်လိုသော Apple Store နိုင်ငံ၏ လိပ်စာ နှင့် ဖုန်းနံပါတ်။
    (ဘယ်လို ရယူရမည် ဆိုသည်ကို အောက်တွင် ဖော်ပြထားပါသည်)
ကဲ… Apple ID အသစ်တစ်ခု စဖွင့်ကြရအောင်… ကျွန်တော်က နမူနာ အနေနဲ့  US Account ကို ဖွင့်ပြပေးသွားပါမယ်…

လုပ်ငန်းစဉ်
အဆင့် ၁)
မိမိ PC ရှိ iTunes တွင် Sign In ဝင်ထားပါ Sign Out ပြန်လုပ်ထားဖို့ လိုပါလိမ့်မယ်။
Sign Out လုပ်ရန် Menu bar ရှိ Store -> Sign Out လုပ်ပါ။
အဆင့် ၂)
iTunes ၏ ဘယ်ဘက်ခြမ်းရှိ “iTunes Store” ကို ရွေးပါ။
ညာဘက်စွန်းရှိ Scroll bar ကို အောက်ဆုံးသို့  ဆွဲချလိုက်ပါ၊ အောက်ပါပုံအတိုင်း “iTunes Store” ကိုတွေ့ ရမည်။
အဆင့် ၃)
“Change Country” ကို နှိပ်ပါ။
အောက်ပါပုံအတိုင်း နိုင်ငံများပေါ်လာပါက မိမိဆန္ဒရှိသော နိုင်ငံကို ရွေးပါ။ (ဤနေရာတွင် ကျွန်တော်က US ကို ရွေးပါမည်)
Apple Store ပြောင်းသွားတာကို အောက်ပါပုံအတိုင်း တွေ့ ရပါမည်။
အဆင့် ၄)
Apple Store change သွားပြီးနောက် အောက်ပါပုံအတိုင်း App တစ်ခုကို download လုပ်ရန် နှိပ်လိုက်ပါ။
(FREE account ဆောက်ရန် ဤအဆင့်သည် Key ဖြစ်သည်)
အဆင့် ၅)
Apple ID နှင့် Sign In ဝင်ခိုင်းပါမည်၊ “Create Apple ID” ကို နှိပ်ပါ။
အဆင့် ၆)
Welcome to the iTunes Store” page တွင် “Continue”
Terms and Conditions and Apple Privacy Policy” တွင် “I have read and agree…..” ကို Check လုပ်ပြီး “Agree”
အဆင့် ၇)
အောက်ပါပုံအတိုင်း ဖြည့်စရာ Form တစ်ခုပေါ်လာပါလိမ့်မည်။
  • Email” တွင် မိမိ Apple ID အဖြစ် သုံးလိုသော email address (1) ကို ဖြည့်ပါ။
  • Password” သတ်မှတ်ရာတွင် စာလုံးရေ အနည်းဆုံး (၈)လုံး ပါရမှာဖြစ်ပြီး၊ Capital Letter (စာလုံးအကြီး) နဲ့  Numeric (နံပါတ်) တို့  ပါရှိရမှာ ဖြစ်ပါတယ်။
  • Security info” မှာ မည်သည့် မေးခွန်းကို ရွေးသည်ဖြစ်စေ အဖြေကို “abcd” ဟု ပေးလိုက်တာက ဘယ်တော့မှ မမေ့နိုင် မမှားနိုင်ပါဘူး။ (မှတ်မိနိုင်တယ် ဆိုရင်တော့ နှစ်သက်ရာ အဖြေသတ်မှတ်ပါ)
  • Optinal Rescue mail” မှာ ဒုတိယ email address (2) ကို ဖြည့်ပါ။ မိမိ၏ မွေးနေ့ ကို မှန်မှန်ကန်ကန် ဖြည့်စွက်ပြီး “Continue” နှိပ်ပါ။
အဆင့် ၈)
“Provide a Payment Method” တွင် “None” ကိုရွေးပါ။
US Store ကို ဆောက်သူများ အမည်မှလွဲ၍ အခြား အရာများကို ပုံပါအတိုင်း ဖြည့်စွက်နိုင်ပါသည်။

  • မိမိကိုယ်တိုင် စိတ်ကြိုက် USA မှ Postal code လိပ်စာကို ရှာဖွေ ထည့်သွင်းလိုသူများ ဤနေရာတွင် ရှာနိုင်ပါသည်။
  • အခြား ကမ္ဘာအဝှမ်း Postal code နှင့် လိပ်စာ ရှာဖွေသူများ ဤနေရာတွင် ရှာဖွေပါ။
အဆင့် ၉)
အားလုံးပြီးစီးပါက “Create Apple ID” ကို နှိပ်ပါ။
အဆင့် ၁၀)
သင်၏ email address (1) သို့  Apple မှ verification letter ပို့ ပါမည်။ email တွင် ဝင်ရောက်စစ်ဆေးပါ။
အဆင့် ၁၁)
သင့် email တွင် ပုံပါအတိုင်း စာကိုတွေ့ ရပါမည် “verify Now >” ကို နှိပ်ပါ။
အဆင့် ၁၂)
အောက်ပါပုံအတိုင်း Apple ID တွင် “email address” နှင့် “password” ကို ထည့်သွင်းပြီး “Verify Address” ကို နှိပ်ပါ။
အဆင့် ၁၃)
အောက်ပါပုံအတိုင်း ပေါ်လာပါက သင်၏ Apple ID ရယူ တည်ဆောက်ခြင်း အောင်မြင်ပြီး ဖြစ်၍ သင်နှစ်သက်ရာ Apple Store ID ကို FREE ရရှိသွားပါပြီ…
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်….အဆင်ပြေကြပါစေ

0 comments:

Post a Comment

ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။