Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, October 9, 2013

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်




(၁) မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

(၂) ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။


(၃) ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

(၄) အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။



ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင်  ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် ဒီမှာ  ဖတ်ပါ.. .အဆင်ပြေမှာပါ

Monday, September 16, 2013

မြန်မာဆေးနည်းထဲမှာ ရေချိုးနည်းဆိုပြီး ရှိတယ်

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်





“ရေချိုးတဲ့အခါ ခြေထောက်ကို အရင်ရေလောင်းပါ။ တဖြေးဖြေး ဒူး၊ ပေါင်၊ ခါး လောင်းပြီးမှ
တကိုယ်လုံး ရေချိုးပါ၊ ရေအဆင့်ဆင့်လောင်းနေတုံး ပါးစပ်ထဲမှာ ရေငုံထားတာက ကိုယ်ခန္ဒာကို ရေလောင်းလို့ ထွက်လာတဲ့ အပူခိုးတွေ့ မျက်စိကို
မရောက်အောင် အကာကွယ်ပြုတာပါ၊ ခန္ဒာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုံး ချမ်းစိမ့်စိမ့် ဖြစ်လာရင် ရေမချိုးပါနဲ့။ ရေချိုးရင် ဖျားတာက အပူရှိလို့
အပူငုတ် အပူရှပ်ချင်တာပါ။ အပူထဲမှလာပြီး ချက်ချင်း ရေမချိုးပါနဲ့။ ထမင်းစားပြီး ရေမချိုးသင့်ပါ။ ရေမချိုးခင် ရေဝအောင် သောက်ပါ။ ရေချိုးပြီးရင်
ရေကို စင်အောင်သုတ်ပြီး ရေနွေးသောက်ပါ။”

ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးများ။

ဆီးချိုရောဂါ ရှိနေသူတယောက်ဟာ
နာရီဝက်ကြာရေချိုးတာ သွေးထဲက သကြားဓါတ် ၁၃% လျှော့နည်းတယ်။ ရေနွေး ၃၂-၃၅ ဒီဂရီကို ချိုးရင် အရေပြားက အပေါက်လေးတွေကို ပွင့်စေပြီး
အဆိပ်အတောက်တွေ ထွက်ကုန်မယ်။ ကြွက်သားနာတာ သက်သာမယ်၊ အူတွေ ပိုအလုပ်လုပ်နိုင်တယ်။ နေချိုးတာကို ၁ဝ-၂ဝ မိနစ်သာကြာပါစေ။
ရေအေး ၁၂-၁၈ ဒီဂရီကိုချိုးရင် စိတ်ဖိအားကျစေမယ်။ သွေးကြောလေးတွေကို ကျဉ်းစေလို့ သကြားဓါတ် တက်စေမယ်။ အင်ပြင် ထတာမျိုးကို
Sodium bicarbonate (ဆော်ဒါ) ပါတဲ့ ရေချိုးရင် သက်သာတယ်၊ ပိုးတချို့ကိုလဲ သေစေမယ်။ ရေနွေးနဲ့ချိုးတာဟာ တုပ်ကွေး၊ အအေးမိတာ သက်သာစေမယ်။
နှင်းခူနာ သက်သာစေမယ်။ ရေအေးထဲမှာ ခြေထောက်ကို စိမ်ပေးရင် ကောင်းကောင်း အိပ်ပျော်စေတယ်။

ကဲ .... အားလုံးပဲ ကျန်းမာ အသက်ရှည်ကြပါစေ ...
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

Thursday, September 12, 2013

နှုတ်ခမ်းသားလေးတွေ အဆွဲဆောင်နိုင်ဆုံး ဖြစ်အောင် ဘယ်လိုလုပ်မလဲ...?

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်


လူတစ်ယောက်ရဲ့ မျက်နှာမှာ အထူးခြားဆုံး၊ အလှပဆုံးဟာ မျက်လုံးလေးတွေဖြစ်သလို နှုတ်ခမ်းသား တွေကလည်း အဆွဲဆောင် ဆုံး ဖြစ်ပါသတဲ့။ အမျိုးသမီးတိုင်း၊ ဆယ်ကျော်သက်လေးတိုင်းဟာ သူတို့ရဲ့ နှုတ်ခမ်းသားလေးတွေကို နူးညံ့ချောမွေ့လှပချင်တာ သဘာဝပဲမဟုတ်လား။ အလုပ်တွေများများလုပ်ပြီး ခပ်သွက်သွက် လှုပ်ရှားနိုင်မှ တန်ကာကျတဲ့ ကာလကြီးမှာ သဘာဝအလှကို ဂရုစိုက်ပေးဖို့ အချိန်အခက် အခဲ ရှိလာပါတယ်။ အချိန်နဲ့အမျှ အလုပ်လုပ်နေရတော့ သတိတရ အချိန်မပေးနိုင်တော့ဘူး ဖြစ်လာပါ တယ်။ ဒါကြောင့် ရံဖန်ရံခါမှာ နှုတ်ခမ်းနီ၊ မိတ်ကပ်ကဲ့သို့သော ဖန်တီးအလှတွေပါ ကူညီပံ့ပိုးပေး ရပါ တော့တယ်။ ဒါမှလည်း ကြည့်ကောင်းပြီး အများအမြင်မှာ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ မိန်းကလေး အများစု ဟာ နှုတ်ခမ်းနီမျိုးစုံကို အနီရောင်မှ အနက်ရောင်ထိ အရောင်အမျိုးမျိုး ခြယ်သလာတာ ကို တွေ့ရ ပါတယ်။ နူးညံ့ပြီးချောမွေ့တဲ့ စိုစိုလက်လက် သဘာဝအတိုင်း လှပနေတဲ့ နှုတ်ခမ်းသားတွေကို ပိုင်ဆိုင် လိုရင် အောက်ပါအချက်များကို လိုက်နာကြည့်ပါ။
လှပသောနှုတ်ခမ်းလေးများ ရရှိလာအောင် ပြုလုပ်နိုင်သော အချက်များ
သင့်နှုတ်ခမ်းလေးတွေ မဲခြောက်ခြောက်ဖြစ်လာပြီဆိုရင် နှုတ် ခမ်းနီဆိုးတာရပ်လိုက်ပါ။ ဒန်းရွက်အရည်ကို လက်ညှိုးလေးဖြင့်ကော်ပြီး လက်ဖဝါးထဲအနည်းငယ်ထည့်ပါ။ ပြီးရင် မာဂျရင်း သို့မဟုတ် ထောပတ် အဖြူကို အနည်းငယ်သာကော်ပြီး ဒန်းရွက်အရည်ထဲထည့်ကာ မွှေပါ။ ပြီးမှ နှုတ်ခမ်းကိုသုတ်လိမ်းပေးပါ။ နှုတ်ခမ်းသားတွေ ပန်းသွေးရောင် လက်လာပါလိမ့်မယ်။ တတ်နိုင်ရင်တော့ ပွဲလမ်းသွားစရာရှိမှ နှုတ်ခမ်းနီ ဆိုးတာ အကောင်းဆုံးပါ။
နောက်တစ်မျိုးကတော့ နှုတ်ခမ်းသားလေးတွေက သဘာဝအတိုင်း လှနေသလိုဖြစ်ချင်တယ်ဆိုရင် နှင်းဆီပန်း နီနီရဲရဲကြီးတစ်ပွင့်ရဲ့ ပွင့်ချပ်လေးတွေကို ချွေလိုက်ပါ။ ထိုပွင့်ချပ်နီနီရဲရဲတွေကို ဂီး လို့ခေါ်တဲ့ ထောပတ်တစ်မျိုးနဲ့ ရောချေပေးပါ။ ပြီးရင် နှုတ် ခမ်းသားလေးတွေပေါ် ၁နာရီခန့် လိမ်းထားပေးပါ။ ပြီး နောက် ရေနဲ့ဆေးချပစ်ပါ။ထိုကဲ့သို့ နေ့စဉ်လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းသားလေးတွေ စိုလက်နူးညံ့လာပါ လိမ့်မယ်။
နှုတ်ခမ်းသားလေးတွေ ခြောက်သယောင်းလာပါက ဗာဒံစေ့ကိုထောင်းပြီး ပျားရည်နှင့် နယ်ကာ နှုတ်ခမ်း လေးတွေပေါ် သုတ်ပေးပါ။ ပြီးရင် လက်ချောင်းလေးများဖြင့် အသာအယာနှိပ်နယ်ပေးပါ။ ညစဉ် ထိုကဲ့သို့ ပြုလုပ်ပေးနိုင်ပါတယ်။ ထိုသို့ နေ့စဉ်မှန်မှန် ပြုလုပ်သွား ပါက နှုတ်ခမ်းသား ခြောက်သွေ့ခြင်းမရှိတော့ပါ။
လက်ကိုင်ပဝါပေါ်မှာ ပေါင်ဒါမှုန့် အနည်းငယ်ဖြူးပြီး ထိုလက်ကိုင်ပဝါအား သင့်နှုတ်ခမ်းသားလေးတွေ ပေါ် မှာ ဖိဖိပေးပါက နှုတ်ခမ်းသားလေးတွေ စိုလက်ချောမွေ့လာပါလိမ့်မယ်။ ထိုသို့ နေ့စဉ်ပြုလုပ်ခြင်းဖြင့် သင့် နှုတ်ခမ်းသားလေး တွေအားသဘာဝအတိုင်း စိုလက်နေအောင် ထိန်းထားနိုင်ပါပြီ။
နှုတ်ခမ်းအမြဲ ခြောက်သွေ့တတ်သူ ဖြစ်ပါက သံလွင်ဆီနှင့် ဗက်စလင်းတို့ကို ရောမွှေပြီး နှုတ်ခမ်းလေး တွေပေါ် တစ်နေ့ကို ၃ကြိမ်မှ ၄ကြိမ်အထိ သုတ်လိမ်းပေးပါ။ ထိုသို့မှန်မှန်လေးလုပ်ပေးပါက နှုတ် ခမ်းသား ခြောက်သွေ့ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။
ရေ၊ ပျားရည်၊ ဂလစ်ဆရင်း၊ ဗာဒံစေ့ဆီတို့ကို ဆတူရောပြီး ပုလင်းလွတ်တစ်ခုမှာ ထည့်ကာ သမသွား အောင် ပုလင်းကို လှုပ်ရမ်းပါ။ နေ့စဉ် နှုတ်ခမ်းအား ထိုအရည်ကို သုတ်လိမ်းပေးပါ။ ညမအိပ်ခင် Lip Balm လိမ်းပေးပါ။ နှုတ်ခမ်းတွေ မဲခြောက်လာပါက သံပရာရည်ကို ဂလစ်ဆရင်းနှင့်ရောကာ နှုတ်ခမ်းအား သုတ် လိမ်းပြီး တစ်ညလုံးထားပါ။ မနက်မှ မျက်နှာသစ်ရင်း ဆေးကြောပစ်ပါ။
နောက်တစ်နည်းကတော့ ကျိုပြီးသားအုန်းနို့ စားပွဲတင်ဇွန်း၂ဇွန်းထဲသို့ ပျားဖယောင်း စားပွဲတင်ဇွန်း တစ်ဝက်ခန့်ရောပြီး အပူပေးပါ။ ပြီးရင်အအေးခံပြီး နှုတ်ခမ်းများကို သုတ်လိမ်းပေးနိုင်ပါတယ်။ ဒီလောက် ဆိုရင်တော့ ပျိုမေတို့လည်း နှုတ်ခမ်း သားတွေ ခြောက်သွေ့မနေအောင် ဂရုစိုက်လို့ရပြီထင်ပါတယ်…။ ။
Credit - shwe beauty(Link)

ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

လည်ချောင်းနာချိန် သက်သာစေရန် လုပ်ဆောင် နည်းများ

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်


အခုလို အအေးမိ တုပ်ကွေးဖြစ်သူ များပြားချိန်မှာ လည်ချောင်းနာတဲ့ ဝေဒနာရှင်တွေ အများအပြား ရှိကြပါတယ်။ လည် ချောင်းနာနေချိန်မှာ ပူစပ်ပူလောင် ခံစားရသလို အစာတစ်ခုခု မျိုလိုက်တိုင်း လည်ချောင်း နာကျင်နေတတ် ပါတယ်။ လည်ချောင်း နာတာက အများအားဖြင့် ဗိုင်းရပ်စ်ပိုးဝင် တာကြောင့် ဖြစ်တတ် ပြီး အများအားဖြင့် စိုးရိမ်စရာ မရှိပါဘူး။ ခံရခက်တဲ့ ဝေဒနာကို အောက်ပါနည်းတွေနဲ့ ကုသပါ။
လည်ချောင်း စိုစွတ်နေပါစေ
လည်ချောင်း ယားယံမှုဝေဒနာ သက်သာစေဖို့ စိုစွတ်အောင် ထားပါ။ နံနက်ခင်းမှာ လည်ချောင်းနာ ဝေဒနာက ပိုဆိုးတာကို သတိထားမိပါသလား။ တစ်ညလုံး အရည်သောက်သုံးမှုနည်းတဲ့ အတွက် လည်ချောင်းခြောက်ပြီး နာကျင်နေလို့ ဖြစ်ရတာပါ။ အရည် များများသောက်ပေးဖို့ အရေးကြီးပါတယ်။
ငုံဆေး ငုံပါ
ငုံဆေး (lozenges) ဒါမှမဟုတ် သကြားမပါတဲ့ သကြားလုံး အမာကို ဝါးတာကြောင့် တံတွေးထွက်နှုန်းကို လှုံ့ဆော်ပေးနိုင်ပြီး လည်ချောင်းကို စိုစွတ်စေပါတယ်။
အကိုက်အခဲ ပျောက်ဆေးသောက်ပါ
လည်ချောင်းနာပြီး တစ်ကိုယ်လုံး ကိုက်ခဲနေရင် ပါရာစီ တမော၊ အိုင်ဗျူပရိုဖန်တို့လို အကိုက်အခဲပျောက်ဆေးကို သောက် ပါ။ ဒါပေမဲ့ ကလေးငယ်တွေကို အက်စ်ပရင် မတိုက်ပါနဲ့။
လည်ချောင်းနာချိန် ကြာလျှင် ဆရာဝန်နှင့်ပြပါ
လည်ချောင်းနာတဲ့ ဝေဒနာက အလွန်ဆိုးရွားနေရင် ဒါမှမ ဟုတ် ရက်အနည်းငယ်ကြာတဲ့အထိ မပျောက် ရင်၊ အဖျားကြီးတာ နဲ့ တွဲဖြစ်ရင် ဘက်တီးရီးယား ပိုးဝင်တာကြောင့် ဖြစ်နိုင်တဲ့အတွက် ပဋိဇီဝပိုးသတ် ဆေးကို မှီဝဲဖို့ လိုအပ်နေပါပြီ။ ဒီအခြေအနေမှာ ဆရာဝန်နဲ့ ပြပါ။
လည်ချောင်းနာ သက်သာစေရန်
- သံပရာရည် ခတ်ထားတဲ့ ရေနွေးကြမ်း ပူပူတစ်ခွက် ဒါမှမဟုတ် စွပ်ပြုတ်ပူပူကို သောက်ပါ။
- ငုံဆေးငုံပြီး လည်ချောင်းစိုစွတ်အောင် လုပ်ဆောင်ပါ။
- အိပ်ရေးဝ၀အိပ်ပါ။
- အိပ်နေစဉ် အခန်းထဲမှာ လေထုစိုထိုင်းဆ များစေတဲ့ စက်ကို တပ်ဆင်ထားပါ။ လေထုကို စိုစွတ်စေပြီး လည်ချောင်းနာ သက် သာစေပါတယ်။
Good Health
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

Saturday, September 7, 2013

သင့်ဦးနှောက် စွမ်းရည် ကောင်းစေနို်င်သည့် နည်းလမ်းများ

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
မှတ်ဥာဏ် ပိုကောင်းချင်သလားပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချလိုသလား၊ စာသင်တဲ့အခါ ပိုပြီးလိုက်နိုင် လိုပါသလား၊ သင်ရဲ့ ဦးနှောက် စွမ်းရည်ကိုပိုပြီးကောင်းမွန်စေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာရှိပါ တယ်။
(၁) သင်ကြားရပိုလွယ်ကူစေဖို့ ချရေးပါ
အတန်းတက်တာပဲ ဖြစ်ဖြစ်၊ ဟောပြောပွဲနားထောင်တာပဲ ဖြစ်ဖြစ်၊ ရှေ့က ဆရာ/ ဟောပြောသူတွေ ပြောတဲ့ အကြောင်းအရာတွေကို ဒီအတိုင်းနားထောင်မယ့် အစားစာရွတ် လွတ်ထဲမှာဘောပင်နဲ့ ချရေးကာ လိုက်မှတ်ပါ။ Laptop ဒါမှမဟုတ် Tablet တို့၊ I-pad တို့ထဲမှာစာရိုက်ကာမှတ်တာထက်စာရင် လက်ရေးနဲ့ ရေးမှတ်တာကအသေးစိတ်အချက်အလက်တွေကိုပိုမှတ်မိလွယ်စေသလိုအချိန်ကြာကြာလည်းမှတ်မိစေပါတယ်။
ဘာကြောင့်လဲ
ဘောပင်ကိုစာရွတ်ပေါ်တင်လိုက်တဲ့ လက်ရဲ့ လှုပ်ရှားမှုကဦးနှောက်ရှိသင်ကြားရေး ဌာန အစိတ်အပိုင်း ကိုလှုံ့ဆော်လိုက်တာကြောင့် အချက်အလက်တွေကိုပိုလွယ်ကူစွာမှတ်ယူနိုင်တာပဲ ဖြစ်ပါတယ်။ စာလုံး တစ်လုံးချင်းကိုသေချာအချိန်ယူရေးပါကအဲဒီစာလုံးကိုပိုပြီးမှတ်ရလွယ်ကူပါတယ်။
လက်ဟန် ခြေဟန်ကိုလည်းသုံးပါ
လက်ဟန်ခြေဟန် အသုံးပြုပြီးစိတ်ထဲပုံဖော်ကြည့်တာကလည်းအချက်အလက်တွေကိုပိုမှတ်မိစေပါတယ်။ ဥပမာအားဖြင့် ကားမောင်းဖို့ လမ်းကြောင်းမှတ်တဲ့အခါ ညာဘက် ကွေ့ရမယ့်နေရာမှာညာဘက်ကို လက်ညှိုး ထိုးပြီး မှတ်တဲ့အခါ ပိုမှတ်မိစေပါတယ်။ ဦးနှောက်ကစာကြောင်းတွေထက် စာရင် ပုံရိပ်ကိုပိုမှတ် မိတတ်ပါတယ်။
(၂) မှတ်ဥာဏ်ထက်စေဖို့ စကားပြောပါ
နာမည်တွေ၊ နေ့စွဲတွေ၊ နံပါတ်တွေကိုသတိမမေ့ဘဲမှတ်မိနေစေမယ့် လျှို့ဝှက်ချက်ကတော့ သူငယ်ချင်း တွေနဲ့ စကားစမြည်ပြောဆိုတာပါပဲ။ စကားကိုစိတ်ပါလက်ပါ ပြောသူတွေဟာဦးနှောက်ကောင်းစေတဲ့ ဂိမ်းကစားနည်းတွေကိုအချိန်ကြာကစားသူတွေလောက် မှတ်ဥာဏ်ကောင်းတာကို လေ့လာချက်တစ်ခု အရ တွေ့ရပါတယ်။ တစ်နေ့ကိုဆယ်မိနစ်လောက် စိတ်ပါလက်ပါ စကားပြောဆိုရုံနဲ့ တိုးတက်မှုရှိတာကို တွေ့ရပါလိမ့်မယ်။
ဘာကြောင့်လဲ
ဥာဏ်ကစားနည်းတွေလိုပဲစကားပြောဆိုခြင်းက မှတ်ဥာဏ်ကိုထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းကို လှုံ့ဆော်ပေးပါတယ်။ ဒီအစိတ်အပိုင်းတွေကိုများများအသုံးပြုလေမှတ်ဥာဏ် ပိုကောင်းလေပါပဲ။
အပေါင်းအသင်းများလေကောင်းလေ
သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများသူတွေဟာဦးနှောက်ရှိမှတ်ဥာဏ်ထိန်းပေးတဲ့ အာရုံစူးစိုက်စေတဲ့ သူများရဲ့ စိတ်ခံစားချက်တွေကိုသိစေတဲ့ အစိတ်အပိုင်းပိုကြီးကြောင်းလေ့လာချက်တစ်ခု အရတွေ့ရပါ တယ်။ ဒါကြောင့် မိတ်ဆွေအပေါင်းအသင်းနယ်ပယ် ချဲ့ထွင်ပါ။
(၃) ဦးနှောက်အိုမင်းမှု လျော့ကျစေဖို့ ဘလူးဘယ်ရီစားပါ
အာဟာရပြည့်ဝတဲ့ ဘလူးဘယ်ရီသီးတွေကဦးနှောက်ကိုကာကွယ်ပေးပါတယ်။ တစ်နေ့ကိုဘယ်ရီသီး လက်တစ် ဆုပ်စာလောက် တစ်လစားပေးရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဥာဏ် လျော့နည်းကျ ဆင်းမှုကိုသက်သာစေပါတယ်။
ဘာကြောင့်လဲ
ဘလူးဘယ်ရီသီးတွေမှာဦးနှောက်ဆဲလ်တွေ ဆက်သွယ်မှု ကောင်းစေနိုင်တဲ့ Anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့်ပါ။
အစေ့အဆန်လည်းစားပေးပါ
ကောင်းမွန်တဲ့ HDL ကိုလက်စထရောများသူတွေဟာအယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ ဒါကြောင့် HDL ကိုလက်စထရောများစေနိုင်တဲ့ အစေ့အဆန်လေးတွေကို များများစားပေး သင့်ပါတယ်။
(၄) အလုပ်ပြီးစေဖို့ လေချွန်ပါ
အလုပ်လုပ်ရင်းလေချွန်တာဟာအလုပ်ကိုအနှောင့်အယှက် မဖြစ်စေတဲ့အပြင် အလုပ်တောင် ပိုပြီး စေကြောင်း သိရပါတယ်။ စိတ်ဖိစီးမှု များစေနိုင်တဲ့ အလုပ်ကိုလုပ်ရာမှာလေလေးတချွန်ချွန်၊ သီချင်းလေး တညည်းညည်းလိုစဉ်းစားစရာမလိုဘဲအလိုလိုလုပ်မိနေတဲ့ အပြုအမူတွေကို လုပ်သူတွေဟာအလုပ်ထဲမှာပဲ အာရုံအားလုံးစူးစိုက်ထားသူတွေထက် စာရင် အလုပ်ပိုပြီးတာကိုတွေ့ရပါတယ်။
ဘာကြောင့်လဲ
အလုပ်တစ်ခုထဲမှာပဲဦးနှောက်ကိုအားကုန်ထည့်ထားပါကအချက်အလက်တွေ ပိုလျှံ ကျလာနိုင်ပါတယ်။ ဒါပေမဲ့ လေချွန်တာ၊ သီချင်းညည်းတာလိုအာရုံလွှဲတဲ့ အရာနဲ့ တွဲလုပ်ပါက ဦးနှောက်က တစ်ချိန်ထည်းမှာပဲ အချက်အလက်တွေကိုနည်းနည်းစီခွဲမှတ်တာကြောင့် ပိုပြီးအလုပ်ပြီးပါတယ်။
သစ်ပင်တွေရဲ့ အကူအညီလည်းယူပါ
ပန်းခြံထဲလမ်းထွက်လျှောက်တာ၊ ဓာတ်ပုံထဲရှိစိမ်းလန်းစိုပြည်နေတဲ့ ရှုခင်းတွေကိုငေးကြည့် တာကလည်း အလုပ်ကိုပိုပြီးစေပါတယ်။ သစ်ပင်၊ ပန်းမန်တွေရဲ့ ပုံတွေကစိတ်ဖိစီးတင်းကျပ်မှုကိုလျော့ကျစေလို့ပါ။
(၅) ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အိပ်ချိန် ၇ နာရီရှိပါစေ
ညဘက်အိပ်ချိန်ကအနည်းဆုံးခုနှစ်နာရီရှိဖို့ လိုပါတယ်။ ဒါမှသာအိပ်ရေးဝပြီးအိပ်မက်မက်စေတဲ့ REM Sleep အဆင့်ကိုအပြည့်အဝရမှာပါ။ ဒါဟာအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်တဲ့အခါ ဒီအဆင့် ရောက်တဲ့ သူတွေဟာအိပ်ရေးမဝကာအိပ်မက် မက်သူတွေထက်စာရင် တီထွင်ဖန်တီးမှု ဥာဏ်နဲ့ မှတ်ဥာဏ် ပိုကောင်းတာကြောင့်ပါ။ ဒီဥာဏ်တွေ ပိုကောင်းမှလည်း ပြဿာနာတွေ ပိုဖြေရှင်းနိုင်မှာပါ။
ဘာကြောင့်လဲ
အချက်အလက်တွေကို ပြန်ပြီးမှတ်မိစေသလိုအနာဂတ်မှာလည်းစိတ်ကူးစိတ်သန်းပိုကောင်းစေနိုင်တာကြောင့်ပါ။
အခြားဦးနှောက်စွမ်းရည် တိုးစေသောအရာများ
-ဆုံးဖြတ်ချက်မြန်စေဖို့ ဟင်းနုနယ်စားပါ
ဟင်းနုနယ်၊ ဂေါ်ဖီထုပ်၊ မုန်လာဥတို့မှာဦးနှောက်ဆီသွေးစီးဆင်းမှု မြန်စေတဲ့ နိုက်ထရိတ်ဓာတ်တွေ ပါရှိပါတယ်။
-ဥာဏ်ကောင်းစေဖို့ ကော်ဖီချိုချိုသောက်ပါ။
ကော်ဖီမှာသကြား ထည့်သောက်ပါ။ ဒါမှမဟုတ် ဘလက်ကော်ဖီ ကြိုက်ရင်လည်းကွတ်ကီးတစ်ခုခုနဲ့ တွဲ စားပါ။ ကဖင်းနဲ့ သကြားတွဲပြီးစားသောက်တာက ဦးနှောက်ဆဲလ်တွေကို အားဖြည့်ကာ ဦးနှောက်စွမ်းအား ပိုကောင်းစေပါတယ်။
-အိုင်ဒီယာသစ်တွေ ထွက်ဖို့ လမ်းလျှောက်ပါ
ခန္ဓာကိုယ် ချွေးထွက်ပြီး နှလုံးခုန်မြန်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကဦးနှောက်ကိုလှုံဆော်ကာ အလုပ်ပို လုပ်စေတာကြောင့် ဖန်တီးနိုင်မှု စွမ်းရည်တွေ ပိုပြီးထွက်ရှိစေပါတယ်။
Pi Xell
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

Wednesday, September 4, 2013

မာလကာ အသီးနှင့် အရွက်၏ ကျန်းမာရေး အသုံးဝင်ပုံများ

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်


(၁) မာလကာသီးကို တဝက်လှီးပြီး အစေ့များဖယ်၍ ဖျော်ရည်စက်နှင့် ကြိတ်ပါ။ အုတ်ဂျုံ လက်ဖက်ရည်ဇွန်း (၂)ဇွန်းနှင့်ရော၍ ပျစ်သွားအောင် လုပ်ပါ။ ချွေး ပေါက်များကျယ်ခြင်းမှ ကာကွယ် နိုင်သည့်မျက်နှာဖုံးမျိုး ရရှိစေရန် မာလကာရွက် ၂/၃ ရွက်ကို ရော၍ကြိတ်ပါ။ အုတ်ဂျုံ မလွယ်ကူ ပါက အလားတူနို့မှုန်ကို ထည့်ပြီး မျက်နှာဖုံး (mask) ပြုလုပ်ပေးပါ။ ဝက်ခြံနှင့် အမည်းစက်များကို ပျောက်ကင်းစေနိုင်သည်။
(၂) မာလကာသီးကြိတ်ထားသော အနှစ်ကို လိမ္မော်သီး လတ်လတ်ဆတ် ဆတ်နှင့်ရောပြီး (၁၀) မိနစ် ခန့်ထား ပြီးမှ မျက်နှာသစ်ပါ။ လိမ်းရာတွင် မျက်နှာတပြင် လုံးပျံ့နှံ့ပါစေ။ ဤသို့ မျက်နှာပေါင်းခြင်းက နုပျို စေပြီး အရေးအကြောင်းများကို သက်သာ စေသည်။
(၃)မာလကာရွက်(၂)ရွက်ကို ကြိတ်ပြီး နို့လက်ဖက်ရည်ဇွန်း (၂)ဇွန်း စာဖြင့် ပျစ်သွားအောင် ပြုလုပ်ပါ။ မျက်နှာ ၊ လည်ပင်းတို့ကို လိမ်းပြီး (၁၅) မိနစ် ခန့်ထားပြီးမှ ရေဆေးပါ။
(၄) အသားတင်းပြီးချော စေရန် မာလကာသီးကြိတ်ရည်ကို ငှက်ပျော သီး၊ ရေအနည်းငယ်နှင့် လိမ်းပေးပါ။
(၅) မုန်လာဥနီ၊ မာလကာရွက်(၁) ရွက်ကိုရော၍ ရေအနည်းငယ်ထည့် ပြီးလိမ်းပေးပါ။ နူးညံ့ချောမွတ်သော အသားအရေ ကို ရရှိပြီး မျက်နှာပြင်ရှိ အသားမညီဘဲ ဖြစ်ပေါ်နေသည့် အမည်းကွက် များကို တဖြည်းဖြည်း လျော့ပါးသွားစေသည်။
ဒေါန
Health Updates Journal
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

Thursday, August 22, 2013

ပျိုမေတို့အတွက် အစားအစာ (၁၀) မျိုး

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် ကွန်မန်.ချန်ခဲ.ပါနော် ဘလော.ကာများရဲ. ခွန်အားပါ ပျော်ရွှင်ပါစေ

ပျိုမေတို့အတွက် အစားအစာ (၁၀) မျိုး

ပျိုမေတို့အတွက် အစားအစာ (၁၀) မျိုး

ဖတ်ဖြစ်ခဲ့တဲ့ ဆောင်းပါး လေးတွေ ထဲကနေပြီး မိန်းကလေးတွေ အတွက် သင့်တော်မယ် ထင်တဲ့ ကျန်းမာရေး ဆိုင်ရာ ဟုသုတအကြောင်းလေးကို   ဖော်ပြပေးချင်ပါတယ်။အမျိုးသမီး လေးတွေဟာ နောင်တစ်ချိန်ဆို အိမ်ထောင် သားမွေးမှုနဲ့ အသက်အရွယ် အရ ကျန်မားရေး ချို့ယွင်းမှု့ ပြသနာတွေကို ရင်ဆိုင် ရမှာပါ။ ဒါကြောင့် ကျန်းမာရေးနှင့် ညီညွှတ်စေမဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အလွယ်တကူ ရရှိနိုင်တဲ့ အစားအစာ (၁၀)မျိုးကို ဝေမျှ ပေးလိုက် ပါတယ်နော်…
(၁) ချောကလက်အညို
စိတ်ဖိစီးမှု များတာနဲ့ တခြား ရောဂါတွေကို တားဆီ ပေးပါတယ်။ ဥရောပ သုတေသီတွေက ချောကလက် အညိုကို တစ်နေ့တစ်အောင်စခွဲနဲ့ နှစ်ပတ် စားပေးတာက စိတ်ဖိစီးမှု ဟော်မုန်းဖြစ်စေတဲ့ ကော်တီ စောထွက်တာကို လျော့နည်း စေတယ်လို့ ဆိုပါတယ်။ ကော်တီစောက သွေးပေါင် တိုးစေပြီး စိတ်ဓါတ် ကျတာ၊ အ၀လွန်တာ၊ နှလုံးရောဂါ တွေကို ဖြစ်စေပါတယ်။
(၂)မှို
ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အင်တီ အောက်ဆီးဒင့်တွေ ရရှိနိုင်ပါတယ်။ တစ်နေ့ကို မှိုတစ်အောင်စရဲ့ သုံးပုံတစ်ပုံ စားပေးပါက ရင်သား ကင်ဆာ ရောဂါ ဖြစ်ပွားတာကို 64% လျော့နည်း စေတယ်လို့ ဆိုပါတယ်။
(၃)ဆာဒင်းငါး
နှလုံးရောဂါကို ကာကွယ် ပေးပါတယ်။ အိုမီဂါ ဓါတ်ကြွယ်ဝ တာကြောင့် ရောင်ရမ်းမှု တွေကို လျော့နည်းစေပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါ့အပြင် သွေးခဲတာ၊ လေဖြတ်တာကို ကာကွယ်ပေးပြီး သွေးကြောတွေကို ပျော့ပျောင်း စေပါတယ်။ ဆာဒင်းငါး သုံးအောင်စ စားပါက 1.3g ရှိတဲ့ အိုမီဂါကို ရရှိစေပါတယ်။
(၄)ထောပတ်သီး
ဝမ်းဗိုက်က အဆီတွေကို လျှော့ချ ပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မပြည့်ဝဆီတွေက ကိုယ်အလေးချိန် ကျအောင် စွမ်းဆောင် ပေးပါတယ်။ တစ်နေ့ စားသုံးတဲ့ အစားအစာတွေရဲ့ 23%ကို မပြည့်ဝဆီတွေ ပါဝင်တဲ့ အစားအသာ စားပေးပါက ၀မ်းဗိုက်က အဆီတွေ လျော့ချနိုင်ပြီး ကိုယ်အလေးချိန် 5ပေါင်ထိ လျော့နည်း စေတယ်လို့ ဆိုပါတယ်။
(၅)ငရုပ်ပွသီး
မျက်ကြည်လွှာ ရောဂါ မဖြစ်အောင် ကာကွယ်ပေး ပါတယ်တဲ့။ အသက်အရွယ်ရ လာတဲ့အခါ မျက်ကြည်လွှာ ပျက်စီးတာ၊ မျက်စိတွင်း တိမ်ဖြစ်တာ အမြင်အာရုံ ထိခိုက်တာကို ကာကွယ် ပေးပါတယ်။ လူတင်း၊ ဇီဇန်သင်း၊ ဗီတာမင်စီ ကြွယ်ဝတဲ့ ငရုတ်ပွသီးက အမြင်အာရုံ စူးရှစေဖို့ ထိန်းသိမ်း ပေးပါတယ်။
(၆)အစိမ်းရာင်ပန်းဂေါ်ဖီ
မျက်နှာပေါ်မှာ ရှိတဲ့ အရေး အကြောင်းတွေကို ဖယ်ရှား ပေးပါတယ်တဲ့။ ဒါလေးကတော့ အလှအပ တွေကို ဂရုစိုက်တတ်တဲ့ အမျိုးသမီး လေးတွေ နှစ်သက်မယ်လို့ ထင်းပါတယ်နော်။ သူကတော့ ဗီတာမင်စီနဲ့ ဗီတာမင်အေကို ရရှိ စေပါတယ်။ ဗီတာမင်စီက အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ အာနိသင်ရှိပြီး ဗီတာမင် ကတော့ ဆဲလ်အသေတွေ နေရာမှာ ဆဲလ်အသစ်တွေဖြစ်ဖို့ အားပေးတယ်လေ။အရသာလေးကလဲ ကောင်း ဆေးဖက်လဲ ၀င်တယ်နော်…
(၇)အာလူး သွေးတိုး ကျစေပါတယ်တဲ့ အာလူး အရွယ်တော် တစ်လုံးက နေပြီး ကယ်လိုရီ အပြည့်အ၀ ရရှိနိုင်ပြီး ငှက်ပျောသီး တစ်လုံးကနေ ရရှိတဲ့ ပိုတက်ဆီယမ် ပမာဏကို ရရှိနိုင် ပါတယ်။

(၈)ပန်းသီး
ကိုယ်ခံစွမ်းအားကို မြှင့်တင် ပေးပါတယ်။ နလန်ထစ လူတွေဆိုရင် ပျားရည်လေးနဲ့ စိမ်ပြီး ကျွေးလိုက်ရင် လူကောင်း တစ်ယောက်လို လန်းဆန်း လာပါလိမ့်မယ်။
(၉)ဟင်းနုနွယ်ရွက်
အရိုးတွေ သန်မာစေပြီး မွေးရာပါ ချို့ယွင်းချက် မရှိတဲ့ ကလေးကို မွေးဖွား စေပါတယ်တဲ့။ နောင်တစ်ချိန်မှာ မိခင်လောင်း ဖြစ်လာပြီး အမျိုးကောင်း သားသမီးလေးတွေ မွေးဖွားပေးဖို့ အတွက်ပေါ့နော်…..
(၁၀)နွားနို့
အရိုးပါး ရောဂါကို ကာကွယ် ပါတယ်။ ကယ်စီယမ် အပြည့် အ၀ရတာကြောင့် အရိုးပါး ရောဂါကို ကာကွယ် ပေးပါတယ်။
Credit:  Good Health

အလှအပ အတွက် ခရမ်းချဉ်သီးကို ဘယ်လိုသုံးကြမလဲ…..

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် ကွန်မန်.ချန်ခဲ.ပါနော် ဘလော.ကာများရဲ. ခွန်အားပါ ပျော်ရွှင်ပါစေ

အလှအပ အတွက် ခရမ်းချဉ်သီးကို ဘယ်လိုသုံးကြမလဲ…..

အလှအပ အတွက် ခရမ်းချဉ်သီးကို ဘယ်လိုသုံးကြမလဲ…..

ပါးနုသွေး၊ နီမြန်းစေချင်ရင်
တချို့ပျိုလေးတွေရဲ့ ပါးလေးတွေဟာ နီးမြန်းပြီး နှင်းဆီရောင် သမ်းနေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ချင်ရင် ခရမ်းချဉ်သီးကို များများစားပေးပါ။ ပါးပြင်ကို ပန်းနုရောင် သမ်းရုံမျှမက အသားရည်ကို ရွှန်းစိုဝင်းလဲ့စေပါတယ်။ ခရမ်းချဉ်သီးကို ဒီအတိုင်း စားပေးရင် ပါးပြင် ပန်းနုရောင်သန်းရုံမျှမက မျက်လုံး၊ သွား၊ အရည်ပြားတွေပါ ကောင်းမွန်စေပါတယ်။
မျက်နှာသန့်စင်စေချင်ရင်
အိပ်ရာမဝင်ခင်နဲ့ အိပ်ရာထပြီး ဆယ်ငါးမိနစ်၊ စုစုပေါင်း တစ်နေ့ကို မိနစ် ၃၀ လောက် အချိန်ပေးရင် ရပါပြီ။ အိပ်ရာမဝင်ခင်မှာ မျက်နှာကို ခရမ်းချဉ်သီးတစ်ဝက်နဲ့ (တစ်လုံးကို လှီးပြီး) မျက်နှာကို ပွတ်သပ်ပေးပါ။ လည်ပင်းတစ်ဝိုက်နေရာတွေကိုပါ ပွတ်ပေးပါ။ ပြီးရင်တော့ ဆယ်ငါးမိနစ်ခန့်ထားပြီး ရေနဲ့ ပြန်ဆေးပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လုပ်ပေးပါ။ မျက်နှာကို သန့်စင်ဝင်းပစေပါတယ်။
အဆီပြန်သော အသားအရေအတွက်
ပျားရည်နဲ့ ခရမ်းချဉ်သီးဟာ အဆီပြန်တဲ့ အသားအရည်အတွက် အရမ်းကို ဆေးဖက်ဝင်တဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။ ပျားရည်တစ်ဇွန်း(လက်ဖက်ရည်ဇွန်း) နဲ့ ခရမ်းချဉ်သီး အလတ်စား အရွယ်တစ်လုံးကို ယူပြီးရောစပ်ချေနှယ်ပေးပါ။ ပြီးရင် အဲဒီ့ ပျားရည်ရော ခရမ်းချဉ်သီးရည်ကို မျက်လုံးကလွဲပြီး မျက်နှာအပြင် အနှံ့လိမ်းပေးပါ။ လိမ်းပြီး အသားထဲ စိမ့်ဝင်သွားအောင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပေးပါ။ ၁၅ မိနစ်ပြည့်မှ ရေနဲ့ ပြန်ဆေးပေးပါ။ နှစ်ပတ်လောက် လုပ်ကြည့်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် ခရမ်းချဉ်သီးနဲ့ ဓာတ်မတည့်တဲ့ သူများအနေနဲ့တော့ မသုံးပါနဲ့။
ရေနွေးပူလောင်ခြင်းနှင့် ဝက်ခြံ
ရေနွေးပူလောင်လို့ ဘေးနားမှာတစ်ခုခုနဲ့ သက်သာအောင် လုပ်စရာပစ္စည်း၊ ဆေးဝါးမရှိရင် ခရမ်းချဉ်သီးနဲ့ အုပ်ထားပေးပါ။ အပူသက်သာစေပါတယ်။ အမြန်ဆုံး သက်သာ ပျောက်ကင်း စေပါတယ်။ ဝက်ခြံကိုလည်း ပြေလျော့စေပါတယ်။
ဆံပင်အနံ့ဆိုးခြင်း
တစ်ခါတစ်လေ ကိုယ့်ခေါင်းက ဆံပင်ရဲ့ အနံ့ဟာ ဆိုးရွားနေတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ခရမ်းချဉ်သီးအရည်နဲ့ ခေါင်းကို လိမ်းပြီး မိနစ်ငါးဆယ်လောက်ထားပြီး ရေနဲ့ ပြန်လျှော်လိုက်ရင် အနံ့အသက်လည်း ကင်းပြီး ဒက်တွေပါ ပျောက်ကင်းသွားစေပါတယ်။ နောက်ပြီး ဗီတာမင်အေ ပါဝင်တာမို့ ဆံသားကို တောက်ပြောက်သန်မာစေပါတယ်။
သဘာဝရဲ့အားအင်

Wednesday, August 21, 2013

မတော်တဆ လဲတဲ့ ဒုက္ခ

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် ကွန်မန်.ချန်ခဲ.ပါနော် ဘလော.ကာများရဲ. ခွန်အားပါ ပျော်ရွှင်ပါစေ



လူ့ဘဝ သက်တမ်းမှာ အရိုးကျိုး နိုင်ခြေများတဲ့ အချိန် နှစ်ချိန်တောင် ရှိတယ်။ ပထမ တစ်ချိန်ကတော့ ကလေး ဘဝပါပဲ။ ဒုတိယ တစ်ချိန် ကတော့ အသက်ကြီးလာတဲ့အရွယ် ပေါ့။ ဒီအရွယ်တွေမှာ အရိုးကျိုးတာ အဖြစ်များလေ့ ရှိကြောင်း လူတိုင်း နားလည် သဘောပေါက် ထားကြတယ်။ ကလေးဘဝမှာ အဆော့သန်၊ ခပ် ကြမ်းကြမ်းလေးနေလေ့ရှိတဲ့ ကလေး ရော၊ နမော်နမဲ့နေတဲ့ ကလေးပါ လဲကြပြုကြ ပြုတ်ကျကြတာနဲ့ မတော်တဆ ထိခိုက်ပြီး ကျိုးလေ့ရှိ တယ်။ ဒါပေမယ့် လူကြီး ဘဝရောက် ပြီးမှ အရိုးကျိုးတာထက် ကလေးဘဝ မှာ အရိုးကျိုးတာကတော့ ရှုပ်ထွေးမှု ပိုနည်းတတ်ပါတယ်။ အသက်ကြီးလာ လေ၊ အရိုးကျိုးလွယ်လေပါပဲ။ ဒီ့အပြင် ရောဂါအခံတွေ ဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ စတဲ့ နာတာရှည်ရောဂါတွေရှိရင် အနာ ကျက်တာ၊ အရိုးအက်တာတွေမှာ နှောင့်နှေးကြန့်ကြာပြီး ပိုမိုရှုပ်ထွေး လာတတ် ပါသေးတယ်။ သွေးခဲတဲ့ ပြဿနာတွေရှိတဲ့ သူတွေမှာ ဒီလိုအရိုး ကျိုးရင် မလှုပ်မရှား နေရတဲ့ အတွက် သေါးကြောတွေ ထဲမှာ သွေးခဲတွေ ကြောင့် ပိတ်တာ၊ သွေးခဲတွေ ပြုတ် ထွက်တာတွေနဲ့ ကြီးမားတဲ့ ကျန်းမာ ရေးပြဿနာတွေပါ ရင်ဆိုင်ရတတ်လို့ အရိုးမကျိုးအောင် ကြိုတင် ကာကွယ် နေထိုင်တတ်ဖို့ လိုတယ်။
အရိုးကျိုးတဲ့ ပုံစံမှာ နှစ်မျိုးနှစ်စား ရှိတယ်။ တစ်မျိုးက ကျိုးပေမယ့် (Aligment) ကောင်းနေတယ်။ ဆိုလို တာက အရိုးတော့ ကျိုးတယ်။ သူ့ နေရာမှာပဲ အိနြေ္ဒရရလေး မပြောင်း မရွှေ့ဘဲ ရှိတယ်။ ကံဆိုးတဲ့ ကြားကပဲ သိပ်ကံကောင်း တယ်လို့ ပြောရမယ်။ အလိုင်းမင့်ကောင်းတဲ့ အတွက် ပြန် ဆက်တာမှာ မြန်မယ်၊ လွယ်မယ်။ ကျောက်ပတ်တီးလေးနဲ့ အရိုးကျိုးတဲ့ နေရာ မရွေ့မလှုပ်ရလေအောင် ထိန်း ထားပေးရုံပဲ။ ငယ်တဲ့ကလေးတွေ ဆိုရင်တော့ လက်လို နေရာမျိုးမှာ ၃ ပတ်လောက်၊ ခြေထောက်လို နေရာမျိုးမှာ ၆ ပတ်လောက်၊ ၁၂ ပတ်လောက် လိုအပ်သလို ထားကြ တယ်။ လက်က သိပ်မလှုပ်အောင် ထိန်းထားလို့ရတယ်။ ခြေထောက်က တော့ သိတဲ့အတိုင်း နဂိုက မျောက် ရှုံးလေးဆိုတော့ ကျောက်ပတ်တီးနဲ့ လည်း တလှုပ်လှုပ် ပဲကိုး။
ဒုတိယ တစ်မျိုးကတော့ အရိုး လည်းကျိုးတယ်။ အရိုးနေရာ ကလည်း ပြောင်းသွား၊ ရွေ့သွားတတ်တယ်။ အဲဒီလိုမျိုးဖြစ်ရင် အလိုင်းမင့်ကောင်းဖို့ ရွေ့သွားတဲ့ အရိုးကို သူ့နေရာလေး ပြန်ရောက်အောင် မေ့ဆေး၊ ထုံဆေး သုံးပြီး ပြန်ဆွဲ၊ သွင်း စသည်ဖြင့် ပြုပြင်ဖန်တီး၊ နဂိုပုံလေးဖြစ်လာအောင် အရိုးအထူးကုဆရာဝန်ကြီးတွေက ပုံသွင်းကုသပေးကြရပြန်တယ်။ ဒါတွေ မလုပ်ခင် အရိုးကျိုးပြီလို့ မသင်္ကာရင် ထုံးစံအတိုင်း ဓာတ်မှန်ရိုက်၊ ဓာတ်မှန် အရိုးအထူးကုဆရာဝန်တွေက ပြုပြင် ပေးကြတာ။
အရိုးကျိုးကြောင်း ဘယ်လိုသိ သလဲလို့မေးရင်တော့ အရိုးကျိုးရာမှာ ခုနက ပြောပြ၊ ရှင်းပြခဲ့သလို မတော် တဆ ထိခိုက်တဲ့ ရာဇဝင်ရှိပြီး အဲဒီလို ထိခိုက်ပြီးတာနဲ့ ကျိုးတဲ့နေရာမှာ (၁) နာကျင်ကိုက်ခဲခြင်း၊ (၂) ရောင်ရမ်း လာခြင်း၊ (၃) ပုံမှန်လုပ်ကိုင်နေကျ အလုပ်တွေ မလုပ်နိုင်တော့ခြင်းတို့ ဖြစ်လာပါတယ်။ ဥပမာ- ကလေး တစ်ယောက် တံတောင်ဆစ်လေးကို ထိခိုက်မိလို့ အဲဒီနေရာလေးရှိ အရိုး တစ်ချောင်း ချောင်းမှာ အရိုးအက် ခြင်းသော် လည်းကောင်း၊ ကျိုးခြင်း သော်လည်းကောင်း ရှိပါက ပထမမှာ ကလေးက နာလွန်းလို့ အော်ဟစ် ငိုယိုမှာပါ။ မကြာခင်မှာပဲ အဲဒီနေရာ က ရောင်ကိုင်းလာတတ်တယ်။ ကျိုး တဲ့၊ အက်တဲ့ နေရာအနည်းအများပေါ် မူတည် ပြီးတော့ ရောင်ရမ်းတာနဲ့ နာကျင်တာ အနည်းအများ ကွာခြား တယ်။ နာနေ၊ ရောင်နေတော့ ပုံမှန် လုပ်နိုင်တဲ့ ကွေးတာ၊ ဆန့်တာ၊ မြှောက်တာ မလုပ်နိုင်တော့ဘူး။ ခြေထောက်ကျိုးရင် လမ်းလျှောက်ဖို့ နေနေသာသာ ထောက်တောင် မရပ် နိုင်တော့တာ မျိုးပေါ့။
ကျိုးတဲ့ နေရာမှာလည်း အရေပြား အတွင်းထဲမှာ ကျိုးနေလို့ မျက်စိနဲ့ မမြင်ရပေမယ့် ဓာတ်မှန် ထဲမှာတော့ ထင်းခနဲပါပဲ။ တချို့အရှိန်ပြင်းပြင်းနဲ့ ကျိုးတာမျိုး ကတော့ အရေပြားကို ဖောက်ထွက်ပြီး အရိုးကြီးတောင် မမြင် ရက်စရာ ငေါထွက်နေတာမျိုးတွေ လည်း ကုသိုလ်ကံဆိုးရင် တွေ့ရတတ် ပါတယ်။ အဲဒီလိုမျိုးဖြစ်တာဟာ သိပ် အရေးကြီးတဲ့ ကွာခြားချက်ကြီးရှိတယ်။ အရိုးဟာ အရေပြားကို မပေါက်ထွက် ဘဲကျိုးတာဟာ အရေပြားကို ဖောက် ထွက်၊ ငေါထွက်လာတဲ့ အရိုးထက် သက်သာတယ်လို့ ဆိုရပါမယ်။ ဘာ ဖြစ်လို့လဲ ဆိုတော့ အရေပြားကို ဖောက်ထွက်လာတဲ့ အရိုးကျိုးမှုဟာ အရိုးကို မြင်နေရတော့ အချိန်မီ မကုသနိုင်ခဲ့ရင် ပိုးဝင်ရောက်ခံရမှု အ္တရာယ် အလွန်များလှတယ်။ ဒါ့ကြောင့် ဒီအချက်တွေကို သိထားသင့်ပါတယ်။
ဒါပေမယ့် အရိုးကျိုးတာ ဆိုးဝါး မှုဟာ ကျိုးတဲ့နေရာနဲ့ ဘယ်လောက် ထိခိုက်ပျက်စီးမှုရှိလဲဆိုတာရယ်၊ ကျိုး တဲ့နေရာတစ်ဝိုက်ရှိ တစ်သျှူးတွေ အပေါ် မူတည်တယ်။ သိပ်ကိုဆိုးဝါး တဲ့ အရိုးဒဏ်ရာမှာတော့ အသေ အချာမကုသရင် အသက်အ္တရာယ် တောင် ဖြစ်နိုင်ပါတယ်။

ဒေါက်တာရည်ညွန့်မေ
BY HEALTH DIGEST