Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ
Showing posts with label ဟာသမှတ်စု. Show all posts
Showing posts with label ဟာသမှတ်စု. Show all posts

Friday, May 2, 2014

100 ရာခိုင်နှုန်း အောင်မြင်မည် How To Hack Fb :P

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် သယ်ရင်းတို့ရဲ့ မိတ်ဆွေတွေကိုလည်း ဆိုဒ်လေးကို လာလည်ရန် ဖိတ်ခေါ်ပေးပါအုန်း လိုအပ်သည်များကို Cbox တွင် ပြောကြားခဲ့ပါ ပျော်ရွှင်ပါစေ



ဆိုဒ်က Host ပြောင်းတာ ဟက်ဂါ ကြီး ကြောက်လို့လေ ဟီး :D database ကို backup ပြန်မဆွဲမိလိုက်ဘူးလေ ဘာပဲ ဖြစ်ဖြစ် အဖွင့် လေးအနေနဲ့ Hacking Facebook Account လေးကိုပြောပြချင်လို့ပါ :D

အခုနောက်ပိုင်း facebook အကောင့်ဟက်ကြတာတွေ… ဟက်ခံရတာတွေခေတ်စားလာပါတယ်... အခုဖော်ပြပေးမယ့်နည်းလမ်းကတော့ သင်အလိုရှိတဲ့သူရဲ့ facebook အကောင့်ကို သေချာပေါက် hack နိုင်မယ့် နည်းလမ်းလေးဖြစ်ပါတယ်…
သတိပြုရမှာက ဒီလို hack နိုင်ဖို့အတွက် လိုအပ်မယ့် အဆင့်တိုင်းကို သင့်အနေနဲ့ သဝေမတိမ်း လိုက်နာလုပ်ဆောင်ဖို့လိုအပ်လိမ့်မယ်… ဒီနည်းလမ်းတွေကို သင့်အနေနဲ့ တလွဲအသုံးချမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လုံးဝတာဝန်မရှိကြောင်းနဲ့ ဒီနည်းလမ်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကလည်း ကျွန်တော်တို့နဲ့ လုံးဝမသက်ဆိုင်ကြောင်း ဆိုတာတွေကိုလည်း လေးလေးနက်နက်သတိပေးချင်ပါတယ်…
ဒီအချက်တွေကိုလက်ခံတယ်ဆိုရင်တော့ နည်းလမ်းအဆင့်ဆင့်ကို ကျွန်တော်တို့ လေ့လာကြည့်လိုက်ကြရအောင်..
၁) သင် hack ချင်တဲ့ တဲ့သူရဲ့ gmail account ကို သင့် gtalk တွင် add ပါ… facebook တွင်လည်း ထိုသူကို add ပြီး အချိန်ရလျှင်ရသလို hi ပါ… ထိုသူမှ ပြန် hi လျှင် အဆင့်(၁) အောင်ပြီဖြစ်သည်…
၂) ခင်မင်ရင်းနီးအောင် ပြောဆိုပေါင်းသင်းပါ… ထိုသူမှ အသက်အရွယ်မကွာဘဲ သင်ကမိန်းကလေးဖြစ်ပါက ထိုသူမှ ပြန် Q လာလျှင် ရေလာမြောင်းပေးလုပ်ပါ… သင်ကယောက်ျားလေးဖြစ်ပါက အတင်းဝင်ရောပါ… Q ပါ… ဤအဆင့်လုပ်ဆောင်ရန် အခြေအနေမထူးလျှင် အဆင့်(၄) သို့တိုက်ရိုက်သွားပါ…
၃) အဆင့်(၂)အတိုင်းလုပ်ဆောင်၍ သမီးရည်းစားဖြစ်သွားလျှင်... မိမိအသုံးမပြုသော facebook account တစ်ခုဖြင့် password ချင်း အလဲအလှယ်ပြုပြီး ချစ်သက်သေပြလိုက်ပါ… သင့်ကျွမ်းကျင်မှုအပေါ်မူတည်၍ဤအဆင့်တွင်ပင် အောင်မြင်နိုင်ပေသည်….
၎) အဆင့်(၃)သို့သွားရန် အခွင့်မသာခဲ့လျှင် ထိုသူနှင့် mutual friend များများရအောင်လုပ်ပါ… မိသားစုဝင်များနှင့် ရင်းနီးအောင်လုပ်ပါ… ယခင်ရင်းနီးပြီးသူဖြစ်ပါက ပိုရင်းနီးအောင်နေပါ…
၅) အပြင်မှာ တွေ့ဖြစ်အောင်ချိန်းပါ… ယောက်ျားလေးဆိုလျှင် ဘီယာတိုက်ပါ… မိန်းကလေးဖြစ်လျှင် လက်ဆောင်ဝယ်ပေးပါ… အကြိုအပို့လုပ်ပါ…
၆) အင်တာနက်အတူသုံးဖြစ်အောင်ကြိုးစား၍ အကြောင်းအမျိုးမျိုးပြပြီး သူ့အကောင့်ကို တောင်းသုံးပါ… ယောက်ျားလေးများကို နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အမျိုးသားရေးတို့ဖြင့် ကြီးကြီးကျယ်ကျယ် မခံချိမခံသာအောင်ပြောခြင်းဖြင့်အောင်မြင်နိုင်သလို မိန်းကလေးများကို အချစ်ရေးအချစ်ရာများပြော၍ သနားအောင်လုပ်ခြင်းဖြင့် အောင်မြင်နိုင်သည်…
၇) အထက်ပါနည်းလမ်းဖြင့် မအောင်မြင်ပါက လူသူကင်းဝေးသောနေရာများ.. လူမရှိသောအချိန်များတွင် နှစ်ဦးတည်းတွေ့ဖြစ်အောင်ကြိုးစားပါ…
၈) အလစ်တွင် ဦးခေါင်းကို တုတ်ဖြင့်ရိုက်၍ ကြိုးတုပ်ပါ…
၉) အသက်မသေချင်လျှင် facebook password ပေးဟုခြိမ်းခြောက်ပါ…
၁၀) ခြိမ်းခြောက်၍မကြောက်ပါက ကြက်တောင်မွေးဖြင့် ခြေဖဝါးနှင့် နှာခေါင်းကိုကလိထိုးပြီး ထပ်တောင်းပါ…
၁၁) ထိုနည်းဖြင့်မရပါက ရှောက်သီးကို ချဉ်ပေါင်ရွက်နှင့်ရောနယ်ပြီး သံပုရာရည်ရည်ဆမ်းကာ ပါးစပ်ထဲအတင်းထည့်ကျွေးပါ... မျက်နှာရှုံ့မဲ့သွားချိန် ဓာတ်ပုံအမိအရရိုက်ပါ…
၁၂) ထိုပုံကို ဟာသ page များသို့ ပို့မည်ဟု ခြိမ်းခြောက်ပြီး password ထပ်တောင်းပါ…
၁၃) အထက်ပါနည်းလမ်းများအဆင်မပြေပါက ထိုသူ့ကို mention လုပ်ပြီး သူ့မကောင်းကြောင်းကို ပယ်ပယ်နယ်နယ်ရေး၍ ပြပါ… မကျေနပ်၍ ပြန်ရေးချင်ရင် password ပြောဟုတောင်းပါ…
၁၄) နောက်ဆုံးနည်းလမ်းမှာ အကောင့်ဆိုတာ ထပ်ဖောက်ရင် ရတာပဲ မင်းအသက်ထက်အရေးမကြီးပါဘူးဟု ခြိမ်းခြောက်၍ အစာငတ်ထားလိုက်ပါ…
၁၅) ဤအဆင့်များအတိုင်း လုပ်ဆောင်ပါက နောက်ဆုံးတွင် သင့်အနေဖြင့် facebook password တစ်ခု၊ အရူးလက်မှတ်တစ်စောင် သို့မဟုတ် အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ သေချာပေါက်ရရှိမှာဖြစ်ပါတယ်
မိမိလိုချင်သောအကောင့်များကို အောင်မြင်စွာ hack နိုင်ကြပါစေသော်…


Ko Ko Kiddo Monstar

Monday, September 23, 2013

ဆေးလောကဟာသများ

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
ဆရာဝန် : ကုတင်ပေါ်လှဲလိုက်ကျွန်တော်နည်းနည်းစမ်းသပ် ကြည့်မယ်

လူနာ (အမျိုးသမီး) : သူနာပြု ဆရာ မ လေး တစ်ယောက်လောက်ဘေးမှာ ခေါ်ထားလို့ရမလား ဆရာ?

ဆရာဝန် : ဘာလို့လဲ? အစ်မကြီးက ကျွန်တော့်ကို မယုံလို့လား?

လူနာ( အမျိုးသမီး ) : ဆရာ့ကို မယုံတာမဟုတ်ပါဘူး။
အပြင် မှာ စောင့်နေတဲ့ကျွန်မရဲ့ အမျိုးသားက ကျွန်မကိုမယုံလို့ပါ


 







ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင် ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

Friday, September 20, 2013

တော်လိုက်တဲ့ ကလေး "

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်


ရွာဘက်ကျောင်းမှ မြို့ကျောင်းပြောင်းလာသော ဘုန်းကြီးကျောင်းသားလေး
ကို စတုတ္ထတန်းတွင်ထားရန် အတန်းပိုင်ဆရာမ မှအကြံပြုသည်။

ကျောင်းအုပ်ကြီးက ၁ တန်းမှ စထားရန်ပြောသည်။နောက်ဆုံး ကလေး
အရည်အချင်းကိုမေးကာ အဖြေထုတ်ရန် သဘောတူညီလိုက်ပြီး
ဆရာမက မေးသည်။

ဆရာမ > ဆီမပါ ပျားမပါ ကောင်းလိုက်တဲ့ အရသာပေါင်ကြားထဲကဟာ အဲဒါ ဘာတုန်းသား သိလား?

ကျောင်းသား> နွားနို့ပါ ဆရာမ

ဆရာမ> အင်း အဲဒီနွားမ မှာ ၄ခုပါပြီး ဆရာမ မှ ၂ခုထဲ ပါတာ ဘာလဲ သိလား သား

ကျောင်းသား> ခြေထောက်ပါ ဆရာမ

ဆရာမ> အင်း နောက်ဆုံး မေးခွင်းမေးမယ် သားဘောင်ဘီထဲမှာ ၂လုံး
ပါပြီး ဆရာမ လုံချည်ထဲမှာ ၁လုံးမှ မပါတာဘာလဲ

ကျောင်းသား> ဘောင်းဘီအိပ်ထောင့်ပါ ဆရာမ

ဆရာမ> အင်း…… သားအဖြေမှန်တယ် ကဲဆရာကြီး ၄တန်းကိုထားလို့
ရပါပြီနော်

ကျောင်းအုပ်ကြီး> နေနေဆရာမ ၄တန်းမှာ မထားနဲ့ ကျတော် သူကို အလယ်တန်းပြောင်းအပ်ပေးမယ်။

ဆရာမ မေးခွန်းတွေ ကျတော်စိတ်ထဲ က ဖြေတာ တစ်ခုမှ မမှန်ဘူးးးးးး
ရယ်မောပျော်ရွှင်နိုင်ကြပါစေ

ဟာသလွင်ပြင်
 
 
ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင် ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင်  ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

Wednesday, September 18, 2013

မင်းသားမင်းသမီးတို.ရဲ့ ဓလေ့

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
နိုင်းနိုင်းလို
ပိုက်ဆံအတွက် ယောက်ျားကြီးကို ကောက်ယူလိုက်ရင် ကောင်းမား..

ရဲလေးလို..
အချစ်စစ်ပါဆိုပီး ပြည်ထောင်စု ၀န်ကြီး သမီး လိုမျိုး ကြံလိုက်ရင် ကောင်းမား...

မြင့်မြတ်လို..
ထုတ်လုပ်သူ အခြောက်ကုလားနဲ့ တိတ်တိတ်ပုန်း အိပ်ချုစားရင် ကောင်းမား..

ဟိန်းဝေယံလို..
မိန်းမတစ်ယောက်ကို ခိုးပြေးပီး.. အမွေမရမှန်းသိတော့ ပေါ်တင်ကြီးခွာပစ်ရင် ကောင်းမား

လွင်မိုးလို..
မင်းသားဆိုပီး ကချင်ပြည်နယ် မိုးညှင်းအနီးကရွာတွေ မှာ ရွှေတွေအကုန်တူးပစ်ပီး ချမ်းသာအောင်ပဲ လုပ်ရမလား..

စိုင်းစိုင်းခမ်းလှိုင်လို..
သူဌေးသမီး ရုပ်ချောချော ကြံရင်း လူကြီးသား ဓါးနဲ့ ထိုးခံလိုက်ရင် ကောင်းမား..

နေတိုးလို
လူမသိသူမသိ အခြောက်လုပ်ပီး သူဌေးသားလေးတွေနဲ့ ဟီးဟားလုပ်ရင် ကောင်းမား..

ပြေတီဦးလို..
မိန်းမယူပီး.. ၀တ်မှုံရွှေရည်ကို ဖက်လား ကိုင်လား.. ဖင်ပုတ် ပုခုံးဖက်ပဲ လုပ်ရ ကောင်းမား..

အို ဘာပဲ ဖစ်ဖစ်..

ကျော်ဇောဟိန်းလို
တောရုပ် အသားမဲမဲနဲ့ ရွာကားရိုက် အကယ်ဒမီမှန်းတာလောက်တော့ မလွန်ပါဘူး..

ရန်အောင်လို..
အသက်ကြီးမှ စားပေါက်ပိတ်မှာစိုးလို့.. မရှက်မကြောက်
သူငယ်ပြန်ကား ရိုက်သလောက်လည်း မဆိုးလောက်ပါဘူး

မောင်ဆေးသောက်ဖို့မမေ့နဲ့ဆိုတဲ့ နေအောင်နဲ့ ဟို စူပါကြော်ငြာတဲ့အဖိုးကြီးလို
မြေးနဲ့ သားတွေ ပြန်ကြည့်ရင် ရှက်ရလောက် အရှက်မဲ့ရင်လည်း မကောင်းပါဘူး..

နေမျိုးအောင်လို..
ဟိုကားရိုက်ပြန်ရင်လည်း မသင့်တော်ဘူး..

လူမင်းလို လှံတစ်ချောင်းကိုင်ပီ...
မိန်းမ လေးယောက် ပတ်ယူပလိုက်ရ... အင်း....

အာ့အတွေးတွေနဲ့ပဲ ..... အာ့အတွေးတွေနဲ့ပဲ ... ညည ဆို အိပ်ပျော်ပါဘူးဗျာ ...
— ခ်ခ်(copy...from.... Rikimaru )

မည်သူ့ကိုမှထိခိုက်နစ်နာလိုခြင်း အလျဉ်းမရှိပါ။ ဟာသအမြင်နှင့်သာဖတ်စေလိုပါသည်။
ဘယ်လိုပြောရမလည်းဆိုတော့
လူတော်တော်များများက Celebrity's gossip News တွေဆို မဟုတ်မှန်းသိရက်နဲ့ ဟုတ်သယောင်ယောင် ထင်တတ်ကြတယ်လေ ...
ခုလည်း ဘယ်လိုထင်ကြပါသလဲ ?
တခုတလေတော့လည်း မှန်တတ်ပါတယ် ... တခါတလေပေါ့..
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

Saturday, September 14, 2013

ခလုတ်မှန်းမသိလို့ပါ

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်ခလုတ်မှန်းမသိလို့ပါ



 

အလွန် အရှက်ကြီးသော မိန်းမပျိုလေး တစ်ယောက်၊ ငယ်သူတို့ဘာဝ ချစ်သူရည်းစား အဖြစ် လူငယ်လေး တစ်ဦးနှင့် ရည်ငံနေကြပါသတဲ့။ တစ်နေ့မှာ ချစ်သူနှစ်ဦး သာယာတဲ့ မြစ်ကမ်းဘေး သစ်ပင်ရိပ်အောက် မြက်ခင်းလေးမှာ ချိန်းတွေ့ နေကြတယ်။ သည်အခိုက်မှာ မနက်ခင်းတုန်းက ပဲကြီးလှော်သုပ်နဲ့ ကြက်သွန်ဖြူ အပြင် အဘွားရဲ့ လျှက်ဆားကိုပါ တို့မြီးခဲ့တဲ့ မိန်းမပျိုခမျာ လေလည်ချင် လာခဲ့ပါလေရော။ ခက်ပြီ။ အရှက်ကလည်းကြီး၊ ချစ်သူကလည်း အနီးမှာ အတူထိုင်နေလေများ လည်မိလိုက်လို့ကတော့ မဟာ အရှက် ဟက်တက် ကွဲတော့မှာပဲ။ လေမလည်မိအောင်အတင်းအောင့်အည်းထားရတယ်။ အောင့်ထားရလွန်းလို့ သွားတွေလည်း စိပြီး၊ ခြေမကလည်း ကွေးလို့။ အဲဒီ ကွေးနေတဲ့ ခြေချောင်းတွေနဲ့ ခြေမကို မြင်သွားတဲ့ ချစ်သူက “အချစ်ရဲ့ ခြေချောင်းလေးတွေက လှရဲ့သားနဲ့ ဘာလို့ ကွေးထား တာလဲကွယ်” လို့ ပြောပြောဆိုဆို ခြေမလေး တစ်ဖက်ကို ကိုင်ပြီး ဆန့်လိုက်တယ်။ မိန်းမပျိုမှာ အောင့်ထားလို့ မရတော့ဘဲ ကျယ်လောင် ရှည်လျားတဲ့ အသံနဲ့ လေလည်လိုက်မိသွားရော။ မိန်းမပျိုလေးဟာ မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ပြီး ရှက်လွန်းလို့ မြစ်ထဲ ခုန်ဆင်း သေမလို ဖြစ်သွားတယ်။ချစ်သူကောင်လေးဟာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ပျာပျာသလဲ ချော့မော့တောင်းပန် လိုက်တာက “အချစ်ကလေးရဲ့ အီးခလုတ်မှန်း မသိလို့ ကိုင်မိလိုက်တာပါ။ ကိုယ့်ကို ခွင့်လွှတ်ပါကွယ်။ နောက်ဆို မကိုင်မိ စေရပါဘူးနော်”တဲ့။

ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

Friday, September 13, 2013

"ဆန္ဒမစောပါနဲ့"

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်

ယနေ့အကြိုက်ဆုံး ဟာသ



မကြာမှီ ရန်ကုန်လေဆိပ်ကို လေယာဉ်ဆင်းတော့မယ်
အင်တာကွန်းကနေပြီး လေယာဉ်မှူးက နုတ်ဆက်စကားပြောတယ်...

"ခရီးသည်အားလုံး မင်္ဂလာပါ၊ ကျနော် ကပ္ပတိန်ဇော်နူပါ၊ မကြာမှီ မင်္ဂလာဒုံကွင်းကို ဆင်းသက်တော့မှာ ဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ပုဇဉ်းရင်ကွဲ လေကြောင်းလိုင်းကို အားပေးစီးနင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ပြသနာက နုတ်ဆက်စကားပြောပြီးပေမယ့် မိုက်ကရိုဖုန်းခလုပ်ကို ပြန်မပိတ်မိဘူး
ဒီတော့ လေယာဉ်မောင်းခန်းက ပြောသမျှ ခရီးသည်အားလုံး ကြားနေရတယ်
လေယာဉ်မှူးက တွဲဖက်လေယာဉ်မှူးကို မေးနေတာ... ...

"ဟကောင်ကြီး ရန်ကုန်မှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲကွ"

"လောလောဆယ် ဗိုက်အရမ်းနာနေတော့ ဟိုတယ်ကိုပြေးပြီး အိမ်သာတက်မယ် ဆရာ၊ ပြီးမှ ရေမိုးချိုးမယ်"
"ပြီးတော့ရော"

"ပြီးတော့... ခု ပါလာတဲ့ ဟို လုံးကြီးပေါက်လှလေယာဉ်မယ်ကို အခန်းလာဖို့ ချိန်းထားတယ် ဆရာ၊ အဲဒါ သူရောက်လာတာနဲ့ တညလုံးဘေမယ် ဆရာရေ့"
"ကောင်းကွာ..."

ခရီးသည်တွေက ပြုံးစိစိနဲ့ လေယာဉ်မယ်ကို ဝိုင်းကြည့်ကြတယ်
ဒါနဲ့ လေယာဉ်မယ်လည်း မဖြစ်ချေဘူး မိုက်ပိတ်ဖို့ သွားပြောမှ ဆိုပြီး ခေါင်းခန်းဆီပြေးသွားတယ်...
ဖြစ်ချင်တော့ လျှောက်လမ်းမှာ မှောက်လျှက်လဲပါလေရော
ဘေးခုံမှာ ထိုင်နေတဲ့ အဖွားကြီးတစ်ယောက်က ဆွဲထူပေးရင်း ပြောတယ်... ...

"ဖြေးဖြေးသွား သမီး၊ အချိန်ရပါသေးတယ်၊ သူအိမ်သာတက်ပြီး ရေချိုးအုံးမှာပါ"...


ဟာသဗိမာန်-ဆရာသန်


 ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

Wednesday, September 11, 2013

ရယ်စရာ ပျက်လုံး ကလေးများ.....

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်


စားသောက်ဆိုင် တစ်ခုမှာ ကောင်မလေးကို နည်းနည်းလေးပဲ ရစ်လိုက်တာ စိတ်ဆိုးသွားတယ်ဗျာ

"အော်ညီမလေး ABC ရလား"

"ဟုတ်ကဲ့ရှင် ရပါတယ်"

"အင်းဒါဆိုရင် AကနေZအထိရွတ်ပြ"

" ရှင်"

"စတာပါ ကျွဲရိုင်းရောရှိလား"

"ဟုတ်ရှိပါတယ်ရှင့်"

"ဒါဆိုသေချာခြံခတ်ထားစမ်းပါ
ကျွန်တော်ကကြောက်တတ်လို့"

"ရှင်"

"နောက်တာပါ ဟက်ဖရိုက်တစ်လုံးလောက်
ငုံးဥဟက်ဖရိုက်နော်"

"ခင်ဗျားလာနောက်နေတာလား"

"ပျော်တတ်လို့ပါ ခေါက်ဆွဲရှိသေးလား"

"ရှိသေးတယ်"

"အော် ရှိသေးရင်ဆက်ရောင်းလေ"

"ခင်ဗျားလွန်လာပြီနော်"

"စိတ်မဆိုးပါနဲ့ဗျာဟိုဟာလေထမင်းပေါင်း
ဆိုတာထမင်းအထီးနဲ့ထမင်းအမကို
မင်္ဂလာဆောင်ပေးထားတာလားဟင်"

"ခင်ဗျားဘာတွေလာပြောနေတာလဲ"

"မသိလို့မေးတာပါကြေးအိုးရလား"

"ရတယ်"(နည်းနည်းမာလာပြီ)

"ဒါဆိုသေချာဂျီးလေးဘာလေး
ပြောင်အောင်ချွတ်တိုက်ထားလိုက်နော်
ခနနေဒန်အိုးဒန်ခွက်ဝယ်တဲ့ကုလား
လွှတ်လိုက်မယ်"

"ခင်ဗျား နော်"

"ဟီး Coke ရလား"

"ရတယ်"

"အော် ရရင်ပြီးတာပဲ ကုတ်မရရင်
ကျွန်တော်ကုတ်ပေးမလို့"

"ခင်ဗျား လစ်လိုက်တော့ ရဲစခန်း
ဖုန်းဆက်လိုက်မယ် မဟုတ်ရင်"

ဒါနဲ့ ထလစ်လာရတယ်ဗျာဒါလေး
စတာကို...

Credit To ~Bully~ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ