Sharing Myanmar IT Ebooks
နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။
How to create Blog
Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။
All Mobile Device
ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Download Application and Games
Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။
Let's Share Our Knowledge
သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။
Subscribe Now!
free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ
Showing posts with label computer အကြောင်း. Show all posts
Showing posts with label computer အကြောင်း. Show all posts
Saturday, November 16, 2013
window အမြန်တင်နည်း
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
ဒီနည်းလမ်းလေးကတော့ ကွန်ပျူတာ ဝင်းဒိုးတင်တတ်ကြတဲ့ အကိုများအတွက် တော်တော်အဆင်ပြေပါတယ် ပုံမှန်အတိုင်းတင်ရင်တော့ ၁နာရီကြာတယ်ဆိုရင်တော့
ဒီနည်းနဲ့တင်ရင်တော့ ၃၀မိနစ်လောက်ပါကြာတယ် ဝင်းဒိုးတောင်တင်တတ်နေမှတော့ ပုံနဲ့ရှင်းပြနေစရာ
မလိုအပ်လောက်ဘူးထင်လို့ နည်းလမ်းလေးပဲပြေားမယ်နော် မလုပ်တတ်ရင်တော့ အောက်မှာပြေားထားခဲ့ပါ ဝင်းဒိုး drive တွေခွဲပြီးသွားလို့ upload လုပ်စတင်တဲ့အချိန်မှာ ကီးဘုပ်ကနေ shit + f10 ကိုတွဲပြီးနိပ်လိုက် အနက်ရောင် box တစ်ခုတတ်လာမယ် အဲ့ဒီအထဲမှာ taskmgr လို့ရိုတ်ထဲ့လိုက်ပါ Enter ခေါက်လိုက်ပါ box နောက်တစ်ခုထက်တတ်လာမယ် box ထဲမှ Install Window ဆိုတာကို R/C ထောက်လိုက်ပါ Go to porcess  ကိုကလစ်လိုက်ပါ  setup.exe ကို R/C ထောက်ပြီးတော့ Hight ကိုပြောင်းပေးလိုက်ပါ  change priority ကိုနှိပ်ပေးလိုက်ပါ သိသိသာသာမြန်လာတာတွေ့ရပါလိမ့်မယ်
အားလုံးအဆင်ပြေပါစေ
                                                          ဗိုလ်လှိုင်း(ဆိပ်ဖြူသားလေး)
ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင်  ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင်   ဒီမှာ ဖတ်ပါ.. .အဆင်ပြေမှာပါ
Tuesday, October 1, 2013
ကွန်ပြူတာအတွက် ဖြစ်လေ့ဖြစ်ထ ရှိသော အသေးအမွှားပြဿနာများ
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
ဒါလေးကတော့ နည်းပညာ စာအုပ်တွေကို စု့စည်းပြီးတော့
အမြဲတမ်း တင်ပေးနေတဲ့ KEE KEE ရဲ့ PDF လေးပါ
ဒီထဲမှာ ဘာတွေပါလည်းဆိုရင်တော့ ကွန်ပြူတာ စသုံးခါစ လူတွေနဲ့ စဝယ်ခါစလူတွေအတွက်
ကွန်ပြူတာ တစ်လုံးမှာ မြန်မာဖောင့် ထည့်နည်း ၊ Browser တွေမှာ မြန်မာဖောင့် မမြင်ရတာတွေ၊
Desktop Icon တွေမှာ မြန်မာဖောင့် နဲ့ကြည့်လို့ရအောင်လုပ်နည်း၊ ဝင်းဒိုး Activate လုပ်နည်း ၊
System Restore လုပ်နည်း..တော်တော် စုံစုံလေး ပုံနှင့်တကွ ရေးပြ ရှင်းပြထားပါတယ်
အခြေခံသမားတွေအတွက်တ်ာတော်လေးပြည့်စုံတယ်လို့ ပြောလို့ရပါတယ်
အခြား နည်းတွေလည်းအများကြီးပါဝင်ပါတယ်
ဒါကြောင့် သူငယ်ချင်းတို့လည်း လိုအပ်ရင် ပြန်လည် အသုံးပြု ပြန်လည်မျှဝေနိုင်အောင်
တင်ပေးလိုက်ပါတယ်
ကီးကီး မနေ့ကတည်းကတင်မလို့ပါ။ upload လုပ်ပြီးမှ ကိုကြီး Lu Zein က ပိုပြီး ကောင်းမွန်အဆင်အောင် PDF လုပ်နည်းတွေသင်ပေးပြီး အကြံ ပေးလို့ အစကနေပြန်လုပ်တော့ နည်းနည်းကြာသွားတယ်။ အသစ်စလုပ်တုန်းကထက်တောင်လက်ဝင် ခေါင်းရှုပ်သွားတယ်။ ဒါပေမယ့် လိုချင်သလို အဆင်ပြေသွားတဲ့ အတွက် ကို Lu Zein အထူးပဲကျေးဇူးတင်ပါတယ်။
ဒီ PDF လေးလုပ်ရခြင်းရည်ရွယ်ချက်မှာ အွန်လိုင်းတက်( ကွန်ပျူတာသုံး) ခါစ သူတွေ အတွက်သာဖြစ်ပါတယ်။ ပြီးရင် ကီးကီးကို နည်းပညာတွေ စလေ့လာတတ်အောင် သင်ပေးတဲ့ ဆရာတွေ Group လည်းဖြစ်ပါတယ်။ အဲဒါကြောင့် တတ်နိုင်တဲ့ဘက်က members တွေကိုကူညီတဲ့သဘောပါ။ အမှားများလိုအပ်ချက်များကို သင်ပြ ထောက်ပြပေးကြပါလို့ တောင်းဆိုရင်....
Dropbox မှာ ဒေါင်းချင်တဲ့သူတွေအတွက်>>> 
အရင်တင်တဲ့ ပုံအောက်မှာလည်း လင့်ပြန်တင်ပေးထားပါတယ်။
အားလုံးကို ခင်မင်လေးစားလျှက်
(kee kee)
 ဒီ PDF လေးအတွက်
ကိုလတ်(ကျွဲဆင်း)
ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင် ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
CMD Box ကို စာသား အရောင်လေးနဲ့ နောက်ခံအရောင်လေးနဲ့ ပြောင်းသုံးမယ်
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
CMD Box ကို စာသားအရောင်လေးနဲ့ နောက်ခံအရောင်လေးနဲ့ ပြောင်းသုံးကြရအောင်ဗျာ။ Windows ကပါတဲ့ မူရင်း CMD Box က အမဲရောင်နောက်ခံနဲ့ အဖြုရောင်စာသားနဲ့ပါ။ အဲဒါကို မိမိကြိုက်တဲ့ အရောင်နဲ့ ပြောင်းသုံးကြည့်ကြရအောင်.............
ပထမဦးဆုံး Run box ကိုသွားဖို့အတွက် Windows key နဲ့ R ကိုတွဲနှိပ်လိုက်ပါ။ Run box ပေါ်လာရင် cmd လို့ ရိုက်ထည့်ပြီး OK ပေးလိုက်ပါ။
CMD Box ပွင့်လာပါမယ်။ CMD Box ရဲ့ အပေါ်ဆုံးဘားလေးမှာ(ဘောင်လေးခတ်ပြထားပါတယ်) Right Click  ထောက်ပြီး properties ကိုနှိပ်လိုက်ပါ။
ပြီးရင် အောက်ကပုံလေးတွေအတိုင်း မိမိနှစ်သက်ရာစာသား အရောင်နဲ့ နောက်ခံ Backgroud အရောင်ပြောင်းပါ။ ပြီးရင် OK ပေးလိုက်ပါ။ 
ပြီးရင် CMD Box ကိုခေါ်ကြည့်လိုက်ပါဦး
CMD Box လေးကတော့ မိမိတို့ ရွေးချယ်ထားတဲ့ အရောင်လေးတွေနဲ့ လန်းနေပါပြီ။
 မူလအတိုင်းပြန် ထားချင်ရင်တော့ မူလအရောင်တွေပြန်ရွေးပေးလိုက်ပါ။ အဆင်ပြေပါစေ..............
ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင် ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
Tuesday, September 24, 2013
Dell Inspiron 14 3421 Drivers Free Download
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
အစ်ကိုကူညီပေးပါဦးဗျာ.... Dell Inspiron 3421 window7 driver....လေးများရှိရင်ကူညီပေးဦးနော်....
အတော်လေးအစဉ်မပြေဖြစ်နေလို့....သူ့ဆိုဒ်ထဲမှာလည်း..မရဘူးဖြစ်နေတယ်အစ်ကို...စက်က...မလေးရှားက ၀ယ်ပီးပို့လိုက်တာ....Vista..ဆိုတော့မသုံးချင်လို့ဖြုတ်ပြီး..၀င်းဒိုးပြန်တင်တော့...Driver..တိုင်ပတ်တော့တာဘဲ....
Driver Package Solution...ကလည်းမသိဘူးတဲ့ဗျာ..
..အစ်ကိုကူညီပေးပါဦးနော်......အချိန်ရရင်ပေါ့ဗျာ...
ကိုမျိုး
တခြားလိုအပ်သူများပါ အဆင်ပြေအောင် ဒီကနေပဲ ပြန်လည်လည်မျှဝေပေးလိုက်ပါတယ်ခင်မျာ ....:)
Dell Inspiron 14 3421 Drivers
Dell Inspiron 14 3421 Drivers For Windows 8
Category
Description
File Name/Download
Realtek High-Defination Audio Driver This package provides Realtek ALC3221 Audio Driver Audio_Driver
Intel Chipset Driver This package provides Intel HM77 Express Chipset Family Driverthat are running on Operating System: Win7 and Win8 Chipset_Driver
Intel Management Engine Interface Driver This package provides Intel Management Engine Interface Driverthat  Chipset_Driver
Dell Wi-Fi Driver This package provides Dell Wireless 1703 Driverthat Comm_Driver
Synaptics Touchpad Driver This package provides Dell Touchpad Driver running the following Operating Systems: Win7 and Win8 Input_Driver
Dell WiFi + BT Driver
This package provides the driver for Dell Wireless 1704 802.11b/g/n running the following operating systems: Win8
Network_Driver
Realtek Ethernet Controller Driver This package provides the driver for Realtek RTL8105E-VD Ethernet Controller running the following operating systems: Win7 and Win8 Network_Driver
Dell Wireless 1703 802.11b/g/n, BT4.0+HS Dell Wireless 1703 802.11b/g/n, BT4.0+HS_X05_WF10.0.0.200_BTv8.0.0.208  DW1703
nVIDIA Graphics Driver This package provides the driver for the nVIDIA Geforce GT625M / GT640M / GT730M Graphics Video_NV
Intel Graphics Driver This package provides the driver for Intel HD Graphics Video_Driver
Dell Inspiron 14 3421 Drivers For Windows 7
Category
Description
File Name/Download
Realtek High-Defination Audio Driver This package provides Realtek ALC3221 Audio Driver Audio_Driver
Intel Chipset Driver This package provides Intel HM77 Express Chipset Family Driver that are running on Operating System: Win7 and Win8 Chipset_Driver
Intel Management Engine Interface Driver This package provides Intel Management Engine Interface Driver Chipset_Driver
Intel USB 3.0 eXtensible Host Controller Driver This package provides Intel USB 3.0 eXtensible Host Controller Driver Chipset_Driver
Intel Rapid Storage Technology Driver This package provides the Intel Rapid Storage Technology Driver AHCI_INTEL
Synaptics Touchpad Driver This package provides Dell Touchpad Driver Input_Driver
Dell Wi-Fi + BT Driver This package provides the driver for Dell Wireless 1704 802.11b/g/n running the following operating systems: Win7 Network_Driver
Dell WiFi + BT Driver This package provides the driver for Dell Wireless 1703 802.11b/g/n Network_Driver
Realtek Ethernet Controller Driver This package provides the driver for Realtek RTL8105E-VD Ethernet Controllerrunning the following operating systems: Win7 and Win8 Network_Driver
nVIDIA Graphics Driver This package provides the driver for the nVIDIA Geforce GT625M / GT640M / GT730M Graphics Video_NV
Intel Graphics Driver This package provides the driver for Intel HD Graphics Video_Driver
Realtek Card Reader Driver This package provides the driver for Realtek Card Reader SD-Card_Driver
ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင် ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင်  ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
Monday, September 16, 2013
သင့်ကွန်ပြူတာရဲ့ Hardware Information တွေကို အသေးစိတ်ပြပေးမယ့် Speccy
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
သင့်ကွန်ပြူတာမှာပါရှိတဲ့ Hardware တွေ အကြောင်းအသေးစိတ်သိချင်ရင်တော့ Speccy ဆိုတဲ့ Freeware ကိုသုံးပါ။ နာမည်ကြီး CCleaner ရဲ့ Developers တွေက ပြုလုပ်ထားတာဖြစ်ပြီး Portable Version လည်းရှိပါတယ်။ တစ်ခြားကွန်ပြူတာက Hardware တွေကို စစ်ဆေးချင်ရင်တော့ Portable Version ကအဆင်ပြေပါတယ်။
Speccyကို Runလို့ Error Message ကျလာရင် Administrator  အနေနဲ့ Run ပေးရပါမယ်။ Run ပြီးရင် သင့်ကွန်ပြူတာရဲ့ Detailed Overview ကိုတွေ့မြင်ရမှာပါ။
Section တစ်ခုချင်းစီမှာ အသေးစိတ်အချက်အလက်တွေကိုကြည့်နိုင်ပါတယ်။ CPU panel မှာ Processor က Support ပေးတဲ့ Technology တွေရဲ့ အသေးစိတ် အချက်အလက်တွေကို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် Code Name, Family, Bus Speeds, Temperature တွေနဲ့ တစ်ခြား အချက်အလက်တွေကို တွေ့မြင်နိုင်ပါတယ်။
Graph Indicators တွေကို နှိပ်ပြီး Temperature,  Speed တွေကိုကြည့်နိုင်ပါတယ်။
RAM panel မှာတော့ Brand, Part Number, Frequency, Latencyနဲ့ တစ်ခြားအချက်အလက်တွေကို တွေ့မြင်နိုင်ပြီး RAM ထပ်စိုက်ရင်ဖြစ်ဖြစ်၊ Upgrade လုပ်ရင်ဖြစ်ဖြစ် ဒီသတင်းအချက်အလက်တွေက အသုံးဝင်ပါတယ်။
Motherboard Page မှာတော့ Chipset, BIOS တွေကို တွေ့မြင်နိုင်ပါတယ်။
Speccy က သင့် ကွန်ပြူတာရဲ့ Hardware နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အသေးစိတ်ပြပေးနိုင်ပြီး အဲဒီသတင်းအချက်အလက်တွေဟာ ကွန်ပြူတာ ပြဿနာတွေကို အဖြေရှာတဲ့ နေရာမှာ အလွန်အသုံးဝင်ပါတယ်။ ဒါ့အပြင် လက်ရှိ Hardware တွေရဲ့ သတင်းအချက်အလက်တွေကို Snapshot အနေနဲ့ သိမ်းပေးထားနိုင်ပါတယ်။အဲဒီအတွက် နောင်တစ်ချိန်မှာ ပြန်ပြီးသိရှိနိင်သလို ကွန်ပြူတာ ပြဿနာတက်တဲ့အချိန်တွေမှာလည်း Support Team တွေဆီ သတင်းအချက်အလက်တွေကို ပေးပို့နိုင်ပါတယ်။
Speccy ကို XP,Vista,2000,2003 နဲ့ Windows 7 (32 & 64-bit versions) တို့မှာ သုံးနိုင်ပါတယ်။
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
Window Server ၏ Permission များအကြောင်း
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
  အားလုံးပဲ မင်္ဂလာပါ ကျွန်တော်ကတော့ MMIT Helper မှာ ဘလော့များကို ကူညီရေးသားပေးမယ့် ကိုသစ္စာ ပဲဖြစ်ပါတယ်။ ကျွန်တော့် ဘလော့လေး www.ko-thit-sar.blogspot.com ကိုလည်း လာလည်ကြပါလို့ ဖိတ်ခေါ်ပါတယ်ဗျာ။
             ကျွန်တော် ဒီနေ့တင်ပြပေးမယ့် ပို့စ်ကတော့ ကျွန်တော်တို့တတွေ တွေ့နေကြ မြင်နေကြဖြစ်တဲ့ Window Server Permission ရဲ့ အဓိပါယ်တွေကိုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ Server တွေမှာ အတွေ့ရများတဲ့ Permission တွေထဲကတော့
1.Traverse Folder/Execute File
                အခန်းတစ်ခုထဲက ဖိုင် ဒါမှမဟုတ် folder တွေကို အခြားအခန်းထဲသို. ရွေ.ခွင့်ပေးမပေး ဖြစ်ပါသည်။Execute file ဆိုတာကြတော့ အလုပ်လုပ်တဲ့ program file တွေကို အလုပ်လုပ်ခွင့် ပေးမပေး သတ်မှတ်တာဖြစ်ပါသည်။
2. List Folder/Read Data
          List Folder ဆိုတာကျတော့ အဲ.ဒီ permission သတ်မှတ်ထားတဲ့ အခန်းထဲမှာရှိတဲ့ ဖိုင်တွေ၊အခန်းတွေကို မြင်နေရမလား၊မမြင်ရဘူး သတ်မှတ်တာဖြစ်ပါတယ်။ Read Data ဆိုတာကျမှ ဖိုင်တစ်ဖိုင်အတွင်းမှာရှိတဲ့ အချက်အလက်တွေကို ဖတ်လို.ရမှာ ဖြစ်ပါသည်။
3.Read Attributes
          Read Attributes ဆိုတာ Folder အတွင်းမှာရှိတဲ့ File တွေ Folder တွေရဲ. Attributes တွေကြည့်ခွင့်ပေးမပေး သတ်မှတ်တာဖြစ်ပါတယ်။ Attributes ဆိုတာ NTFS က သတ်မှတ်သော Read Only တို. Hidden တို.ဖြစ်ပါသည်။
4. Read Extended Attributes
          သူကျတော့ Folder အတွင်းမှာရှိတဲ့ ဖိုင်တွေ folder တွေရဲ. Extended attributes တွေကို ကြည့်ခွင့်ပေး မပေးသတ်မှတ်တာဖြစ်ပါသည်။OS က သတ်မှတ်တဲ့ Attributes မဟုတ်ဘဲ Program တွေက သတ်မှတ်တာ ဖြစ်ပါသည်။
5. Create Files/Write Data
          Create File ဆိုတာကျတော့folder အတွင်းမှာ file တွေ create လုပ်ခွင့်ရှိမရှိ write data ကျတော့ရှိပြီးသား file တွေကို save လုပ်ခွင့်ပေးမပေး သတ်မှတ်တာဖြစ်ပါသည်။
6. Create folder/Append Data
          Create Folders ဆိုတာကျတော့ အဲ့ဒီ Permisson သတ်မှတ်ထားတဲ့ အခန်းထဲမှာ နောက်ထပ်အခန်းတွေ တည်ဆောက်ခွင့်ပေးမပေး သတ်မှတ်တာဖြစ်ပါတယ်။Append Data ကျတော့ ရှိပြီးသား ဖိုင်တွေအတွင်းက Data တွေကို ပြုပြင်ခြင်း၊ Overwrite လုပ်ခြင်းများ မပြုလုပ်ဘဲ အဲ့ဒီ Data တွေရဲ.နောက်ဆုံးကနေ Data တွေထပ်ထည့်ခြင်းကို Append လုပ်ခြင်းလို.ခေါ်ပါသည်။ Append ဆိုတာ နောက်ကနေ ထပ်ထည့်တာကို ဆိုလိုတာဖြစ်ပါသည်။
7. Write Attributes/Write Extended Attributes
          Write Attributes ကျတော့ NTFS ကသတ်မှတ်ထားတဲ့ Read Only/Hidden တွေကိုပြင်ခွင့်ပေးမပေး သတ်မှတ်တာဖြစ်ပါသည်။၎င်း write ဟာ file/folder တွေတည်ဆောက်ခြင်းနှင့် မသက်ဆိုင်ပါဘူး။ Write Extended Attributes ကျတော့ program တွေကသတ်မှတ်တဲ့ attributes  တွေကို ပြုပြင်ခွင့်ပေးမပေး သတ်မှတ်တာဖြစ်ပါသည်။
8. Delete Subfolders and File
          သူကျတော့ ဆင့်ပွားအခန်းနှင့်ဖိုင်တွေကို ဖျက်ခွင့်ပေးမပေး သတ်မှတ်တာဖြစ်ပါသည်။
9. Delete
          Files and folder တွေကို ဖျက်ခွင့်ပေးမပေး သတ်မှတ်တာဖြစ်ပါတယ်။အကယ်၍ အဲ့ဒီအခန်းနှင့်ဖိုင်မှာ delete permission မရထားခဲ့ဘဲ parent ကနေ Delete subfolder and files permission ရနေခဲ့ရင် ဖျက်လို.ရနေမှာဘဲ ဖြစ်ပါသည်။
10. Read Permission
          File and Folders တွေရဲ. Permission တွေကို ကြည့်ခွင့်ပေးမပေး သတ်မှတ်တာဖြစ်ပါသည်။
11. Change Permission
          File and folders တွေရဲ. Permission တွေကို ပြုပြင်ခွင့် ပေးမပေး သတ်မှတ်တာဖြစ်ပါသည်။
12. Take Ownership
          Files and folders တွေရဲ. Owner ကိုပြောင်းလိုက်ခြင်းကို ခွင့်ပြုမပြု သတ်မှတ်တာဖြစ်ပါသည်။ဖိုင်ပဲဖြစ်စေ အခန်းပဲဖြစ်စေ ၄င်းတို.ရဲ. owner ဟာ သူပိုင်ဆိုင်တဲ့ folder ပေါ်မှာ မည်သည့် permission သတ်မှတ်ထားသည်ဖြစ်စေ permission ကို ပြန်ပြီးပြင်ဆင်ခွင့် ရှိပါသည်။
ကျွန်တော်ဟာ  လေ့လာဆဲလူငယ်တစ်ယောက်ဖြစ်လို့ ကျွန်တော်အရေး ကျွန်တော့အတွေး ကျွန်တော့်အသိအမြင်များ အမှားပါက ညီငယ်တစ်ယောက် မသိတတ်မှားလို့သာ ထင်မြင်ပီး ထောက်ပြပေးကြပါ။
                                                လေးစားစွာဖြင့်
                                                                ကိုသစ္စာ (လေ့လာဆဲ လူငယ်တစ်ယောက်) ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
Recycle Bin တွင်သိထားသင့်သည့် အချက်များ..
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
Recycle Bin ဆိုတာကွန်ပြူတာရဲ့အမိုက်ပုံးပါဘဲ။ကွန်ပြူတာကနေ ရိုးရိုး Del နဲ့ဖျက်မိရင် အဲ့ထဲသွားရောက်ပါတယ်။ပီးတော့ ပြန်ပြီး လိုချင်ရင် restore ပြန်လုပ်လို့ရပါတယ်။ရိုးရိုး Del လုပ်ပါများနေရင် ကွန်ပြူတာထဲက Hard Disk ထဲမှာသိမ်းထားရလို့ Computer ကြီးလေးနေပြီးသုံးရတာနှေးနေပါလိမ့်မယ်။သူက ဘယ်လို Hard Disk မှာနေရာယူထားလဲဆိုတော့ Desktop ပေါ်က Recycle Bin ကို Right Click နှိပ်ပီးတော့ Properties ကိုဝင်ကြည့်လိုက်ပါနော်။အမိုက်ပုံးဆိုပြီးအထင်တော့မသေးလိုက်နဲ့နော် သူက Hard Disk Size ရဲ့ 7042 MB ကိုနေရာယူထားတာနော်။အကယ်၍ ကိုယ်ကဖျက်ပီးသားကိုပြန်ယူလေ့မရှိဘူး Shift+Del နဲ့ဖျက်တတ်တဲ့လူဆိုရင်တော့ အဲ့ကောင်ကိုပိတ်ပီး Recycle Bin Icon ကြီးပါဖြုတ်ထားလိုက်ပေါ့။လုပ်နည်းကတော့  Desktop ပေါ်က Recycle Bin ကို Right Click နှိပ်ပီးတော့ Properties ကိုဝင် Don't Move File To The Recycle Bin.Remove Files Immediately When Deleted. ဆိုတာလေးကိုရွေးပေးလိုက်ပါနော်....
Recycle အလုပ်လုပ်ပုံကတော့
(၁) မလိုတော့တဲ့ Data တွေကို Del နှိပ်ပြီး Bin ထဲထည့်လို့ရသလို မှားပြီးဖျက်မိတဲ့ Data တွေကိုလဲ Bin ထဲက ပြန်လိုချင်ရင် Restore ပြန်ခေါ်လို့ရပါတယ်။
(၂) Bin ကိုရှင်းလင်းစေချင်ရင် Empty ဆိုတာကိုနှိပ်လိုက်ရင်အကုန်လုံး Empty ဖြစ်သွားပါတယ်။
(၃) Bin ရဲ့နေရာယူတဲ့ပမာဏကို လျှော့ချင်လျှော့တိုးချင်တိုး မိမိကြိုက်သလို Control လုပ်လို့ရပါတယ်။
(၄) နောက်ဆုံးအချက်ကတော့ ကွန်ပြူတာလေးမှာစိုးရိမ်လို့ Bin ထဲမထည့်ချင်ဘူး။တနည်းအားဖြင့် Bin နဲ့မပတ်သက်ချင်ဘူးဆိုရင် မလိုချင်တော့တာသေချာတဲ့ Data တွေကို Shift+Del တွဲနှိပ်ပြီးတခါထဲအပြီးဖျက်လို့ရပါတယ်။
အပေါ်ကရှင်းပြထားတဲ့ Bin နေရာယူမှုပမာဏကို မိမိက လျှော့ထားမယ်ဆိုလျှင် မိမိပမာဏထက်ကျောနေရင် ဥပမာ 1 GB ထားတယ်ဆိုပါစို့ မိမိဖျက်တဲ့ Data တွေက 1 GB ကျော်နေရင် သူ့အရှေ့ကဖျက်ထားတဲ့ Data တွေဟာ Shift+Del လုပ်သလိုပြန်ပီး Restore လုပ်လို့မရဘဲပျက်သွားတတ်ပါတယ်
Credit By.,..http://www.mmithelper.com
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
Portable Software အသုံးပြုခြင်း၏ ကောင်းကျိုးများ
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
Computer Technician တော်တော်များများဟာ Software များကို Portable Version အနေနဲ့ အသုံးပြုလာတာများပါတယ်။ဘာကြောင်လဲဆိုတော့ PortableSoftware တော်တော်များများကိုသုံးခြင်းအားဖြင့် ကျွန်တော်တို့ ကွန်ပျူတာရဲ့ Memory အသုံးပြုမှု Harddisk အသုံးပြုမှုကို လျော့နည်းစေတဲ့အပြင် ကျွန်တော်တို့ Portable အနေနဲ့ပြုလုပ်ထားတဲ့ Software တွေကို သွားလေရာမှာအလွယ်တကူ ယူဆောင်သွားနိုင်ပါတယ်။ အဓိကအရေးကြီးတဲ့အချက်ကတော့ ကျွန်တော်တို့ဟာ Software တွေကို Install လုပ်စရာမလိုတာပါပဲ။ Portable Software တွေရဲ့ အခြားအားသာချက်တွေကတော့ သူတို့တွေဟာလည်း Software installation ဖြစ်ပေမယ့် install လုပ်စရာအချိန်မလိုပဲနဲ့ Double click နှိပ်လိုက်ယုံနဲ့တင်သုံးလို့ရပါတယ်တယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့သဘောကျတဲ့ ဆော့ဝဲတွေကို ( နိုင်ငံခြားမှာဆိုရင် ၀ယ်သုံးရတယ်) ကျွန်တော်တို့ ကွန်ပျူတာထဲမှာ ထည့်ပီးတော့ Install လုပ်ပီးတာနဲ့ Portable Version အဖြစ်သိမ်းထားလို့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာတစ်ခြားကွန်ပျူတာတွေမှာ Softwareတွေကို Portable Version အနေနဲ့သုံးလျှင်နောက်ထပ် ပိုက်ဆံထပ်မပေးရပါဘူး။နောက်တစ်ချက်ကတော့ ကျွန်တော်တို့အတွက် အမြဲတမ်းမလိုအပ်တဲ့ ဆော့ဝဲတွေကို တစ်ခနတာ အသုံးပြုဖို့အတွက် install လုပ်လိုက်ခြင်းဖြင့် မလိုအပ်တဲ့application တွေကို Registry ထဲဝင်ရေးခြင်းမှကင်းရှင်းစေပါတယ် ဒါကြောင့်ကျွန်တော်တို့ ကွန်ပျူတာတွေထဲကို Software install လုပ်စရာမလိုတဲ့အတွက် Registry ကို သန့်ရှင်းစေပါတယ်။ ဒါ့အပြင် တစ်ခြားအရေးကြီးတဲ့ အချက်ကတော့ ကျွန်တော်တို့ဟာ Portable Software တွေကိုသုံးခြင်းဖြင့် တခြားမလိုလားအပ်တဲ့ တစ်ခြားသူတစ်ယောက်ဖန်တီးထားတဲ့ Fake Software တွေရန်မှ ကာကွယ်နိုင်ပါတယ်။ ဥပမာ အားဖြင့်တော့ ကျွန်တော်တို့ဟာ တစ်ခြားသူတစ်ယောက်ကွန်ပျူတာမှာ သွားသုံးမယ်ဆို၇င် Portable Softwareတွေကိုယူသွားဖြင်းဖြင့်  -  Fake Gtalk account, Firefox Add-on တွေကိုမသုံးပဲ ကိုယ်တိုင်ယုံယုံကြည်ကြည်လုပ်ထားတဲ့ Portable Software နဲ့ အသုံးပြုနိုင်ပါတယ်။ နောက်ထပ် မြန်မာနိုင်ငံက အင်တာနက်ဆိုင်တို့လို Domain Login Server ခံထားတဲ့ ကွန်ပျူတာတို့လို Software installation တွေပိတ်ထားတဲ့နေရာမှာ ကျွန်တော်တို့ဟာ Portable Software တွေကိုသုံးခြင်းအားဖြင့် ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ 
Credit By,,,MMITHELPER
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
Saturday, September 14, 2013
Windows Explorer ကို Tab တွေနဲ့ အသုံးပြုမယ်။
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
ashampoo 05
ashampoo 06
Version 3 မှာထပ်ဖြည့်ထားတဲ့ Feature တွေပါဝင်လာပြီး Bookmark Folder ပေါ်မှာ Middle Click နှိပ်ရင် အဲဒီဖိုဒါကို နောက်ထပ် Tab အသစ်တစ်ခု အနေနဲ့ ဖွင့်ပေးမှာပါ။ဖိုဒါ တစ်ခုခုအပေါ်မှာ Middle Click နှိပ်ရင်လည်း နောက်ထပ် Tab အသစ်တစ်ခုအနေနဲ့ ဖွင့်ပေးမှာပါ။Tab တစ်ခုကို Double Click နှိပ်ပြီးပိတ်နိုင်သလို Tab တစ်ခုအပေါ်မှာ Cursor ချပြီး Mouse Wheel ကို ကစားခြင်းဖြင့်လည်း Tab တွေကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Startup မှာ ပြီးခဲ့တဲ့ Session က Tab တွေကို ပြန်အသုံးပြုနိုင်တာတွေ၊ Theme တွေ ပြောင်းလဲသုံးနိုင်တာတွေ၊ Bookmark တွေကို Import,Export လုပ်နိုင်တာတွေကို Setting ထဲမှာပြုလုပ်နိုင်ပါတယ်။
ashampoo 07
Keyboard Shortcuts for Clover
ashampoo 08
Clover ကို Windows XP / Windows 7 / Windows 8 မှာသုံးနိုင်ပြီး ဖိုင်ဆိုက်ကလည်းသေးငယ်ပါတယ်။
Download Clover @ Official Site   or Softpedia
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
CD-ROM Missing ကို Fix လုပ်ကြမယ်
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
တစ်ခါတစ်လေ ဗိုင်းရပ်ကိုက်သွားလို့ပဲဖြစ်ဖြစ်၊ Driver ပျောက်သွားလို့ပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ
ကွန်ပျူတာမှာ တစ်ခါတစ်လေ My Computer မှာ Drive Leter ပျောက်သွားတာမျိုးဖြစ်တတ်ပါတယ်
ထိုအခါမှာ အခု CD-ROM FIX လေးနဲ့သာ Run လိုက်ပါကျွန်တော်သုံးနေတဲ့ ကာလတစ်လျောက်မှာ
တော့ ၁၀၀% အလုပ်လုပ်ပါတယ်။ဒီ Software လေးကို ကျွန်တော့ဆရာ Ko Kyat Ka Lay ဆီကနေ
ရထားလို့ ပြန်ရှဲပေးတာပါ။ ဆရာကြပ်ကလေး (Kyat Ka Lay) ကိုဂုဏ်ပြုလျှက်..
Credit by  Mmithelper
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
Windows 7 Start Button ကို Animation လေးနဲ့သုံးမယ် ( 437 KB )
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
Windows 7 Start Button ကို Animation လေးနဲ့ သုံးချင်ပါတယ်ဆိုတဲ့ သူများအတွက်ဖြစ်ပါတယ်.. အသုံးပြုရ အလွန်လွယ်ကူပြီးဖန်စီသမားများ အကြိုက်တွေ့ကြမှာပါ..ဒါ့အပြင် မိမိနှစ်သက်ရာ Animation ပုံ
လေးများကိုလည်း အလွယ်တစ်ကူ ပြုပြင်ပြောင်းလဲလို့ရပါသေးတယ်... ကဲ...လိုချင်သပဆိုရင်တော့
 Credit By...MMithlper
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
How To Reset Your Forgotten Windows Password The Easy Way
အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
How To Reset Your Forgotten Windows Password The Easy Way
1
Windows built-in password reset feature ကို အ သုံး ပြု ပြီး Password Reset Disk ပြုလုပ်နည်းအကြောင်းကိုလည်းရေးပေးဖူးပါတယ်။Password Reset Disk မပြုလုပ်မိတဲ့ အခြေအနေမှာ သင့်ဝင်းဒိုး ရဲ့  password မေ့ သွားခဲ့ရင်တော့ freeware တစ်ခု ဖြစ်တဲ့ Lazesoft Recover My Password ဆော့ဝဲကို အသုံးပြုပြီး password reset ချနည်းကိုလည်းရေးပေးပြီးပါပြီ။ဒီလို windows password reset disc တွေကို အသုံးပြုဖို့ သင် နောက်ထပ် ကွန်ပြူတာတစ်လုံးကို အသုံးပြုရမှာပါ။အခု ပြောပြမယ့်နည်းက password reset disc လည်းအသုံးပြုစရာမလို တဲ့ အတွက် နောက်ထပ် ကွန်ပြူတာတစ်လုံးမရှိဘဲနဲ့ သင့် windows password ကို reset လုပ်နိုင်မှာပါ။သင့်မှာလို အပ်တာက Windows Installer CD/DVD တစ်ခုပါပဲ။
Windows CD/DVD ကို drive ထဲထည့်ပြီး သင့်ကွန်ပြူတာကို CD/DVD ကနေ boot တက်ပါ။ ပထမအဆင့်ကို ကျော်ပြီးနောက်အဆင့်မှာ “Repair Your Computer” ကို နှိပ်ပါ။
2 
Command Prompt option ရောက်တဲ့ အထိဆက်သွားပြီး Command Prompt ကိုနှိပ်ပါ။
3
အောက်က command နှစ်ကြောင်းကို  တစ်ခု ချင်းစီရိုက်ပြီး enter နှိပ်ပေးပါ။
copy c:\windows\system32\sethc.exe c:\
copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe
Overwrite လုပ်မလားမေးရင် yes ရိုက်ပေးပြီး enter ခေါက်ပါ။
4
Windows ကို restart လုပ်ပါ။Boot Order မှာ CD/DVD ကနေ မတက်ဘဲ နဂို မူလအတိုင်း hard drive ကနေ boot တက်ပါ။Log In screen ရောက်ရင် shift key ကို (၅) ကြိမ်နှိပ်ပါ။Administrator mode command prompt ပေါ်လာပါလိမ့်မယ်။
5
အောက်က command ကို ရိုက်ပေးပါ။Username နေရာမှာသင့် username ကို ရိုက်ပေးပြီး MyNewPassword နေရာမှာ သင်နှစ်သက်ရာ password တစ်ခု ကို ရိုက်ပေးပြီး reset လုပ်နိုင်ပါတယ်။
net user username MyNewPassword
Command Prompt ကို ပိတ်ပြီး သင် ပြုလုပ်ထားတဲ့ password အသစ်နဲ့ သင့်ကွန်ပြူတာကို သုံးနိုင်ပါပြီ။
ပီးရင်အပေါ်မှာ  နေရာပြောင်းထားတဲ့ sethc.exe ဖိုင်ကို သူ့ နေရာ အမှန်ကို ပြန်ပြောင်းပေးဖို့ လို ပါတယ်။Windows CD/DVD ကနေ boot တက်ပြီး command prompt ကနေ အောက်က command ကို ရိုက်ပေးပါ။
copy c:\sethc.exe c:\windows\system32\sethc.exe
- See more at: http://www.kothuya.com/2013/03/how-to-reset-your-forgotten-windows.html#sthash.hx7x7PNd.dpuf