Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ
Showing posts with label gmail အကြောင်း. Show all posts
Showing posts with label gmail အကြောင်း. Show all posts

Friday, November 15, 2013

Gmail account Easy To open from Mobile Phone

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်  
multiple Gmail accounts on android

Create gmail account easily

 ကွန်ပျူတာပေါ်ကနေ Gmail Account ဖွင့်လို့မရတဲ့ သူငယ်ချင်းတွေ မိမိတို့ရဲ့ Android ဖုန်းပေါ်ကနေတဆင့်  Gmail Account အလွယ်တကူဖွင့်လို့ရပါပြီ။Android ဖုန်းကိုသုံးပါ။Android က google ရဲ့ ကိုယ်ပိုင် OS ဖြစ်လို့

gmail service ကိုလည်းအလွယ်တကူသုံးလို့ရအောင် လုပ်ပေးထားပါတယ်။

(1) Android ဖုန်းမှာ setting ကိုသွားပါ ။
(2) Account and sync ကိုသွားပါ။
(3)add an account ကိုနှိပ်ပါ။
(4)Google ကိုရွေးပါ။ ( ဒီနေရာမှာ ကိုယ့်ဖုန်းထဲမှာ gmail application သွင်းပြီးသားရှိမှသာ google ဆိုတာပေါ်
နေမှာ။Android ဖုန်းတွေက gmail app အစကတည်းကပါလာပေမယ့် တစ်ချို့ တရုတ်ဖုန်းတွေနဲ့ custom roms
တွေမှာပါမလာတတ်ပါဘူး။
ဒါဆို gmail.apk နဲ့ GoogleServiceFrameworks.apk ဖိုင်တွေကို Google မှာအလွယ်တကူရှာဖွေပြီး download
လုပ်ပါ။ ,rootexplorer ကိုသုံးပြီး အဲ့ဒီ့ ဖိုင်၂ဖိုင်ကို system folderအောက်က app folder ထဲကိုကူးထည့်ပါ။Install လုပ်ပါ။ဖုန်းကို restart ချပါ။Gmail app ကိုသုံးလို့ရပါပြီ။ )

(5)ကိုယ်သုံးချင်တဲ့ နာမည်နဲ့ account name ကိုပေးပါ။ကိုယ်လိုချင်တဲ့နာမည်မရင် နောက်နာမည်အသစ်ရွေးပေါ့။ရခဲ့ရင် Next နှိပ်။
Add caption
(6)ကိုယ်ပေးချင်တဲ့ passwordကို ၂ခါဖြည့်ပါ။ပေးလိုက်တဲ့ passwordကိုသေချာမှတ်ထားပါ။မေ့သွားရင်ပြန်ယူ
ဖို့ခက်ခဲပါတယ်။

(7)Security Question က answer ကို ကိုယ်မှတ်မိမယ့်ဟာပေးပါ။password မေ့သွားလို့ gmail account ဝင်မရ
တော့ရင် ဒီ security question ကိုသုံးပြီးပြန်ယူရမှာပါ။


(8) human check အတွက် ပြထားတဲ့ စာလုံးတွေကို မှန်အောင်ဖြည့်ပေးပါ။

(9) I agree,next ကိုနှိပ်ပါ။

(10) Finish နှိပ်ပါ။

(11) Finish setup ကိုနှိပ်ပါ။
အကောင့်အသစ်ကိုစသုံးလို့ရသွားပါပြီ။လိုအပ်ရင်ဆန္ဒရှိသလောက် ဒီအတိုင်း gmail account ပေါင်းများစွာကို ဆက်ကာဆက်ကာ ကြိုက်သလောက်ဖွင့်လို့ရပါတယ်။
ကိုယ့်မှာ android ဖုန်းမရှိရင်တော့ ရှိတဲ့သူငယ်ချင်းတစ်ယောက်ယောက်ကို ဖွင့်ခိုင်းပေါ့။ဖုန်းမှာအင်တာနက်
ဖွင့်ထားဖို့တော့လိုပါမယ်။
Credit to :  Android လုလင်
ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင်  ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင်  ဒီမှာ  ဖတ်ပါ.. .အဆင်ပြေမှာပါ

Wednesday, October 2, 2013

GMAIL ACCOUNT ဖွင့်နည်း

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်





ကျနော့်တုန်းကလို Gmail အကောင့် တစ်ခုကို စမ်းတဝါးဝါးနဲ့ မဆောက်ရလေအောင်လို့ ကျနော် သိထားပြီးဖြစ်တဲ့ Gmail အကောင့် တည်ဆောက်ပုံကို ပြောပြပေးပါမယ်။ ပထမဆုံး အနေနဲ့ Browser ရဲ့ Address Bar မှာgmail.com ဆိုတာကို ရိုက်ပြီး ဖွင့်လိုက်ပါ။



Pic-1
Gmail ရဲ့ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ ဒီအခါ ညာဖက် အပေါ်နားမှာ ရှိတဲ့ Create An Account ဆိုတဲ့ အနီရောင် Button ကြီးကို နှိပ်လိုက်ပါ။



Pic-2
Form ဖြည့်ရမယ့် နေရာကို ရောက်ပါပြီ။ အောက်က ပုံထဲမှာ နံပါတ်တွေနဲ့ ပြထားပါတယ်။

၁။ ကိုယ့်ရဲ့ ပထမ နာမည်ကို ရိုက်ထည့်ပါ။

၂။ ကိုယ့်ရဲ့ ဒုတိယ နာမည်ကို ရိုက်ထည့်ပါ။
(ဥပမာ – နာမည်က ကောင်းကျော် ဆိုပါတော့။ ဒါဆို ပထမ နေရာမှာ ကောင်း၊ ဒုတိယ နေရာမှာ ကျော်။ ဒီလိုလည်း ထည့်လို့ ရသလို၊ ကိုယ်က ယောက်ျားလေးဆိုရင် ပထမနေရာမှာ မောင်၊ ဒုတိယ နေရာမှာ ကောင်းကျော် ဒီလိုလည်း ထည့်လို့ ရပါတယ်။ အဆင်ပြေသလို ထည့်ပေးလိုက်ပါ။)

၃။ ဒီနေရာမှာ ကိုယ်ရယူချင်တဲ့ အကောင့် နာမည်ကို ရေးပေးရပါမယ်။ အကယ်၍ ကိုယ်လိုချင်တဲ့ နာမည်က မရဘူး ဆိုရင် သူက မရကြောင်းကို အောက်မှာ ဖော်ပြပေးပါလိမ့်မယ်။ ရတယ်ဆိုရင်တော့ ဘာမှ မပြပါဘူး။

၎။ ဒီနေရာမှာ လျှို့ဝှက် နံပါတ်ကို ထည့်ပေးရပါမယ်။ ကိုယ်ပေးချင်တဲ့ နာမည်၊ နံပါတ် တွေကို ပေးပါ။

အကောင်းဆုံးကတော့ စာနဲ့ ဂဏန်းတွေကို တွဲဖက်ပြီး ပေးတာ ပိုကောင်းပါတယ်။ ကိုယ့်ရဲ့ password အနေအထားက အားကောင်းလား၊ အားနည်းလား ဆိုတာကိုလည်း ဘေးမှာ ပြပေးပါတယ်။ ပက်စ်ဝှက်ကို အနည်းဆုံး ၆ လုံး ပေးရပါမယ်။

၅။ အပေါ်က ပက်စ်ဝှက် ကိုပဲ ထပ်ပြီး ထည့်ပေးရပါမယ်။

၆။ ၇။ ၈။ ဒီနေရာတွေမှာတော့ ကိုယ့်မွေးနေ့ကို လ၊ ရက်၊ နှစ် အစဉ်အတိုင်း ဖြည့်ပေးလိုက်ပါ။

၉။ ဒီနေရာကတော့ ယောက်ျား၊ မိန်းမ ရွေးပေးရမယ့် နေရာပါ။ ယောက်ျားဆို Male, မိန်းမဆို Female ပေါ့။



Gmail Form ဖြည့်ရန် – ၁



ဒီလို ပေါ်လာရင် မရသေးပါဘူး



ဖြည့်ရမယ့် နမူနာ ပုံစံပါ

၁၀။ ဖြည့်ဖို့ မလိုအပ်ပါဘူး
၁၁။ အခြား ရှိပြီးသား အီးမေးလ် တစ်ခုကို ဖြည့်ပေးရပါမယ်။ အကယ်၍ မရှိဘူး ဆိုရင်ဖြင့် mgdo.test@gmailဆိုတာကို ဖြည့်ပေးလိုက်ပါ။

၁၂။ အပေါ်မှာ ပြထားတဲ့ မထင်မရှား စာတွေကို မှန်အောင် ရိုက်ထည့်ပေးရပါမယ်။
ဒီအခါမှာ ရှေ့စာလုံးနဲ့ နောက်စာလုံးကြားမှာ space ခြားပါ။ အကယ်၍ ပြထားတာကို မဖတ်တတ်ရင် မြှားအဝိုင်းပုံစံလေးကို နှိပ်လိုက်ပါ။ ဒါဆို နောက်အသစ် တစ်မျိုးကို ထပ်ပြပေးပါလိမ့်မယ်။

၁၃။ အဲ့ဒီနေရာမှာ ကလစ်နှိပ်ပြီး ခေါက်လေး ခြစ်ပါ။

၁၄။ အားလုံး ဖြည့်ပြီးသွားရင် ဒီနေရာကိုသာ နှိပ်လိုက်ပါ။




Form – 2


ဖြည့်ရမယ့် နမူနာ ပုံစံ – ၂
အကယ်၍များ နောက်ပေါ်လာတဲ့ စာမျက်နှာဟာ Verify Your Account ဆိုပြီး ပေါ်လာခဲ့ရင်ဖြင့် ဖုန်းနံပါတ်ကို ရိုက်သွင်းပေးရပါတယ်။ အဲ့ဒီအခါ Gmail ကနေပြီး ကိုယ့်ဖုန်းထဲကို code ပို့ပေးပါလိမ့်မယ်။  ဒီလို ပေါ်လာခဲ့ရင် ကျနော့်အနေနဲ့ နောက်ထပ် browser တစ်ခု ပြောင်းပြီး ထပ်ဖွင့်ကြည့်ပါတယ်။ ဥပမာ – ပထမဟာကို Firefox နဲ့ ဖွင့်လို့ အဲ့ဒီလို ပေါ်လာခဲ့ရင် Chrome နဲ့ ပြောင်းပြီး ဖွင့်ကြည့်ပါတယ်။



ဒီလို ပေါ်လာခဲ့ရင်ပေါ့။အောက်ကလို ပေါ်လာခဲ့ရင်တော့ အဆင်ပြေပါပြီ။ ပုံမှာ ပြထားတဲ့အတိုင်း Next Step ကို နှိပ်လိုက်ပါ။ ပြီးရင် သူ့အောက်က ပုံထဲမှာ ပြထားတဲ့အတိုင်း Continue to Gmail ကို နှိပ်လိုက်ပါ။ ဒါဆို ကိုယ့်ရဲ့ Gmail ကို ရောက်သွားပါလိမ့်မယ်။

ဒီလိုနဲ့ Gmail Account တစ်ခုကို လွယ်လင့်တကူ အောင်မြင်စွာ ဖွင့်လို့ ရသွားနိုင်ပါပြီ။




ဒီလို ပေါ်ရင် အဆင်ပြေပါပြီ



ဆက်နှိပ်လိုက်ပါ။



ဒီလို ရောက်ပြီဆို အောင်မြင်စွာနဲ့ ပြီးဆုံးပါပြီ..။


Credit : http://domyanmar.wordpress.com

ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင်  ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

GMAIL PASSWORD ပျောက်ဆုံးသွားပါက ပြန်ရယူနည်းလေးပါ....(မသိသေးသောသူများအတွက်)

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်






ကျွန်တော် Gmail password ပျောက်သွားပါကပြန်ယူနည်းကိုပြောပြချင်ပါတယ်။

ယခု password ပြောင်းပြီးပြန်ဖွင့်မရသော ပြသနာအားဖြေရှင်းနိုင်လိမ့်မည် ထင်ပါသည်။


အရင်ဆုံး Gtalk လေးကိုခေါ်လိုက်ပါ။
username နဲ့ password ဖြည့်တဲ့အကွက်အောက်က Forgot your password ? ကို clickလိုက်ပါ။
ထို့နောက် Email ထည့်ခိုင်းပါမည်။ မိမိပျောက်သွားသော mail ကိုထည့်ပါ။
Type the characters in the box ဆိုပြီး အောက်ကစာလုံးများကိုရိုက်ခိုင်းပါမည်။ ထည့်လိုက်ပါ။


ထိုအခါ 1. Email to …….@gmail.com
2. Answer your security question
3. I no longer have access to these ဆိုပြီး ၃ခုထဲမှ ရွေးခိုင်းပါမည်။

နံပါတ် ၁ - မိမိ recovery လုပ်ထားသောမေးလ်ထဲကို reset link ပို့ပေးခြင်းပါ။
နံပါတ် ၂ - မိမိအကောင့်လုပ်စဉ်ကဖြည့်ခဲ့သော security answer ကိုဖြေခြင်းပါ။

အထက်ပါ၂နည်းလုံးတွင် အခက်အခဲရှိသူများအတွက် နံပါတ် ၃နည်းကို တင်ပြပေးပါမည်။
I no longer have access to these ကိုရွေးလိုက်ပါ။ ထိုအခါ page ၁ခုကိုရောက်သွားပါမည်။
-An email address we can use to contact you ဆိုတဲ့အကွက်တွင် မိမိလက်ရှိအသုံးပြုနေသော
အကောင့် ၁ခုခု ကိုထည့်လိုက်ပါ။
(ထိုမေးလ်ထဲသို့ reset password link ပို့ပေးပါမည်။ မိမိပျောက်ဆုံးသွားသော မေလ်း မ ထည့် ရ ပါ။)


-Reenter email address ဆိုသောနေရာတွင်အပေါ်က ဖြည့်ထားသော မေးလ်ကိုပြန်ထည့်ပါ။
- ထို့နောက် I believe someone has taken overy my account ကိုရွေးပါ။
-Do you use gmail with this acc ဆိုသောနေရာတွင် YES ကိုရွေးပါ။
ထိုအခါ gmail username ကိုဖြည့်ခိုင်းပါမည်။ မိမိပျောက်ဆုံးသွားသော Emailကို ထည့်လိုက်ပါ။

-Email address of up to five frequently emailed contacts ဆိုသော
အကွက် ၅ကွက်တွင် မိမိပျောက်ဆုံးသွားသော အကောင့်ထဲမှာရှိသော gmail အကောင့် ၄ခုထည့်ပါ။
(၃ခုဆိုလည်း ရပါသည်။)


-ထို့နောက်အောက်တွင်ရှိသော မေးခွန်းများကိုကျော်ပြီး အောက်ဆုံးရှိ Account creation dateကိုသွားပါ။
Month, Year ဆိုပြီးရွေးခိုင်းပါမည်။
မိမိအကောင့်စလုပ်ခဲ့သည့် နှစ် နှင့် လ ကို ဖြည့်ရပါမည်။
အကယ်လို့ “လ” ကိုမမှတ်မိပါက ခန့်မှန်းပြီးထည့်လိုက်ပါ။
-Last successful login date ကတော့ သိပ်အရေးမကြီးပါ။
နောက်ဆုံးအကောင့်သုံးခဲ့သည့် ရက်ဆွဲကို ခန့်မှန်းပြီးဖြည့်လိုက်ပါ။

-ကဲ .... နောက်ဆုံးအဆင့်ကိုေ၇ာက်ပါပြီ။
Last password you remember ကတော့ မိမိနောက်ဆုံးသုံးခဲ့သည့် password ကိုထဲ့လိုက်ပါ။
-ပြီးနောက် submit ကိုနှိပိလိုက်ပါ။
ထိုအခါ gmail svr ကိုပို့လိုက်ပြီးဖြစ်ကြောင်းနှင့် ၂၄နာရီအတွင်း စာပြန်မည်ဖြစ်ကြောင်း တွေ့ရပါမည်။
-ပြီးနောက် An email address we can use to contact ဆိုသောနေရာတွင် ဖြည့်ခဲ့သည့်mail ကိုဖွင့် ၍
စောင့်နေလိုက်ပါ။ မိနစ်အနယ်ငယ်အတွင်း gmail မှ သင့်ထံ I can’t access my accဆိုသည့်ခေါင်းစဉ်နှင့် စာ
ရောက်လာပါမည်။
ဖွင့်လိုက်ပါ။

Good news -- you’re just steps away from regaining access to your account! To
begin the password reset process for your Google Account, click the link below:
ဆိုသော စာမျိုးရောက်လာပါက အိုကေသွားပါပြီ။

မိမိအကောင့်ကို reset pwd ချခွင့်ပေးလိုက်ပါပြီ။
Good news အောက်တွင်ပါသောလင့်လေးကို ကလစ်ပြီး new pwd and confirm pwdကိုဖြည့်ပြီး
မိမိအကောင့်ပြန်ယူလို့ရပါပြီ။

အကယ်၍
Hi,

Good news -- you’re just steps away from regaining access to your account! To
reset your password and sign in, follow these steps:

Step 1: Run a virus scan on all computers you use (you should do this on
a regular basis). Do this before changing your password to make sure your
computer doesn’t have any malicious programs trying to steal your password.

To view a list of available anti-virus software, visit
http://www.google.com/support/accounts/bin/answer.py?answer=88072

Step 2: Reset your password:

1. Visit https://www.google.com/accounts/recovery
2. Enter your Gmail username into the 'Email address' field.
3. Enter the verification word.
4. Select 'Email to ****@***.com', then click 'Continue'.
5. Follow the instructions on the following page to finish resetting your password.

Step 3: Once you’ve changed your password, make sure your password
recovery options are up-to-date by visiting
https://www.google.com/accounts/UpdateAccountRecoveryOptions

Step 4: Secure your Google Account against unauthorized access by
following our step-by-step instructions at
http://mail.google.com/support/bin/static.pypage=checklist.cs&....
In particular, check your Gmail settings (filters, forwarding, POP/IMAP) to
make sure your mail isn’t being forwarded to an account you don’t recognize.

We’re glad to have you back as a Google Accounts user again.

Sincerely,
The Google Account Recovery Team
ထိုကဲ့သို့ စာမျိုးရောက်လာပါက မိမိဖြည့်ထားသည်မှာ မမှန်ကန်ပါ။
ထို့ကြောင့်နောက်၁ခါထပ်ပြီး ပြင်၍ပို့ရပါမည်။
မိမိဖြည့်ခဲ့သည်များကို သေချာပြန်စစ်ပါ။
မိမိဖြည့်ခဲ့သော Account creation date သည်မှာနိုင်ခြေရှိသည်။
‘လ’ ကိုသေချာပြန်စစ်ပါ။ မသေချာပါကနောက်တစ်လပြောင်းပြီးထပ်စမ်းပါ။
Good news ဆိုသည့်စာ မရောက်မချင်းပို့ပါ။


မှတ်ချက်။ ။
တခါပို့လျှင်၁ပြိုင်နက်၂စောင်ထက်ပို၍ မပို့ရပါ။
ပို့ပါက svr က mail အများကြီးပို့ ၍လက်မခံကြောင်း စာရောက်လာပါမည်။
ထို့ကြောင့်မိမိမေလ်းထဲသို့ I can’t access my acc ဆိုသောစာ ရောက်လာမှသာ
နောက်၁ကြိမ် ထပ်မံပို့်သင့်ပါသည်။

အားလုံးအဆင်ပြေကြပါစေ။
Credit By နည်းပညာမြို့တော်
ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင်  ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင်  ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

Monday, September 30, 2013

မိမိတို့ ရဲ အကောင့် တွေကိုလုံခြုံရေးနှစ်ထပ်တိုးမြှင့် ကြမယ်

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်


ဒီနေ့ တော့  မိမိရဲ့ အရေးကြီးတဲ့ password တွေကိုကာကွယ်နိုင်မဲ့ နည်းလမ်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။
facebook password တွေပဲဖြစ်ဖြစ် မိမိတို့ ရဲ့  gmail account တွေပဲ ဖြစ်ဖြစ် မိမိနှစ်သက်တဲ့ website တွေပဲဖြစ်ဖြစ် ။ptc ငွေရှာနေတဲ့ အကောင့် တွေပဲဖြစ်ဖြစ်အားလုံးကိုလုံခြုံရေး နှစ်ထပ်ချလို့ ရမဲ့ ဆော့ ဝဲလေးပါ။အကြောင်းအမျိုးမျိုးကြောင့် သူများကွန်ပျူတာတွေကိုဝင်ရောက်သုံးစွဲနေရတဲ့ သူတွေလည်းဒီနည်းလမ်းလေး
ကိုသုံးရင်အဆင်ပြေမယ်လို့ ယူဆပါတယ်။တစ်ယောက်ကိုတစ်ယောက်ကျော်ခွခြင်းမှကင်းဝေးအောင်ဒီနည်းလမ်းလေးကို
သာသုံးလိုက်ပါ။100%  အလုပ်လုပ်ပါတယ် ကျွန်တော်ကိုယ်တိုင် စမ်းသပ်ထားပါတယ်ခင်ဗျာ။ဒီနည်းလမ်းက ကွန်ပျူတာအတွက်သာသုံးလို့ ရမှာပါခင်ဗျာ။
အရင်ဆုံး DOWNLOAD ယူလိုက်ပါ။LINK 1 LINK 2;
(အဆင့် -၁)  ရလာတဲ့ ဖိုင်ကို RUN လိုက်ပါ။ပြီးရင်Master password နေရာမှာ series key ကိုဖြည့် ပေးပါခင်ဗျာ။ဒါဆိုအမြဲအသုံးပြုလို့ ရပါပြီခင်ဗျာ။
(အဆင့် -၂)  အောက်ကပုံလေးအတိုင်း (ဥပမာ-facebook အကောင့် ကို password နှစ်ထပ်လုပ်ချင်တယ်ဆိုရင် အောက်ကပုံအတိုင်း ဖြည့် ထည့် ပေးပါ) name နေရာမှာ facebook ကနာမည်။ link နေရာမှာ facebook က url ကိုထည့် ပေးပါ။password နေရာမှာ facebook ကpassword ကိုထည့် ပေးပါခင်ဗျာ။(ဂရုစိုက်ပါ)ပြီးရင် add ကိုနိပ်ပါ။

(အဆင့် -၃ ) ဒီအဆင့် မှာကတော့ မိမိတို့ ရဲ့ facebook ကိုဝင်ချင်တယ်ဆိုရင် launch ဆိုတာလေးကိုနိပ်ပြီးဝင်နိုင်ပါပြီခင်ဗျာ။
gmail အတွက်ဆိုရင်တော့ app account မှာဝင်ပြီးလုပ်ပေးပါ။ခင်ဗျာ။အားလုံးအဆင်ပြေမယ်လို့ ယူဆပါတယ်။

ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင် ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင်  ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

Monday, September 16, 2013

Passwords Recovery အကြောင်းသိကောင်းစရာ ( မြန်မာလို )

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်


Passwords Recovery အကြောင်းသိကောင်းစရာ ( မြန်မာလို ) စာအုပ်ဖြစ်ပါတယ်..ဒီစာအုပ်ကိုဖတ်ပြီးရင်အ
ခြားသော အသိအမြင်များလည်း ရရှိကြပါလိမ့်မယ်..တွေးလေ သိလေ ကွင်းဆက်မိလေပေါ့... :)

Credit By....Mmithelper
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

Saturday, September 14, 2013

Gtalk တွင်အမြဲဒုက္ခပေးတတ်သော Private Webcam ကိုသတ်နည်း

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်


အထက်ပါပြဿနာကိုဖြေရှင်းတဲ့နည်းရှိပါတယ်။ အနာရှိရင် ဆေးရှိသလို ... ပြဿနာဖြစ်လည်း အဖြေရှိပါတယ်။ ခုအဲ့နည်းလမ်းကိုဖြေရှင်းဖို့ရှာပေးထားပါတယ်။ အဲ့ဒီသတ်နည်းကလွယ်ပါတယ်။ ဘာဆော့ဝ်လ်မှမလိုပါဘူး။ ပိုသိချင်ရင်တော့ အောက်ပါ အတိုင်းဒေါင်းလုတ်ဆွဲပြီးတော့စမ်းကြည့်စေလိုပါတယ်။

Download => Link 1 / Link 2
 
Credit by...Mmithelper
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

Sunday, August 18, 2013

Gmail Account ဖွင့်နည်း (နောက်တစ်မျိုး)

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် ကွန်မန်.ချန်ခဲ.ပါနော် ဘလော.ကာများရဲ. ခွန်အားပါ ပျော်ရွှင်ပါစေ

              Gmail account ကို ဖွင့်ရာတွင် verification code တောင်းမြဲဖြစ်ပါတယ်။အဲ့ဒီcode တောင်းခြင်း
ကို code ထည့်ပြီး Gmail account create လုပ်လို့ရပါတယ်။
မှတ်ချက် - ထိုနည်းသည် MZ မှ ကို Iceforge22 ပြုလုပ်သည့် create new gmail နည်းလမ်းကိုမှိငြမ်းကာ ကျနော့်တွင်ရှိသော နည်းလမ်းဖြင့်ပေါင်းစပ်ကာ အကောင့်ဖွင့်ခြင်းဖြစ်ပါသည်။
လိုအပ်ချက်များ။
Ultrasulf
IE
Mozilla Firefox
ယခုအသုံးပြုနေသော Gmail account တစ်ခုသင့်တင့်သော connection ရှိရမည်။Ultrasulf ကို http://www.mediafire.com/?x6i3e5x59h6b4yx တွင်ရယူပါ။
 IE နဲ့ firefox ကတော့စာဖတ်သူများမှာရှိမှာပါ။
Gmail account တစ်ခုလဲစာဖတ်သူမှာရှိမှာပါ။
OK ကျနော်တို့စဖွင့်ကြစို့ ( account ကိုပြောတာ :P)
 
အရင်ဆုံး Ultra Sulf ကိုဒေါင်းလုပ်ချပီး ဖွင့်လိုက်ပါ။ configure လုပ်ခြင်းကို ကိုညီနေမင်းဆိုဒ်တွင်ကြည့်ပါ။ http://www.nyinaymin.org/2009/10/ultrasurf_03.html ။ဖွင့်ပြီးလျှင် IE တွင် Ultra sulf home page တက်လာလျှင်သုံးလို့ရပါပြီ။အခု ultra sulf ဖြစ်ကျော်ထားသော IE browser တွင် https://www.google.com/voice ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။

ယခုသုံးနေသောGmail username နဲ့ password ထည့်ပီး sign in လုပ်ပါ။

ထို box ပေါ်လာမည်။ I want a new number ကိုနှိပ်ပါ။
 
Word,phrase,number တွင်ကိုယ်ကြိုက်နစ်သက်သော number သုံးလုံးကိုရိုက်ထည့်ပါ။ဘာဖြစ်ဖြစ်
၇ပါတယ်။ပြီးလျှင် Search numbers ကိုနှိပ်ပါ။
ထို number များပေါ်လာလိမ့်မည်။ကြိုက်နှစ်သက်သည့် number ကို ရွေးပြီး notdpad ဖြင့်မှတ်ထားပါ။
 သေချာမှတ်ထားပါ။အရေးကြီးပါသည်။ကျနော်ကတော့ (970) 765-8456 ကိုရွေးပြီးမှတ်ထား
ပါတယ်။ပြီးလျှင် continue ကိုနှိပ်ပါ။
Enter PIN box တွင်ကြိုက်နှစ်သက်တဲ့ number လေးလုံးကိုရိုက်ထည့်ရပါမယ်။ကျနော်ကတော့1234
 ပဲရိုက်ပါတယ်။ confirm PIN box တွင်လည်းအပေါ်က Enter PIN number နဲ့တူအောင်ရိုက်ရပါမယ်။
ကျနော်ကတော့ 1234 ပဲထည့်ပါတယ်။ I accept Google Voice’s Terms and Privacy Policky. တွင်အမှန်ခြစ်ပေးပါ။ပြီးရင် continue ကိုနှိပ်ပါ။
Box ပေါ်လာပါမယ်။ဒီနေရာမှ ခနရပ်ထားပါ။ဘာမှမနှိပ်ပါ။ firefox ကိုဖွင့်ပါ။https://mail.google.com/
 ကိုသွားပါ။ Create an account ကိုနှိပ်ပါ။ Create An Account page ပေါ်လာပါပြီ။ဖြည့်သင့်တာဖြည့်ပါ။ location တွင် United State ကိုပဲရွေးပါ။အရေးကြီးပါတယ်။ဖြည့်ပီးရင် I accept ကိုနှိပ်ပါ။
Box ပေါ်လာပါလိမ့်မယ်။ country တွင် United States ကိုရွေးပြီး Phone number ကိုခုနက Notepad 
 ဖြင့်မှတ်ထားတာကိုထည့်ပေးရပါမယ်။ကျနော်ကတော့ (970) 765-8456 ပါ။ပြီးရင် Send Verification 
code ကိုနှိပ်ပါ။ ပြီးရင် IE ကိုပြန်သွားပါ။ခုနကရပ်ခဲ့သော
တွင် Cancel ကိုနှိပ်လိုက်ပါ။ခနစောင့်ပါ။ voice mail တစ်စောင်ပို့ပေးပါလိမ့်မယ်။

Verification code ရလာပါပီ။ 861278 ဖြစ်သည်။ firefox ကိုသွားပြီး Verification code တွင်ရလာသော
 code number ကိုရိုက်ထည့်ပါ။
Verify ကိုနှိပ်လိုက်ပါ။ယခုအခါတွင် သင်သည်Gmail accountကိုအောင်မြင်စွာလုပ်ဆောင်နိုင်ပါပြီခင်ဗျာ။
မှတ်ချက်။ ။ နောက်တစ်ခါ Gmail account ကိုဖွင့်ချင်ပါက သုံးနေကျGmail နဲ့ www.google.com/voice ကိုဝင်ကာ ဘယ်ဘက်ရှိ UPGRADE ကိုနှိပ်ပီးထပ်လုပ်နိုင်ပါတယ်။
ကျနော်ဒီနည်းနဲ့ဖွင့်တိုင်း အကောင့်ဖွင့်လို့ရပါတယ်။အဆင်မပြေတာရှိရင်ပြန်ပြောနိုင်ပါတယ်ခင်ဗျာ။
Mmitd member များ Gmail account ဖွင့်ရအခက်အခဲရှိနေရင် ဒီနည်းလေးနဲ့ဖြေရှင်းနိုင်ပါတယ်ခင်
ဗျာ။ ခုတလောတွေ့နေရတယ်လေ။ IT ဂျာနယ်တွေမှာ Gmail တစ်ခါဖွင့် ၉၀၀၀ ကျပ်တဲ့။ရိုက်စားဗျာ။
တော်တော်ကိုဆိုးပါတယ်။ခုဆိုဒီနည်းနဲ့အေးအေးဆေးဆေးဖွင့်လို့ရပါပြီခင်ဗျ။တပြားမှမကုန်ပါဝူး :P
ဟိမရရင်ရင်ပြောဦးနော်။ ဒီနည်းကို မလှျိုထားပါနဲ့။များများဖြန့်ပါ။ဒါမှ သူများလိမ်တာမခံရမှာလေ။
ကျနော်ကတော့မလှျိုဖူးနော် :P  mmitd အဖွဲ့သားများကျန်းမာချမ်းသာ ကြပါစေ။

Gmail Account ကို ကြိုက်သလောက်သာဖန်တီးကြပေတော့ဗျာ

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် ကွန်မန်.ချန်ခဲ.ပါနော် ဘလော.ကာများရဲ. ခွန်အားပါ ပျော်ရွှင်ပါစေ



Gmail Account အသစ် လုပ်ချင်ပါသလား ?
Gmail Account Disable ဖြစ်နေလို့လား ?
Gmail ၀င်ရင် Verification Phone number တောင်းနေလို့လား ?
လုံးဝ စိတ်ညစ်နေစရာမလိုပါ ။ အောက်မှာဖေါ်ပြထားသော နည်းအတိုင်းသာ လုပ်လိုက်ပါ ။ အားလုံး အဆင်ပြေသွားပါလိမ့်မည် ။


အရင်ဆုံး မြန်မာပြည်ကဆိုရင်  ဒါလေးအရင် ဒေါင်းယူထားလိုက်ပါ

Sept 1. ဒီနေရာလေး  ကနေ Sing In ၀င်လိုက်ပါ ။ Sing In ၀င်ပြီးသွားရင်

Step 2. Google Voice mail ထဲမှာ  Get a Voice number  (or) UPGRADE ကို နှိပ်ပါ။ ( Upgrade you account box )  ကျလာပါမည် ) ။

Step 3. I want a new number ကို နှိပ်ပါ ။ ( Choose your number box ကျလာပါမည် ) ။

Step 4. Word , phrase , number box မှာ 123456 ကို ထည့်ပြီး ၊ Search Numbers ကိုနှိပ်ပါ ။
Searching လုပ်ပါမည်။ ခဏစောင့်ပါ ။

Step 5. Result For 123456 ဆိုပီး ဖုန်း နံပါတ် ၅ ခု ပေါ်လာပါမည် ။ အဲထဲက တစ်ခုကိုမှတ်ထားလိုက်ပါ ။
ဥပမာ ။ ။ (234) (56) 34164 ၊ ပြီးရင် Continue ကို နှိပ်ပါ ။ Reserving number ဆိုတဲ့ စာတန်းလေး ပေါ်လာပါမည် ။ ခဏစောင့်ပါ ။ ပြီးရင် Creat new PIN box ကျလာပါမည် ။

Setp 6. Enter PIN နှင့် Confirm PIN မှာ ဂဏန်းလေးလုံးရိုက်ထည့်ပါ ။ ဥပမာ ။ ။ 4587 ပေါ့။ ( အတူတူဖြစ်ရပါမည် ) ။ ပြီးရင် I accept Google Voice’s Terms and Privacy Policy ကို ရွေးပါ ။ Continue ကိုနှိပ်ပါ ။ Creating account ဆိုတဲ့ စာတန်းလေးပေါ်လာပါမည် ။ ပြီးရင် Add a forwarding phone box လေးကျလာပါမည် ။ ခဏထား ထားလိုပ်ပါ ။

ဒီ Step တွေလုပ်နေချိန်မှာ တစ်ဖက်ကလဲ gmail account registrations လုပ်နေပါ ။ ဖုန်း နံပတ်တောင်းတဲ့ နေရာမှာ အခုန ကမှတ်ထားတဲ့ ဖုန်း နံပတ် (234 564 3416 ပေါ့) ကို ထည့်လိုက်ပီး Send Verification Code ကိုနှိပ်လိုက်ပါ ။ Country ကိုတော့ United State ရွေးထားရပါမည် ။ Verify Code တောင်းတဲ့နေရာကို ရောက်ရင် ၊ google voice ကိုပြန်သွားပီး add forwarding phone box ကို Cancel setup လုပ်လိုက်ပါ ။ canceling setup စာတန်းလေးပေါ်လာပါမည် ။ ပြီးရင် google voice ကိုလဲ loading ပြန်လုပ်ပါမည် ။ ခဏစောင့်ပါ ။ ပြီးရင် +14065454961 ဖုန်းနံပါတ်ကနေ Verification Code ပို့ပေးပါမည် ။
( +14065454961: You Google Verification Code is 989841 8:20 AM )
အဲဒီ Code ကို အခုနက Verification Code box မှာထည့်လိုပြီး Verify ကိုနှိပ်ပါ ။ ဒါဆို gmail account အသစ် တစ်ခုရသွားပါပြီး ။ ဒီနည်းအတိုင်း gmail account ကို ကြိုက်သလောက် လုပ်ယူလို့ရ ပါတယ် ။
( ဒါလေးတော့သိထားမှရပါမယ် ။ ။ Didn’t get your code? Sometimes it can take up to 15 minutes. If it’s been longer than that, try again.   15 မိနစ်ကျော်ရင် Gmail gmail Registrations က Expire ဖစ်သွားပါမည် ။ )
Gmail account မှမဟုတ်ပါ ။ Gmail Disable ဖြစ်ရင် ၊ Verification Phone number တောင်းရင် လဲ ဒီနည်းအတိုင်း လုပ်နိုင်ပါသည် ။ Verification phone number တောင်းတဲ့ နေရာတိုင်းမှာ ဒီနည်းအတိုင်း လုပ်ဆောင်နိုင်ပါသည် ။
မှတ်ချက်။ ။ google voice မရတဲ့ အင်တာနက်လိုင်နဲ့ဆို ကျော်ခွမှ ရပါမည် ။
( UltraSurf လိုမျိုးပေါ့ မရှိသေးရင် ဒီမှာဒေါင်းယူပါ  )

ဒါကတော့ Gtalk account lock ဖြစ်ရင် Unlock ပြန်ဖြေတဲ Link လေးပါ ။


လူသားများအားလုံး နှစ်တိုင်း ၊ လတိုင်း ၊ နေ့ ရက်တိုင်း ၊ နာရီတိုင်း ၊ မိနစ်တိုင်း၊ စက္ကန့်တိုင်း………ပျော်ရွင်မှုအပေါင်းနှင့် ခငြောင်းနိုင်ပါစေကြောင်း ။


ref: http://mandalaygazette.com/77651/uncategorized-other/copypaste

G-Mail မှ Free SMS ပို့ချင်သူများအတွက်

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် ကွန်မန်.ချန်ခဲ.ပါနော် ဘလော.ကာများရဲ. ခွန်အားပါ ပျော်ရွှင်ပါစေ


အခု Post လေးကို ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးအဆင်ပြေလို့ အခြားသော သူငယ်ချင်းများလည်း ပိုက်ဆံမကုန်ဘဲ Free Message ပို့နိုင်အောင် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်ဗျာ။ ဒီ Post လေးရဲ့ မူရင်း ပိုင်ရှင်ကတော့ ကိုနေမင်းမောင်ဖြစ်ပါတယ်ဗျာ။ ကျွန်တော့်ဆိုဒ်မှာ ကိုယ်ပိုင် Post တွေရေးတာများပါတယ်။ ဒါပေမယ့် အခုလို အရမ်းကောင်းပြီး လူတိုင်းအတွက် အသုံးဝင်မယ့် Post လေးတွေကိုတော့ ကိုနေမင်းမောင် အပါအ၀င်းအခြားသော ပညာရှင်များကို ဂုဏ်ပြုချင်တာကြောင့် ကြားဖြတ် Post လေးတွေအဖြစ် တင်ပေးရ 
ခြင်းဖြစ်ပါတယ်ဗျာ။ ဒီ Post လေးကို သဘောကျလို့ သိမ်းထားချင်တယ်ဆိုရင် Ebook အနေနဲ့ပါဒေါင်းယူ သွားနိုင်အောင် Ebook ပြန်လုပ်ထားပေးပါတယ်ဗျာ။ Dwonload တော့ဆွဲယူထားသင့်ပါတယ်လို့ အကြံပေး ချင်ပါတယ်ဗျာ။ ဘာလို့လည်းဆိုတော့ ဒေါင်းယူထားတော့ ကိုယ်ပြန်ကြည့်ချင်တဲ့အချိန်လွယ်ကူစွာဘဲ ပြန်
ကြည့်နိုင်ပါတယ်။ အခြားသူများကိုလည်း Share နိုင်ပါတယ်ဗျာ။ကဲဗျာ..... အောက်မှာနည်းလမ်းလေးကို
ကြည့်လိုက်ကြ ရအောင်ဗျာ။
************************************************
အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လို့ရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် .. G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင် ဖုန်းကို SMS ပို့ချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး အလွယ် တကူ ပို့ယုံပါပဲ .. Oversea က ဖုန်းတော်တော် များများတော့ ရမယ် ထင်ပါတယ် .. မြန်မာပြည်တော့ ကျွန်တော် စမ်းကြည့်တာတော့ မရပါဘူး ... စမ်းတော့ ကြည့်လိုက် အုံးပေါ့ဗျာ .. ကျွန်တော် မေအာက်မှာ ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ။။

အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Setting ကို သွားလိုက်ပါ .. 
ပြီးရင်အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Labs ကိုသွားလိုက်ပါ ။။
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း SMS ( text messaging ) in Chat နဲ့ SMS is Chat gadet ကို Enable ပေးလိုက်ပါ ..



ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Save Changes ပေးလိုက်ပါ .. 
ဒါဆိုရင်တော့ SMS ပို့လို့ ရသွားပါပြီ .. မိမိတို့ Gmail account name ရဲ့ အပေါ်မှာ ကြည့်လိုက်ပါ .. Chat and SMS ဆိုပြီး Gadet လေး ပေါ်လာပါလိမ့်မယ် .. အောက် ပုံမှာ ပြထားသိလို မိမိတို့ ပို့ချင်တဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့် ပေးလိုက်ပါ .. နိုင်ငံ ကုဒ်တွေ တော့မှန်ဖို့ လိုပါလိမ့်မယ် ..
အောက်က အဆင့်မှာ Contact name မှာ မိမိတို့ စိတ်ကြိုက် အမည် တစ်ခုကို ရိုက်ထည့် ပေးလိုက်ပါ .. ပြီးရင် Save လိုက်ပါ .. ဒါဆိုရင် G-mail မှာ Chat သုံသလို SMS ပို့လို့ ရသွားပါလိမ့်မယ် ..
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

အခုနည်းလမ်းလေးကို Ebook အနေနဲ့ ဒေါင်းယူထားချင်တယ်ဆိုရင်တော့ အအောက်က Link မှာဒေါင်းယူ
သွားနိုင်ပါတယ်ဗျာ။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။