အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
Windows built-in password reset feature ကို အ သုံး ပြု ပြီး Password Reset Disk
ပြုလုပ်နည်းအကြောင်းကိုလည်းရေးပေးဖူးပါတယ်။Password Reset Disk
မပြုလုပ်မိတဲ့ အခြေအနေမှာ သင့်ဝင်းဒိုး ရဲ့  password မေ့ သွားခဲ့ရင်တော့
freeware တစ်ခု ဖြစ်တဲ့ Lazesoft Recover My Password
ဆော့ဝဲကို အသုံးပြုပြီး password reset
ချနည်းကိုလည်းရေးပေးပြီးပါပြီ။ဒီလို windows password reset disc တွေကို
အသုံးပြုဖို့ သင် နောက်ထပ် ကွန်ပြူတာတစ်လုံးကို အသုံးပြုရမှာပါ။အခု
ပြောပြမယ့်နည်းက password reset disc လည်းအသုံးပြုစရာမလို တဲ့ အတွက်
နောက်ထပ် ကွန်ပြူတာတစ်လုံးမရှိဘဲနဲ့ သင့် windows password ကို reset
လုပ်နိုင်မှာပါ။သင့်မှာလို အပ်တာက Windows Installer CD/DVD တစ်ခုပါပဲ။
Windows
CD/DVD ကို drive ထဲထည့်ပြီး သင့်ကွန်ပြူတာကို CD/DVD ကနေ boot တက်ပါ။
ပထမအဆင့်ကို ကျော်ပြီးနောက်အဆင့်မှာ “Repair Your Computer” ကို နှိပ်ပါ။
Command Prompt option ရောက်တဲ့ အထိဆက်သွားပြီး Command Prompt ကိုနှိပ်ပါ။
အောက်က command နှစ်ကြောင်းကို တစ်ခု ချင်းစီရိုက်ပြီး enter နှိပ်ပေးပါ။
| copy c:\windows\system32\sethc.exe c:\ |
|
copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe
|
Overwrite လုပ်မလားမေးရင် yes ရိုက်ပေးပြီး enter ခေါက်ပါ။
Windows
ကို restart လုပ်ပါ။Boot Order မှာ CD/DVD ကနေ မတက်ဘဲ နဂို မူလအတိုင်း
hard drive ကနေ boot တက်ပါ။Log In screen ရောက်ရင် shift key ကို (၅)
ကြိမ်နှိပ်ပါ။Administrator mode command prompt ပေါ်လာပါလိမ့်မယ်။
အောက်က
command ကို ရိုက်ပေးပါ။Username နေရာမှာသင့် username ကို ရိုက်ပေးပြီး
MyNewPassword နေရာမှာ သင်နှစ်သက်ရာ password တစ်ခု ကို ရိုက်ပေးပြီး reset
လုပ်နိုင်ပါတယ်။
| net user username MyNewPassword |
Command Prompt ကို ပိတ်ပြီး သင် ပြုလုပ်ထားတဲ့ password အသစ်နဲ့ သင့်ကွန်ပြူတာကို သုံးနိုင်ပါပြီ။
ပြီးရင်အပေါ်မှာ
နေရာပြောင်းထားတဲ့ sethc.exe ဖိုင်ကို သူ့ နေရာ အမှန်ကို
ပြန်ပြောင်းပေးဖို့ လို ပါတယ်။Windows CD/DVD ကနေ boot တက်ပြီး command
prompt ကနေ အောက်က command ကို ရိုက်ပေးပါ။
| copy c:\sethc.exe c:\windows\system32\sethc.exe |
- See more at: http://www.kothuya.com/2013/03/how-to-reset-your-forgotten-windows.html#sthash.hx7x7PNd.dpuf

Credit By...
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော)
Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
0 comments:
Post a Comment
ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။