အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
Saturday, September 14, 2013
Portable Applications များရယူနိုင်မယ့် ၀က်ဆိုက်များ။
ဒီနေ
့ခေတ်မှာ ဖုန်းတွေ အသုံးပြုမှုများပြားလာပြီးဖုန်းတွေ ရဲ့  Storage
ကလည်းများပြားလာပါတယ်။ သင်နှစ်သက်တဲ့ Windows Applications တွေကို
သွားလေရာသယ်ဆောင်အသုံးပြုချင်ရင်တော့ Portable Applications တွေကို
ဖုန်းထဲ၊ usb stick
ထဲထည့်ပြီးလွယ်လွယ်ကူကူအသုံးပြုနိုင်ပါတယ်။အင်တာနက်ဆိုင်၊ public pc တွေ
မှာ သင့်ရဲ့  အရေးကြီး တဲ့ personal data တွေကို အသုံးပြုတော့မယ်ဆိုရင်လည်း
security ပိုင်းအရရော၊ privacy ပိုင်းအရပါလုံခြုံအောင် portable
applications တွေကိုအသုံးပြုသင့်ပါတယ်။ သင့်ကွန်ပြူတာကိုအသုံးပြုရတာလေးလံ
လာတယ်ဆိုရင် အင်စတောလုပ်ထားတဲ့ ဆော့ဝဲတွေကို Portable Apps တွေနဲ
့အစားထိုးအသုံးပြုနိုင်ပါတယ်။Portable Applications တွေကအင်စတောလုပ်စရာမလို
တဲ့အတွက်သင့်ကွန်ပြူတာရဲ့ performance
ကိုလည်းကောင်းမွန်စေပါတယ်။ဒီဆောင်းပါးမှာ portable applications
တွေအများဆုံးရယူနိုင်မယ့် ၀က်ဆိုက် တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒီဆိုက်မှာတော့
Applications တွေအားလုံးဟာ 100% Free ဖြစ်ပြီး Portable
ဖြစ်ပါတယ်။Applications တွေကို Newest or Latest အလိုက် ပြသပေးထားတာကိုတွေ
့မြင်နိုင်ပါတယ်။
Application
တစ်ခု ကိုနှိပ်ကြည့်ရင် သတင်းအချက်အလက်စုံစုံလင်လင်သိရှိနိုင်ပါတယ်။
Category,System Requirement စတာတွေကို တွေ့ မြင်နိုင်ပါတယ်။တစ်ချို့ 
Portable App တွေကို တော့ Extractor တစ်ခုခုနဲ့ အရင်
ဖြည်ပြီးမှအသုံးပြုရမယ်ဆိုတဲ့ သတင်းအချက်အလက်ကိုပါသိနိုင်ပါတယ်။The
Portable Freeware Collection ဟာ Portable Applications တွေ
အများဆုံးရှိတဲ့ဆိုက်တစ်ခုဖြစ်ပါတယ်။
Pendriveapps.com
မှာလည်း Portable Applications တွေ များပြားပြီး ကဏ္ဍတွေများစွာခွဲထားပြီး
လိုချင်တာကိုလွယ်လွယ်ရှာနိုင်ပါတယ်။Antivirus,Media Player,Email App,Disk
Defragmenters,File Manager,System Tools,Translators,Browsers,Encryption
Utilities စသဖြင့် ကဏ္ဍတွေ ခွဲထားတာတွေ့ မြင်နိုင်ပါတယ်။
Application
တစ်ခုကိုနှိပ်ကြည့်ရင် Screenshot,Extracted Size,Download
Information,Other Similar Applications စတဲ့သတင်းအချက်အလက်တွေကိုတွေ
့မြင်နိုင်ပါတယ်။
ဖိုင်ဆိုက်အသေးဆုံး
Portable Apps တွေကိုအသုံးပြုချင်ရင် TinyApps.Org မှာရှာပါ။TinyApps.Org
မှာလည်း Portable Applications တွေများစွာရှိပြီး Browsers,Text
Editors,Graphics,Software,System Utilities,File Managers စသဖြင့် ကဏ္ဍတွေ
အလိုက်ရှာဖွေနိုင်ပါတယ်။Windows သာမက Palm,OS X platform တွေ အတွက်လည်း
Portable App တွေ ရှိတာကထူးခြားတဲ့အချက်ပါ။
App
Page မှာ ဖိုင်ဆိုက်၊အသုံးဝင်ပုံတွေကို သိနိုင်ပါတယ်။တစ်ချို့  App
တွေဆိုရင် kilobytes အရွယ်အစားသာရှိတဲ့အတွက် ဖိုင်ဆိုက်အသေးဆုံး Apps
တွေကို အသုံးပြုချင်ရင် ဒီဆိုက်မှာရှာပါ။
PortableApps.com
ကတော့နာမည်ကြီးဆိုက်တစ်ခုဖြစ်ပြီး အပေါ်ကဆိုက်တွေ မှာလို Standalone
Portable Apps တွေ ကို ဒေါင်းလုပ်လုပ်ပြီးအသုံးပြုနိုင်သလို သူ့ ရဲ
့Portable Apps Manager or Portable Apps Suite ကလည်း ထူးခြားပါတယ်။
Manager ကိုအသုံးပြုရင် Apps တွေကို ကဏ္ဍတွေအလိုက်ခွဲခြားအသုံးပြုနိုင်တာတွေ၊
Update လုပ်နိုင်တာတွေ၊Backup & Restore လုပ်နိုင်တာတွေ
ကိုပြုလုပ်နိုင်ပါတယ်။Standalone Apps တွေလည်း 300 ကျော်ရှိပါတယ်။
PortableApps.com
မှာ အကောင်းဆုံး App တွေကို Portable
အဖြစ်အသုံးပြုနိုင်အောင်ပြုလုပ်ပေးထားတယ်လို
့သိရပါတယ်။အဲဒီအတွက်နာမည်ကြီးတဲ့ Applications တွေ ရဲ့  Portable Version
ကိုအသုံးပြုချင်ရင် PortableApps.com မှာရှာပါ။
















0 comments:
Post a Comment
ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။