Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ
Showing posts with label microsoft အသုံးပြုနည်းများ. Show all posts
Showing posts with label microsoft အသုံးပြုနည်းများ. Show all posts

Monday, May 5, 2014

Guide to Master Microsoft Word

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် သယ်ရင်းတို့ရဲ့ မိတ်ဆွေတွေကိုလည်း ဆိုဒ်လေးကို လာလည်ရန် ဖိတ်ခေါ်ပေးပါအုန်း လိုအပ်သည်များကို Cbox တွင် ပြောကြားခဲ့ပါ ပျော်ရွှင်ပါစေ



 
 
 
ဒီသင်ခန်းစာလေးကတော့ Microsoft Word  နှင့်ပတ်သက်ပြီး သိထားသင့်တဲ့ လုပ်ဆောင်ချက် 12 ချက်ကို ကောက်နှုတ်ဖော်ပြပေးထားတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။
ဒီတော့ သင့်အနေဖြင့် Microsoft Word Program ကို နည်းနည်းပါးပါး အသုံးပြုတတ်ရန်လိုပါတယ်။ တကယ်လို့ သင့်အနေဖြင့် Microsoft Word ကို တစ်ခါမှ မသုံးဖူးသေးဘူးဆိုရင်တော့ ဒီသင်ခန်းစာများဟာ သင့်အတွက် အခက်အခဲရှိနိုင်ပါတယ်။
ယခု Guide 12 ချက်ဟာ Microsoft Word ကို ကျွမ်းကျင်ပြီးသားလူတွေပဲဖြစ်ဖြစ်၊ အခြေခံနည်းနည်း ပါးပါးနားလည်တတ်ကျွမ်းပြီးသား (Basic Concepts ကိုနားလည်ပြီးသူများ) အနေဖြင့် Step by Step Guide အလိုက် တစ်ဆင့်ခြင်း လေ့လာသွားလို့ရပါတယ်။ ဒီသင်ခန်းစာမှာ လေ့လာရမည့် အကြောင်းအရာတွေ ကတော့ ..
  1. 1) Work with Quick Styles.
  2. 2) Insert and resize pictures in a document.
  3. 3) Wrap text around images.
  4. 4) Insert Watermarks in your documents.
  5. 5) Track, accept and reject changes made in documents.
  6. 6) Add comments to a document.
  7. 7) Protect documents.
  8. 8) Compare documents.
  9. 9) Work with different Headers.
  10. 10) Work with citations & bibliography.
  11. 11) Create a table of contents.
  12. 12) Save documents as PDF (Portable Document Format) files.
စတာတွေ ဖြစ်ပါတယ်။ ..
  1. Work with Quick Styles            
Styles ဆိုတာဟာ Microsoft Word မှ အသင့်ပါဝင်ပြီးသား စာလုံးပုံစံကို ဆိုလိုတာ ဖြစ်ပါတယ်။ Microsoft Word မှာ Styles ပုံစံများစွာပါဝင်ပါတယ်။ Styles တွေကိုTitleစာသားရေးထိုးတဲ့ အခါမျိုးမှာ အသုံးပြုပါတယ်။ Styles တွေကို အသုံးပြုရန်အတွက် MS Word တွင် သင်နှစ်သက်ရာ စာသားတစ်ခုခုကို ရိုက်လိုက်ပါ။ အောက်ပါ ပုံစံအတိုင်းဖြစ်ပါတယ်။

ပြီးနောက်  ညာဖက် Menu Bar ပေါ်ရှိ Styles နေရာတွင် Click နှိပ်ပြီး နှစ်သက်ရာ Style တစ်ခုကိုရွေးလိုက်ပါ။ အောက်ကပုံအတိုင်းဖြစ်ပါတယ်။

ဒါဆိုရင် သင်ရေးသားထားတဲ့ Sample Title ဟာ သင်ရွေးချယ်လိုက်တဲ့ Styles ပုံစံအတိုင်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
Styles တွေကို ခေါင်းစဉ် Title ရေးထိုးတဲ့အခါမျိုးတင်မကပဲ စာပိုဒ်တွေရေးတဲ့ အခါမှာလည်း အသုံးပြုလို့ရပါတယ်။ အောက်တွင် နမူနာပုံစံတစ်ခု အနေဖြင့် Style ကိုအသုံးပြုပြီး စာပိုဒ်တစ်ခု ဖန်တီး ထားပါတယ်။ ဒီလောက်ဆို MS Word မှာပါဝင်တဲ့ Styles တွေအကြောင်းကို နားလည်သဘောပေါက်ပြီ ထင်ပါတယ်။


 

Excel အသုံးပြုသူများအတွက်

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် သယ်ရင်းတို့ရဲ့ မိတ်ဆွေတွေကိုလည်း ဆိုဒ်လေးကို လာလည်ရန် ဖိတ်ခေါ်ပေးပါအုန်း လိုအပ်သည်များကို Cbox တွင် ပြောကြားခဲ့ပါ ပျော်ရွှင်ပါစေ






ယခု ဖော်ပြပေးမည့် Shortcuts 10 မျိုးဟာ Excel အသုံးပြုသူများအတွက် အလွန်အကျိုးရှိပြီး လုပ်ငန်းခွင်အတွင်း Software အသုံးပြု တွက်ချက်လုပ်ဆောင်ရာမှာ ပိုမိုထိရောက်မြန်ဆန်စေရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ Microsoft Excel  မှာ စုစုပေါင်း Shortcut အရေအတွက် 233 ခု ကျော်ပါရှိပါတယ်။ ဒါပေမယ့် အဲဒီလို Shortcut တွေ အကုန်လုံးကို မှတ်မိဖို့ဆိုတာ မလွယ်ကူပါဘူး။
အသုံးအများဆုံးနှင့် အကျိုးအရှိဆုံး Shortcut တွေကိုသာ သင့်အနေဖြင့် လေ့လာမှတ်သားထားသင့်ပါတယ်။ ယခု Shortcut Key 10 ခုကတော့ Computerworld Website မှ top ten အနေဖြင့် ကောက်နှုတ်ထားတဲ့ Excel Shortcut တွေဖြစ်ပါတယ်။
1.   Ctrl+Page Down

Ctrl+Page Down Key ကတော့ Excel မှာ Worksheet တွေကို တစ်ရွက်မှ နောက်တစ်ရွက်သို့ လွယ်ကူလျှင်မြန်စွာ ကူးပြောင်းပေးမည့် Shortcut Key တစ်ခုဖြစ်ပါတယ်။ စာမျက်နှာတစ်ရွက်နဲ့ တစ်ရွက် ကူးချင်တဲ့အခါမျိုးမှာ လွယ်လွယ်ကူကူ ကူးပြောင်းနိုင်စေရန် ကျက်မှတ်ထားသင့်ပါတယ်။ ထို့အတူ Ctrl+Page Up ဟာလည်း နောက်စာမျက်နှာမှ အရှေ့စာမျက်နှာသို့ ပြန်သွားစေချင်တဲ့အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။
2.   Ctrl + Down Arrow
Ctrl + Down Arrow ကတော့ Excel အတွင်းမှာပါဝင်တဲ့ နောက်ဆုံး Row ကို အမြန်ကူးပြောင်းသွားစေချင်တဲ့ အခါမှာ အသုံးပြုပါတယ်။ ထိုနည်းတူ Ctrl + Up Arrow ကတော့ ရှေ့ဆုံး(အပေါ်ဆုံး) Row ကို ပြန်သွားချင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီမှာ Shift Key လေးကိုပါ တွဲနှိပ်လိုက်မယ် ဆိုရင်တော့ Cell တွေကို Select မှတ်လိုက်သလို မျိုးဖြစ်ပါတယ်။
3.  Ctrl+*

ဒါကတော့ Excel အတွင်း သင်ထည့်သွင်းထားတဲ့ စာရင်းတွေကို တစ်ခါတည်းအားလုံး Select မှတ်ပေးလိုက် တာပါ။ Ctrl + A (Select All) မဟုတ်ပါဘူး ။ Excel ရဲ့ Whole Database အကုန်လုံးကို Select မှတ်ပေးတာဖြစ်ပါတယ်။ အပေါ်က ပုံကိုကြည့်ရင် သိနိုင်ပါတယ်။
4.  Shift+F10

Shift+F10 ကတော့ Right Click Pop Up Menu ကို ခေါ်ယူအသုံးပြုချင်တဲ့အခါမှာ အသုံးပြုပါတယ်။ Mouse ရဲ့ Right Click ကိုနှိပ်လိုက်တာနဲ့ အတူတူပါပဲ။ အဲဒီလို Pop Up Menu မှာ သင်ရွေးချင်တဲ့ Menu ကို Up Arrow , Down Arrow တို့ကို အသုံးပြုပြီး ရွေးချယ်နိုင်ပါတယ်။
5. Ctrl+5

ဒါကတော့ သင်အနေဖြင့် Cell တစ်ခုအတွင်းမှာရှိတဲ့ စာသားတွေကို အနက်ရောင် Strike တစ်ခု ထည့်သွင်းချင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ သင်အနက်ရောင်လိုင်း ထည့်သွင်းချင်တဲ့ Cell ကို ရွေးချယ်ပါ။ ပြီးနောက် Keyboard မှ Ctrl + 5 ကိုနှိပ်ပြီး Strike လိုင်း ထည့်သွင်းနိုင်ပါတယ်။
6. Ctrl+ ;

Ctrl + ; ကတော့ လက်ရှိ Cell အကွက်အတွင်း နေ့စွဲ ၊ ရက်စွဲတွေကို အလိုအလျှောက်ထည့်သွင်း နိုင်ရန်ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လက်ရှိရောက်နေတဲ့နေ့စွဲကို သီးသန့်ရိုက်ထည့်စရာမလိုပါဘူး ။ Ctrl +; ကိုတွဲနှိပ်လိုက်ရင် ရပါပြီ။
7. Ctrl + Shift + ;

Ctrl + Shift + ; ဟာ အပေါ်မှာ ဖော်ပြထားတဲ့ Ctrl + ; နှင့်ဆင်တူပါတယ်။ သူကတော့ Cell ကွက် အတွင်း လက်ရှိရောက်နေတဲ့ အချိန်ကိုထည့်သွင်းပေးတာ ဖြစ်ပါတယ်။
8. Ctrl + T

Ctrl + T ကတော့ Excel အတွင်း Table ထည့်သွင်း လိုတဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ Table ထည့်သွင်းရန်အတွက် သင်နှစ်သက်သလောက် Cell အကွက်များကို Mouse နှင့် Select မှတ်လိုက်ပါ။ ပြီးနောက် Ctrl + T ကိုတွဲနှိပ်လိုက်ပါ။ ဒါဆို သင်မှတ်ထားသော Cell အကွက် အလိုက် Table တစ်ခု ကိုရရှိမှာ ဖြစ်ပါတယ်။
9.­­­­ Ctrl + F

Ctrl + F ကတော့ Find ဖြစ်ပါတယ်။ Excel Cell အကွက်တွေအများကြီးဖြစ်လာတဲ့အခါ ကျွန်တော်တို့ဟာ နံပတ်တစ်ခု (သို့မဟုတ်) အကြောင်းအရာ တစ်ခုကို လျှင်လျှင်မြန်မြန် ရှာဖွေနိုင်ဖို့ ခက်လာပါတယ်။ ဒီတော့ အဲဒီလို အကြောင်းအရာ ကိန်းဂဏန်းတစ်ခုခုကို လွယ်လွယ်ကူကူ ရှာချင်တယ်ဆိုရင်တော့ Ctrl + F ကို တွဲနှိပ်ကာ ရှာဖွေနိုင်ပါတယ်။
10. Ctrl + F (Replace)

သူကတော့ အပေါ်က Ctrl + F (Find) နှင့်တွဲဖက်အသုံးပြုရန် ဖြစ်ပါတယ်။ Cell အကွက် အတွင်းမှာ ရှိတဲ့ စာသားတွေကို လဲလှယ်ချင်တယ်ဆိုရင် လွယ်လွယ်ကူကူ လဲလှယ်ပေးနိုင်စေရန် အတွက် ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြပေးထားတဲ့ ပုံကတော့  Book 4 ဆိုတဲ့ စာသားကို Book No- 5 ဆိုပြီး ပြောင်းလဲ လိုက်ပုံဖြစ်ပါတယ်။ စာသားပြောင်းလဲသွားစေရန် Replace ကိုနှိပ်ပါ။