Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ
Showing posts with label firmware တင်နည်း. Show all posts
Showing posts with label firmware တင်နည်း. Show all posts

Tuesday, July 12, 2016

Xiaomi Mi Max ဖုန်းမှာ CM13 ROM တင်ယူနည်း

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် သယ်ရင်းတို့ရဲ့ မိတ်ဆွေတွေကိုလည်း ဆိုဒ်လေးကို လာလည်ရန် ဖိတ်ခေါ်ပေးပါအုန်း လိုအပ်သည်များကို Cbox တွင် ပြောကြားခဲ့ပါ ပျော်ရွှင်ပါစေ

Xiaomi Mi Max ဖုန်းကို CM13 ROM တင်သုံးချင်တဲ့ ညီအကိုများအတွက်
အဆင်ပြေမယ့် ဒေါင်းလော့လင့်နဲ့ တင်ယူနည်းကိုပါ မျှဝေပေးလိုက်ပါတယ်။

Xiaomi Mi Max ဖုန်းကတော့ MIUI 7 ဖြင့် တာထွက်လာတာပါ
တကယ်လို့သင့်ဖုန်းမှာ နောက်ဆုံး ဗားရှင်း Marshmallow 6.1 ဖြင့်
လန်းချင်တယ်ဆိုရင်တော့ CM13 ROM ကို တင်ယူရမှာပဲဖြစ်ပါတယ်။


   လိုအပ်ချက်များ
========
၁။ Root Access ရရှိထားပြီးသားဖြစ်နေရပါမယ်။

၂။ CWM & TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

၃။ Nandroid Backup တစ်ခုပြုလုပ်ထားပေးပါ။

၎။ ဘက်ထရီအားသည် အနည်းဆုံး  70% ရာခိုင်နှုန်းရှိရပါမည်။

၅။ CM13 ROM for Xiaomi Mi Max


 ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။

အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။
ROM (Password: 7yqe)
OR
Custom Rom Firmware တင်နည်း
======================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။

၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ

 ၃။ CM13 ROM for Xiaomi Mi Max ကိုဒေါင်းလော့ရယူပြီး
SD Card သို့ Copy ကူးထည့်လိုက်ပါ။

၎။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Home + Power များကိုတွဲနှိပ်ပြီး
Custom recovery mode သို့ဝင်လိုက်ပါ Custom recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၆။ Custom Recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး CM13 ROM ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊

Google Gapps ကိုလည်း ထပ်တူ Flash လုပ်ပေးလိုက်ပါ။

၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၈။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၉။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ CM13 ROM လေးလန်းနေပါလိမ့်မယ်။



အဆင်ပြေပါစေ


Credit by...ဇူးနစ်(နည်းပညာ)

Thursday, May 15, 2014

SAMSUNG PHONE များတွင် OFFICIAL FIRMWARE တင်နည်းအပြည့်အစုံ

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် သယ်ရင်းတို့ရဲ့ မိတ်ဆွေတွေကိုလည်း ဆိုဒ်လေးကို လာလည်ရန် ဖိတ်ခေါ်ပေးပါအုန်း လိုအပ်သည်များကို Cbox တွင် ပြောကြားခဲ့ပါ ပျော်ရွှင်ပါစေ







Samsung တွင် Official Rom ပြန်တင်ရန် အောက်ပါတို့လိုအပ်ပါသည်။


1. Samsung driver
2. Phone ကို Downloading Mode တွင်ရှိရန်
3. Odin (or) Odin Multi Downloader
4.Official Rom ဖိုင် (Samsungတွင် Rom file သည် .tar (or).tar.md5 ဖြင့်ဆုံးသော fileများ)
Phone ကို PC မှသိအောင် Driver သွင်းပါ။( Samsung phone များအတွက် Samsung မှ Kies ဆိုသော Software ကို ထုတ်ပေးထားပါသည်။ ၎င်းသည် Samsung phone များအတွက် Client Software တစ်ခုအဖြစ်သာမကဘဲ
USB Driver ပါ install လုပ်ပေးပါသည်။ Client Software ဆိုသည်မှာ Phone နှင့် PC ကို ချိတ်ဆက်ပေးပြီး Data Sync လုပ်ပေးသော Software ဖြစ်ပါသည်(ဥပမာ-Mobile Go , Moborobo တို့ နှင့် တူညီပါသည်။)







Phone ကို Download Mode တွင်ထားပါ။

Download Mode ၀င်တဲ့ ခလုပ်က

Vol up + Home + Power

ကျွှန်တော်ကတော့ ခလုပ်နှိပ်ပျင်းလို့ တို့ဆရာ Chateau Man(သားသား)သင်ပေးတဲ့

အတိုင်း Command Prompt ကနေဘဲ ၀င်တယ်

ဘယ်လိုလဲဆိုတော့



http://www.mediafire.com/download.php?p45gs57mg10l677






အပေါ်ကဟာလေးဒေါင်းပြီးတော့ ဖြည်ပြီးတော့ Partition: C ထဲက ခင်ဗျားရဲ့ User အောက်မှာ


ထားလိုက်ပါ။

ပထမဆုံး Phone ကို USB Debugging နဲ့ Unknown Source တို့ On ပြီး PC နဲ့
Connect လုပ်ပါ။



Win + R
Run Box ကျလာရင် cmd လို့ ရိုက်ပြီး Enter ခေါက်
Command Prompt မှာ adb reboot download mode လို့ရိုက်ပြီး Enter ခေါက်

ကဲ ရောက်သွားရော



ကဲ download Mode ကိုရောက်ပြီဆိုရင် Odin ရဲ့ အခန်းကဏ္ဍ ရောက်ပါပြီ

Samsung မှာ FIRMWARE တင်လို့ ရတှဲ့Software (2) ခုရှိပါတယ်

(1) Odin နဲ့

(2) Odin Multi Downloader ပါ

ဒီတော့ ကျွှန်တော်တို့က Phone ကို ဘယ် Software နဲ့ တင်မလဲ ဆိုတာ ဆုံးဖြတ်ရမယ်




Odin Multi Downloader ကို ဖွင့်လိုက်ပါ။

အဲဒီမှာ COM Port Mapping ဆိုတာကိုကြည့်လိုက်ပါ။

အခုလို ပြ နေရင် ကျွှန်တော်တို့ဟာ Odin Multi Downloader နဲ့ ဖန်လုံးရိုက်လို့ရပါပြီ …..ဟီး ဟီး…..( စက်ရုပ်ပိစိကွေးလေးပြောသလိုပေါ့ )

အဲဒီမှာ တစ်ခုတွေ့ရတာက Odin Multi Downloader နဲ့ရိုက်ရမယ့် Phone ဟာ Odin မှာလည်း အခုလိုပြနေတာဖြစ်ပါတယ်။


ဒါပေမဲ့ ကံကောင်းတာက Odin နဲ့ ရိုက်ရမဲ့ Phone က Odin Multi Downloader မှာ လာမပြတော့ပါဘူး

……..

ဒါကြောင့် ကျွှန်တော်တို့က အမြဲတမ်း Phoneနဲ့ ချိတ်ပြီးရင် Odin Multi Downloader နဲ့ ဖွင့်ကြည့်ရပါမယ်

ဒါမှ Odin လား Odin Multi Downloader လား ဆိုတာ သေချာသိမှာပါ။


**** အဲဒီတော့ အဓိကက ဖန်လုံးရိုက်မယ်ဆိုရင် Odin Multi Downloader နဲ့ဖွင့်ပါ။ Com Port Mapping မှာပြရင် အဲဒါနဲ့လုပ် မပြရင် Odin နဲ့လုပ်ပါ။ ****

ကဲအဲဒီတော့ Odin နဲ့လား Odin Multi Downloader နဲ့လား ဆိုတာသိသွားပါပြီ။


အခု Firmware တင်ပါတော့မယ်။

အဲဒီတော့ Down ထားတဲ့ file ကို ကြည့်ကြစို့။

File တစ်ခုရဲ့ File Name မှာ အပိုင်း(၂)ပိုင်းပါဝင်ပါတယ်။

Base name နဲ့ Extension name ပါ။

ဥပမာ- frozenkeyboard.apk မှာ frozenkeyboard က Base name ပါ .apk က

Extension name ပါ

Samsung Firmware အတွက် Extension name က--

1. .tar

2. .tar.md5 တွေပါ။

ကဲ ဒီတော့ FIRMWARE တင်မဲ့ PHONE ရဲ့ file ကို down လိုက်ပါ။

Down ထားတဲ့ file ကို ဖြည်လိုက်ပါ။
Samsung Firmware တွေကို ဒီမှာ Down ပါ။Register တော့ လုပ်ရတယ်။



ဒီမှာ ၂မျိုး ထပ်ကွဲပါတယ်။

ဖြည်လိုက်ရင်

1. .tar(or).tar.md5 တစ်ဖိုင်တည်း (သို့မဟုတ်)

2. .tar(or).tar.md5 လေးဖိုင် ပါလာတာရယ်ပါ။


Odin မှာ ဒီလိုလုပ်ပါ။

.tar (or) .tar.md5 တစ်ဖိုင်တည်းဆိုရင်

1. PDA အကွက်မှာ .tar (or) .tar.md5 ကို Directory ပေးပါ။

2. Start ကို နှိပ်ပါ။

3. PASS ဆိုရင် ပြီးပါပြီ။




.tar(or).tar.md5 လေးဖိုင်

ပါလာတဲ့ file လေးဖိုင်မှာ

1. BOOT ဆိုတဲ့ စာလုံးပါတဲ့ ဖိုင်ကို BOOTLOADER မှာ

2. CODE ဆိုတဲ့ စာလုံးပါတဲ့ ဖိုင်ကို PDA မှာ

3. MODEM ဆိုတဲ့ စာလုံးပါတဲ့ ဖိုင်ကို PHONE မှာ

4. CSC ဆိုတဲ့ စာလုံးပါတဲ့ ဖိုင်ကို CSC မှာ

Directory ပေးပါ။

Start ကိုနှိပ်ပါ။

PASS လို့ ပေါ်လာရင်ရပြီ။





Odin Multi Downloader မှာ ဒီလိုလုပ်ပါ

.tar (or) .tar.md5 တစ်ဖိုင်တည်းဆိုရင်

.tar (or) .tar.md5 တစ်ဖိုင်သာပါပါတယ်။ ဒါပေမဲ့ .ops တစ်ဖိုင်ပါပါသေးတယ်။

1. .ops ဖိုင်ရွေးပါ။

2. One package ကို အမှန်ခြစ်ခြစ်ပါ။

3. One Package နေရာမှာ .tar (or) .tar.md5 file ရွေးပါ။

4. Start ကို နှိပ်ပါ။

5. PASS လို့ပေါ်လာရင်ပြီးပြီ။

.tar(or).tar.md5 လေးဖိုင်
1. .ops ဖိုင်ရွေးပါ။
2. One Package အမှန်ခြစ်ရှိလျှင် ဖြုတ်ပါ။
3. BOOT, PHONE, PDA,CSC ကို Directory ရွေးပါ။
4. Start ကို နှိပ်ပါ။
5. PASS လို့ပေါ်လာရင်ရပြီ။


ဒါက ကျွှန်တော့်မှာရှိတဲ့ Odin နဲ့ Odin Multi Downloader တွေပါ

Samsung Official Firmware တင်တာက ဒီနေရာမှာပြီးပါပြီ
……………
ကျွှန်တော်က ဆရာကြီးတစ်ယောက်မဟုတ်လို့ အခုရေးတဲ့ Post မှာ
လိုအပ်တာတွေ ၊ မပြည့်စုံတာတွေ ၊ အမှားအယွင်းများပါခဲ့ရင်
ထောက်ပြနိုင်ပါတယ်။
ဒီPost လေးက ကျွှန်တော် သင်တန်းမှာ သင်ရတာလေးကို ပြန်ရေးထားတာပါ။
ကျွှန်တော့် အတွေ့အကြုံလေးတွေလဲပါတာပေါ့။

ပြီးတော့သားသား(ChateauMan-နာမည်နှစ်မျိုးနဲ့လူတတ်လဲတတ်နိုင်တယ် ပျင်းတိုင်းနာမည်ပြောင်းနေတဲ့လူ)ရဲ့ ကျေးဇူးလဲမကင်းပါဘူး။
သူ့ရဲ့ Android User Guide ကိုဖတ်ပြီးတော့ ကျွှန်တော် android အကြောင်း ပိုသိလာတာပါ။

ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။

ဒီ post ကို pdf file နဲ့ လိုချင်ရင် ဒီမှာပါ

။။။။။။။။။။။။။။။။။။။။


Zarni Myinttun (ဇော်ဂျီ)
Collection of Android
[b]COA Online Trainning Center (F2A)[/u]