Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ

Thursday, August 22, 2013

Connection နှေးနေတဲ့အချိန်မှာ Facebook ကို ဘယ်လိုသုံးမလဲ?

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် ကွန်မန်.ချန်ခဲ.ပါနော် ဘလော.ကာများရဲ. ခွန်အားပါ ပျော်ရွှင်ပါစေ


နှေးတဲ့ ကွန်နက်ရှင်မှာ Facebook သုံးနည်း


နှေးတဲ့ ကွန်နက်ရှင်မှာ Facebook သုံးနည်း
ဟုတ်ကဲ့ ….။
ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာကျော် လူမှုကွန်ယက် ဝက်ဘ်ဆိုက်ကြီးဖြစ်တဲ့ Facebook ကို အတော်များများ အသုံးပြုလာကြပါပြီ။ ကျနော်တို့ဆီက အင်တာနက် ကွန်နက်ရှင်ကတော့ သိတဲ့အတိုင်း ဖွတ်ချပ်ချပ်ရယ် …။ ဒီကွန်နက်ရှင်မျိုးနဲ့ Facebook သုံးရတာ တစ်ခါတစ်လေ ကျတော့ အတော် စိတ်ညစ်ဖို့ ကောင်းပါတယ်။ ကွန်နက်ရှင်က လူသုံးများတဲ့ အချိန်ဆို ပိုပြီး နှေးနေတတ်ပါတယ်။

အခု ကျနော် ပြောမယ့် နည်းလမ်းကတော့ ဒီလို အင်တာနက် ကွန်နက်ရှင် နှေးကွေးနေတဲ့ အချိန်မျိုးမှာ Facebook ကို အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ဘယ်လို သုံးရမှာလဲဆိုတော့ Facebook ရဲ့ Mobile Version နဲ့ သုံးမှာပါ။ အဲ့ဒီထဲမှာတော့ Chat မပါဘူး။ အသွင်အပြင်ကလည်း သိပ်တော့ မလှဘူး။
ဒါပေမယ့် … သူငယ်ချင်းတွေ တင်လိုက်တဲ့ status တွေကို မြင်ရတယ်။ ကိုယ်ကလည်း တင်လို့ရတယ်။ ရိုးရိုးထက် ပိုပြီး မြန်ဆန်ပါတယ်။

ဒါကို သုံးဖို့အတွက် ပထမဆုံး အနေနဲ့က ကိုယ်က Facebook ကို Login ဝင်ထားတယ်ဆိုရင် အရင်ဆုံး SignOut နဲ့ ထွက်လိုက်ပါ။
ပြီးသွားရင် … http://m.facebook.com/ ကို သွာလိုက်ပါ။ အဲ့ဒီမှာ Login ဝင်ပြီးသာ သုံးလိုက်ပါ။ ဒါလေးပါပဲ။ lite.facebook.com ဆိုပြီး ရှိပါသေးတယ်။ ဒါပေမယ့်လို့လည်း အဲ့ဒီဆိုက်က အခု ကျနော် စမ်းကြည့်တာတော့ အလုပ်လုပ်တာ မတွေ့ရပါဘူး။ ဒါကြောင့် m.facebook.com ကိုပဲ ညွှန်းလိုက်တာပါ။

ကွန်နက်ရှင် နှေးနေတဲ့ အချိန်မှာ ဒါလေးနဲ့ သုံးတာက ပိုပြီး ကောင်းပါတယ်။ (http://m.facebook.com/) ။ ပြီးတော့ ဒီမိုဘိုင်း ဖေ့စ်ဘုတ်မှာ သူငယ်ချင်းတွေ အသစ် တင်လိုက်တဲ့ စာတွေ၊ ပုံတွေက အော်တို ပေါ်လာမှာ မဟုတ်တဲ့အတွက် Refresh လေး လုပ်ပြီး သုံးရပါတယ်။ Webpage ကို Refresh လုပ်ဖို့ အတွက်ဆိုရင် Keyboard ထဲက F5 ကီးလေးကိုသာ နှိပ်လိုက်ပါ။


By – မဟာရာဇာ အံစာတုံး

1 comments:

မြန်မာ နိုင်ငံအတွက် အသုံးဝင်နည်းလေးပါ ကိုတောပျော်ရေ အဆင်ပြေတယ် ကျေးဇူးပါဗျာ

Post a Comment

ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။