Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ

Thursday, October 2, 2014

Sony Xperia Z1 C6903 ကို Root

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် သယ်ရင်းတို့ရဲ့ မိတ်ဆွေတွေကိုလည်း ဆိုဒ်လေးကို လာလည်ရန် ဖိတ်ခေါ်ပေးပါအုန်း လိုအပ်သည်များကို Cbox တွင် ပြောကြားခဲ့ပါ ပျော်ရွှင်ပါစေ





Sony Xperia Z1 ကို Root လုပ်ချင်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လုပ်ချင်ရင်တော့ အောက်ကအတိုင်းလေးလုပ်လိုက်ပါ။


ပထမဦးဆုံး လိုအပ်တာလေးတွေအရင်ဒေါင်းလိုက်ပါ။


                     


.......ဒါလေးတွေကို အရင်ဒေါင်းလိုက်ပါ.......




လိုအပ်တာလေးတွေဒေါင်းပြီးရင်တော့ စလုပ်ကြရအောင်
****************************************************


1. Device ကို Unlock Bootloader လုပ်ရပါမယ်။

ဒီလင့်ကနေ ၀င်ပြီး Bootloader code တောင်းလိုက်ပါ။



2. Fastboot & adb.zip ကို ဖြည်လိုက်ပါ။

ဖြည်လို့ရတဲ့ Fastboot & adb Folder ထဲကို Boot_en.img ကိုထည့်လိုက်ပါ။

ပြီးရင် Folder ကိုဖွင့်ပြီး SHIT + RIGHT CLICK နှိပ်လိုက်ပါ။

open command window here ကို နှိပ်လိုက်ရင် Box တစ်ခုပေါ်လာပါမယ်။

အဲဒီ Box ထဲကို fastboot.exe -i 0x0fce getvar version လို့ရိုက်ထည့်ပြီး

enter မခေါက်ခင် Phone ကို volume up ဖိထားပြီး ကြိုးထိုးလိုက်ပါ။
Phone မှာ မီးပြာလေးလင်းလာရင် volume up လွှတ်ပြီးချထားလိုက်ပါ။

ပြီးရင် enter ခေါက်ပေးလိုက်ပါ။


အပေါ်ကပုံ အတိုင်း Finish ပြရင်

fastboot.exe -i 0x0fce oem unlock 0x လို့ရိုက်ထည်ပြီး  x ရဲ့နောက်ကနေ

Unlock Bootloader လုပ်တုန်းကရထားတဲ့ code ကိုရိုက်ထည့်ပြီး enter ခေါက်ပါ။




Finish ပြရင် fastboot flash boot boot_en.img လို့ထက်ရိုက်ထည့်ပြီး

enter ခေါက်လိုက်ပါ။

Finish ပြသွားပြီဆိုရင်တော့ ရပါပြီ။




* နံပတ် 3 အဆင့်ကိုသွားပါမယ်။ *

3. Phone ကို ပါဝါဖွင့်ပေးလိုက်ပါ။

auto အလုပ်လုပ်နေပါမယ် ... လွှတ်ထားပေးလိုက်ပါ။

ပြန်တက်လာပြီဆိုရင် step to step ... Home Screen မြင်ရတဲ့ထိသွားလိုက်ပါ။

Home Screen မြင်ရပြီဆိုရင် 

Setting >>> More >>> about device >>> Built number ကို 7 ချက်လောက်နှိပ်

ပြီးရင်ပြန်ထွက်ပါ။

Developer Option ပေါ်လာပါမယ်။

Developer Option ထဲက USB Debugging ကို on ပေးလိုက်ပါ။

ပြီးရင် Phone ထဲကို  UPDATE-SuperSU-v1.91.zip ကိုထည့်လိုက်ပါ။

ထည့်ပြီးရင် Phone ကို power ပြန်ပိတ်လိုက်ပါ။

ပြီးရင် power ကိုဖွင့်ပါ ... vibrate တုန်လာတာနဲ့ volume up ကို ဖိထားပေးလိုက်ပါ။

Recovery Mode ၀င်သွားပါလိမ့်မယ်။

Recovery Mode ထဲရောက်သွားပြီဆိုရင်တော့ UPDATE-SuperSU-v1.91.zip ကို

ရှာပြီး Flash ပေးလိုက်ပါ။

ပြီးရင်တော့ Reboot System Now လေးနှိပ်ပေးလိုက်ပါ။

ပါဝါပြန်တက်လာပြီဆိုရင်တော့ 



Root Accept အပြည့်အလုပ် လုပ်ပေးတဲ့ SuperSU လေး

သင့် Phone ပေါ်တွင် ရောက်နေပါပြီ။ :)

လေကြောလေးတော့ နဲနဲရှည်သွားမိပြီ။ :D


အဲ ... 114.2.A.0.290 Firmware မှာ ဒီအဆင့်နဲ့တင် အိုကေသွားပေမယ့် 114.2.A.1.136 မှာတော့ 

မအိုကေသေးပါဘူး။

Bluetooh, Network, Tethering စသည်ဖြင့် Error တွေတက်နေမှာပါ။

( တခြား Error တွေလည်းရှိနေမှာပါ ) 

အဲတော့ Error တွေကို ဒီလိုရှင်းကြမယ်......



 Flash Tool ကို Run လိုက်ပါ မိုးကြိုးပုံလေးကိုနှိပ် Flash Mode ကို Select လုပ်ပြီး Ok ကိုနှိပ်

     ပြီးရင် 114.2.A.1.136 Firmware ကို Select တချက်နှိပ်


ဆက်ပြီး ညာဘက်က Exclude အကွက်ထဲက BOOTBUNDLE နဲ့ KERNEL ကလွဲရင် 

     ကျန်တဲ့ PARTITION, TA, FOTA, BASEBAND, SYSTEM, ELABEL ရယ်ကို အမှန်ခြစ်ခြစ်ပေးပါ။


ပီးရင် Flash ကိုနှိပ် ဖုန်းကိုပါဝါပိတ် ခဏလောက်စောင့်ပါ

     Wait For Flashmode လို့ ပေါ်လာရင် Vol Down ခလုတ်ကိုဖိပြီး ကွန်ပြူတာမှာကြိုးထိုးပေးလိုက်ပါ။


အစိမ်းရောင်လိုင်းလေးပြည့်သွားပြီး Flash Tool မှာ Please unplug and start your phone လို့ ပေါ်လာရင်

     ကြိုးဖြုတ်ပြီး ဖုန်းကိုပါဝါဖွင့်ပေးလိုက်ပါ။


ပြန်တက်လာရင် Error ကင်းကင်းနဲ့ SuperSu လေးကို သုံးလို့ရပါသွားပါပြီ။ :)



Root Apps တွေသုံးလို့ရပေမယ့် System ကိုဝင်ပြင်တာမျိုးတော့ မရပါဘူး။

     System ကို ၀င်ပြင်တာမျိုးလုပ်ချင်ရင်တော့

Recovery ကနေ UPDATE-SuperSU-v1.91.zip ကို ပြန် Flash ပေးလိုက်ပါ။

ဒါဆိုရင်တော့ ok သွားပါလိမ့်မယ်

Credit By....http://24sevennn.blogspot.com

0 comments:

Post a Comment

ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။