Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ

Wednesday, June 25, 2014

Android ဖုန်း တစ်လုံးကို Remote Control အဖြစ် အသုံးချခြင်း သို့မဟုတ် ကွန်ပြူတာကို ထိန်းချူပ်ခြင်း

မိမိသည် Android ဖုန်း တစ်လုံး လက်ဝယ်ထား၍ ကွန်ပြူတာ အသုံးပြုနေ သူ ဆိုလျှင် ဤ ပိုစ့်ကို ဖတ်ရှုရန် အထူး တိုက်တွန်းလိုပါသည်။နည်းပညာ နှင့်အနည်းငယ် ရင်းနှီးကျွှမ်းဝင်သော သူတစ်ယောက် အဖို့အထူးအဆန်း ဖြစ်မည် မဟုတ်မှာ သေချာသော်လည်း  သုံးစေချင်သည့်အတွက် ဤ ပိုစ့်တွင်Beginner များက အစပြုလုပ်တက်စေရန် အထူးတလည် ကြိုးပမ်းထားပါသည်။

အထက်ကပြောခဲ့ သည့်အတိုင်းပင် Android နှင့် ကွန်ပြူတာကို ချိတ်ဆက် အလုပ်လုပ် သည်မှာအထူးအဆန်း မဟုတ်ပါ။Wireless Mouse အဖြစ် အသုံးချနည်းကို ပင် ဤနေရာ တွင် ရေးခဲ့ပြီး 
ဖြစ်သည်။သို့သော် ယ္ခု ပိုစ့်နှင့် နှိုင်းယှဉ် လျင် wireless mouse သည် မပြောပလောက်သည့် 
အရာဖြစ်သွားသည်။ ရှင်းလင်းသွားရန် အသုံးပြုနိုင်မည့်အရာများကို တစ်ခုခြင်းဖော်ပြပါမည်

၁.Keyboard,Mouse(သင်၏ဖုန်းကိုkeyboard နှင့် mouse အဖြစ်ပြောင်းလဲပေးမည်)
၂.Remote View(မိမိ ကွန်ပြူတာတွင် လက်ရှိ ဖြစ်နေသည့်အတိုင်း ဖုန်းတွင်ကြည့်နိုင်သည်)
၃.File Manager(ကွန်ပြူတာ ရှိ ဖိုင်များ ကို ဖုန်းဖြင့် ဝင်ရောက်ကြည့်ရှုနိုင်သည် ဖွင့် နိုင်သည်)
၎.Browser(IE,Chrome,Firefox,Opera အစရှိသည့် Browser များကို ထိန်းချုပ်နိုင်မည်)
၅.Video/Audio Remote(သီချင်းနားထောင်သည့်အခါ ရုပ်ရှင်ကြည့်သည့်အခါ ကျော်နိုင်ရစ်နိုင်ရပ်နိုင်မည်)
၆.Powerpoint(အထူးပြောစရာလိုမည်မထင်ပါ အလွန်အသုံးဝင်ပါသည် Presentation ပေးသည့်အခါမှ သိလိမ့်မည်)
၇.Taskmanager(မိမိ အလိုမရှိသည့် task များကို ပိတ်ပေးနိုင်သည်)
၈.Power(Screen ပိတ်/ဖွင့် sleep,နောက်ဆုံး Shutdown ပါချနိုင်သည်)
ဤကားအသုံးဝင်နိုင်မည့်အရာများကိုရွေးကောက်ထားခြင်းဖြစ်သည်
ပြုလုပ်နည်းကို ဆက်ကြပါစို့
ဘယ်လိုလုပ်မှာလဲ?

လိုအပ်တဲ့ ဆောလ်ဝဲ နှစ်ခု ဒေါင်းပါမယ် ကွန်ပြူတာအတွက်server ရယ် ဖုန်းအတွက်ရယ်ပါ  နောက်ပြီးတော့ hotspot အတွက် bat ဖိုင် တစ်ခုရယ်ပါ
1.Server ကို ကွန်ပြူတာမှာ install လုပ်ပါ (မဖွင့်သေးပါနှင့်)
2.Application ကို ဖုန်းမှာ install လုပ်ပါ (မဖွင့်သေးပါနှင့်)
3.Hotspot ထောင်ပါ

ဘယ်လိုထောင်မလဲ ?

ခုဏကဒေါင်းထားတဲ့ Hotsopt Creator.exe ကို ဖွင့်လိုက်ပါ
2 ကို နိတ်ပါ
hotspot အတွက် အမည် ရိုက်ထည့်ပါ (Space လုံးဝ မခြားပါနှင့်)
password ထည့်ပါ (အနည်းဆုံး ၈ လုံးရှိပါစေ)
4 ကိုနိတ်ပါ 
ဒီနေရာမှာ ကျနော်တို့က ပထမဆုံး အသုံးပြုတာဖြစ်တဲ့ အတွက် 1 ကိုရိုက်ပါ နောက်တစ်ခါ သုံးရင်တော့ 2 ကိုပဲ ရိုက်ပေးရမှာပါ  
1 ကိုရိုက်လိုက်ရင် window တစ်ခု တက်လာပါလိမ့်မယ် 
Wi-Fi ကို R-Click ထောက်=>Properties ကိုနိပ်ပါ
=>Sharing ကိုနိတ်ပါ=>Allow other network users to connect through this computer's Internet Connection ကို Check လုပ်ပါ =>Local Area Connection*# ကို Dropdown မှရွေးပေးပါ
(#နေရာတွင် ဂဏန်းတစ်ခုခုဖြစ်သည်)
မိမိ ဖုန်းကို ဖွင့်ပါ ခုဏ ကကွန်ပြူတာမှာ ထောင်ထားတဲ့ Wi-Fi ကို connect လုပ်ပါ
ကွန်ပြူတာရှိ Server Software ကို ဖွင့်ပါ(တစ်နည်းအားဖြင့် Windows Remote Service ကို ဖွင့်ပါ)
ဖုန်းရှိ win remote application ကိုဖွင့်ပါ
accept ဘာညာ လိုအပ်တဲ့ ဟာတွေ နိတ်သွားပေါ့ဗျာ
အလှုခံရင်လည်း Do not Show Again အမှန်ခြစ်တပ်ပြီးတော့ OK နိပ်ပါ
First Steps ဆိုပြီး ပေါ်လာပါတယ် Cancel  လုပ်ပါ
Server Management ကို ဝင်ပါ
ဟော ကျနော်တို့ကွန်ပြူတာ ပေါ်လာပါပြီခင်ဗျာ
တစ်ချက် နိတ်ပေးပါ
Screen ရဲ့ ညာဘက်ကို တစ်ချက် ပွတ်ဆွဲလိုက်ရင် input filemanager အဲ့မှာကိုယ်သုံးချင်တဲ့ function ရွေးသုံးလို့ရပါပြီး အရင်ဆုံး wifi mouse စမ်းသုံးကြည့်ပါ
ဒီapplication ကအရမ်းကိုအဆင်ပြေပါတယ် ကျနော် ဒီပိုစ့်ကိုရေးဖို့အတွက် ပိုက်ဆံပေးဝယ်ရတဲ့ တခြားapplication သုံးကြည့်ပါတယ်(မဝယ်နိုင်ပါဘူး blackmartကပါ) ဒီလောက် သဘောမကျပါဘူး ဒါfreeဖြစ်တဲ့ အတွက် ကျနော်တို့အတွက် စိတ်သန့်သန့် နဲ့သုံးနိုင်မှာပါ android ဖုန်းကို အကျိုးရှိရှိ အသုံးချလိုက်ကြအောင်ပါ ဘေးထွက်ဆိုးကျိုးအနေနဲ့ ပိုပြီး အပျင်းထူလာရင်တော့ မပြောတက်ဘူး
အခုတောင် ကြည့်ပါလား ကျော်ဖို့အရေးကို ကွန်ပြူတာ ကိုင်စရာမလိုတော့ဘူး

















1 comments:

အားလုံးလုပ်ပီးတော့ hotspot ကို ဖုန်းနဲ့ချိတ်တဲ့အခါ poor conection ပဲပြနေပီးတော့ မချိတ်မိပါဘူး ဘာဆက်လုပ်ရင် အဆင်ပြေမလဲဗျာ

Post a Comment

ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။