အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်

အင်တာနက်ကဆောင်းပါးတစ်ပုဒ်ကို
သင်ဖတ်နေတဲ့အချိန် အလုပ်ကလည်း ပေါ်လာလို့ သွားရတော့မယ့် အခြေအနေမျိုးနဲ
့ကြုံဖူးမှာပါ။အဲလို အခြေအနေမှာ အဲဒီဆောင်းပါးကို နောက်မှဖတ်ဖို
့သိမ်းပေးနိုင်တဲ့ Web Application or Bookmarking Service တစ်ခုဖြစ်တဲ့
Pocket ကို သုံးနိုင်ပါတယ်။များသောအားဖြင့်လူတွေ ကနောက်မှဖတ်ဖို့  Browser
မှာ Bookmark မှတ်ပြီးသိမ်းထားတတ်ကြပါတယ်။ဒီလို မှတ်ရင် Browser မှာ
Bookmark တွေ နဲ့ ရှုပ်ပွနေပြီးတော့ အဆင်မပြေပါဘူး။Pocket က အရင်တုန်းက
read it later လို့  နာမည်တွင်ပါတယ်။ဆောင်းပါးတွေသာမက image,video
စတာတွေကိုပါသိမ်းနိုင်ပါတယ်။ chrome,firefox,safari စတဲ့ browser တွေမှာ
Pocket ရဲ့  extension (or) add-on တွေကို အင်စတောလုပ်ပြီးသုံးနိုင်ပါတယ်။
Extension (or) Add-on တွေမသုံးချင်ရင်လည်း bookmarklet ကို
သုံးနိုင်ပါတယ်။Android,iphone,ipad စတဲ့ devices တွေအတွက်လည်း Pocket ရဲ့ 
application တွေရှိ ပြီး အဲဒီ devices တွေကနေ ဆောင်းပါးတွေ သိမ်းတာတွေ
ဖတ်တာတွေပြုလုပ်နိုင်ပါတယ်။သင်သိမ်းထားတဲ့ဆောင်းပါးတွေကို သင်နှစ်သက်ရာ
device တွေကနေ sync လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် Pocket က တစ်ခြား
third-party application 300 ကျော် မှာ integration ပါရှိပြီး အဲဒီ
applications တွေကနေ သင့် Pocket အကောင့်ကို
တိုက်ရိုက်သိမ်းနိုင်ပါတယ်။Pocket က totally free ပါ။
Pocket ၀က်ဆိုက်
မှာအကောင့်တစ်ခု လုပ်ပါ။ပြီးရင် အဲဒီဆိုက်မှာပဲ browser entension or
add-on တွေကို အင်စတောလုပ်ပြီးသုံးပါ။ Android,ios devices တွေအတွက်
application တွေကိုလည်း အဲဒီဆိုက်ကနေတစ်ဆင့် သက်ဆိုင်ရာ application store
တွေကနေ အခမဲ့ဒေါင်းလုပ်လုပ်ပြီးသုံးနိုင်ပါတယ်။
Browser ကနေဆောင်းပါးများသိမ်းခြင်း။
Pocket
extension or add-on ကို browser မှာအင်စတောလုပ်ပြီးရင် browser မှာ
pocket အိုင်ကွန်ကိုတွေ့ မြင်နိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ chrome browser
ကို အသုံးပြုပြီးရေးပါတယ်။Pocket အိုင်ကွန်ကို နှိပ်ပြီး ဆောင်းပါးကို
သိမ်းပါ။ဆောင်းပါးတွေကို Tag လုပ်ပြီးလည်းသိမ်းနိုင်ပါတယ်။ပုံတွေကို
သိမ်းဖို့ အတွက် ပုံကို နှိပ်ပြီး ပေါ်လာတဲ့ page ကနေ pocket icon
ကိုနှိပ်ပြီးသိမ်းပါ။YouTube လို Video ဆိုက်တွေက Video
တွေကိုလည်းနောက်မှကြည့်ဖို့ သိမ်းနိုင်ပါတယ်။
Android, IOS Device များကနေ ဆောင်းပါးများသိမ်းခြင်း။
ဒီဆောင်းပါးမှာတော့
android phone ကနေ ဆောင်းပါးများသိမ်းတာကို ရေးပါတယ်။တစ်ခြား device
တွေမှာလည်း အသုံးပြုနည်းက သိပ်ကွာမှာမဟုတ်ပါ။Pocket ကို အင်စတောလုပ်ပြီးရင်
browser ကနေ သင်သိမ်းချင်တဲ့ဆောင်းပါးကို သိမ်းဖို့  menu ကနေ share page
ကိုနှိပ်ပြီး Add to Pocket ကိုနှိပ်ရင်အဲဒီဆောင်းပါးကို သိမ်းပေးမှာပါ။
Email ပို့ ပြီးဆောင်းပါးများသိမ်းခြင်း။
ဒီနည်း
က pocket extension or add-on တွေမရှိတဲ့ တစ်ခြားစက်တွေ
မှာအသုံးပြုနေရတဲ့အခြေအနေမျိုးမှာ ပဲဖြစ်ဖြစ် pocket application
မရှိတဲ့ဖုန်းကနေ ပဲဖြစ်ဖြစ် ဆောင်းပါးတွေကို သင့် pocket အကောင့်ကို ပို
့ပြီးသိမ်း ချင်ရင် အသုံးဝင်ပါတယ်။ add@getpocket.com
ဆိုတဲ့ email address ကိုပေးပို့ ရမှာပါ။သင်သိမ်းချင်တဲ့ ဆောင်းပါး ရဲ
့url address ကို Email Body မှာထည့်ပေးပြီး ပို့ ပါ။ ပထမအကြိမ်အီးမေးပို
့ပြီးသိမ်းရင် Pocket က သင့်အီးမေးလိပ်စာကို Confirm Message ပို
့ပေးမှာဖြစ်ပြီး Confirm လုပ်ပေးပါ။ သင့် အီးမေးတွေ ကို Pocket Website မှာ Add လုပ်နိုင်ပါသေးတယ်။
သိမ်းထားတဲ့ဆောင်းပါးများဖတ်ရှုခြင်း။
သိမ်းထားတဲ့ဆောင်းပါးတွေကို browser ကနေကြည့်ချင်ရင် Pocket
ဝက်ဆိုက် ကိုသွားပြီးသင့်အကောင့်နဲ့  login
ဝင်ပြီးကြည့်ပါ။အောက်ကပုံမှာမြင်ရသလို ပဲ ဆောင်းပါးတွေ ၊ပုံတွေ ၊ video
တွေအားလုံးကို ဖတ်ရှုကြည့်ရှုနိုင်ပါတယ်။
ဆောင်းပါးတွေကို email,facebook,twitter,buffer စတာတွေနဲ့ share လုပ်နိုင်သလို ဖတ်ပြီးလို့ ဖျက်ချင်ရင်ဖျက်နိုင်ပါတယ်။
Android,IOS devices တွေကနေ pocket application ကို ဖွင့်ပြီးသိမ်းထားတဲ့ဆောင်းပါးတွေကို sync လုပ်ပြီးဖတ်နိုင်ပါတယ်။
Destop App
Pocket
ကဆောင်းပါးတွေကိုဖတ်ဖို့  ၊သိမ်းဖို့  Windows Desktop App ကိုအသုံးပြုဖို
့ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ဒါပေမယ့် သင့် စက်မှာ Chrome Browser
အင်စတောလုပ်ထားဖို့ လို ပြီး Chrome Web Store ကနေ Pocket Desktop App
ကို အင်စတောလုပ်ထားဖို့ လို ပါတယ်။ Desktop App ကို အသုံးပြုရင်
ဆောင်းပါးတွေကို သင့်စက်ထဲကို ဒေါင်းလုပ်လုပ်တဲ့အတွက် Offline
ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
Pocket
Desktop App ဟာ တစ်ခြား Desktop App တွေနဲ့ မတူဘဲ Chrome App Platforms
အပေါ်အခြေခံပြီးပြုလုပ်ထားတာဖြစ်လို့  Chrome နောက်ထွက် တဲ့ Version တွေကို
အင်စတောလုပ်ထားဖို့ လို ပါတယ်။
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော)
Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
0 comments:
Post a Comment
ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။