အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
Monday, September 16, 2013
သင့်ရဲ့  Computer,Tablet,Phone တွေကို မရောင်းခင်ပြုလုပ်သင့်တဲ့အချက်များ။
သင့်
ရဲ့  PC,Tablet,Phone တွေကို တစ်စုံတစ်ယောက်ကို ရောင်းတော့မယ်ဆိုရင် သင့်
ရဲ့  Personal Data တွေ ပါမသွားအောင်
ပြုလုပ်သင့်တဲ့အချက်တွေရှိပါတယ်။သင့်ရဲ့ ဒေတာတွေကို Delete
ကီးနှိပ်ပြီးဖျက်ရုံနဲ့  မလုံလောက်ပါဘူး။ဖျက်လိုက်တဲ့ဒေတာတွေကို
ပြန်ရှာနည်းတွေ ရှိပါတယ်။အဲဒီအတွက် သင့် Device တွေကို
မရောင်းခင်ပြုလုပ်သင့်တဲ့အချက်တွေကို အောက်မှာလေ့လာပါ။
Personal Data တွေကို Backup လုပ်ပါ။
သင့်
Computer ကို တစ်ခြားသူဆီမရောင်းခင် အရေးကြီးဒေတာတွေကို Backup
လုပ်ပါ။Backup Manager ဆော့ဝဲတွေကိုအသုံးပြုနိုင်ပါတယ်။ Windows 8 မှာ
File History Feature ကိုအသုံး ပြုနိုင်ပါတယ်။
Smart Phone,Tablet တွေကို Backup လုပ်ဖို့ အတွက် Android,iOS နှစ်မျိုးလုံးသုံးလို့ ရတဲ့ Moborobo ဆိုတဲ့ Windows Software ကိုသုံးနိုင်ပါတယ်။
DRM Purchases တွေကို Deauthorize လုပ်ပါ။
Online
က ၀ယ်ယူထားတဲ့ သီချင်းတွေ၊ဆော့ဝဲတွေ စတဲ့ Digital Content တွေကလည်း
ထည့်သွင်းစဉ်းစားရမယ့်အချက်ပါ။တစ်ချို့ ပစ္စည်းတွေက Digital Rights
Management(DRM) နည်းပညာပါရှိပြီးသင့် ကွန်ပြူတာကို
အမှတ်အသားလုပ်ထားတာဖြစ်ပါတယ်။
ဥပမာအားဖြင့်
iTunes Store ကနေ ၀ယ်ယူထားတဲ့ ပစ္စည်းတွေကို အသုံးပြုဖို့ 
သင့်ကွန်ပြူတာကို သင့် Apple ID နဲ့ “Authorized” ပြုလုပ်ထားဖို
့လိုပါတယ်။ Authorized Computers အများဆုံး
ငါးလုံးအထိသတ်မှတ်နိုင်ပါတယ်။သင်ရောင်းမယ့် ကွန်ပြူတာကို Deauthorize
မလုပ်မိရင် Authorize လုပ်ဖို့ 
ကွန်ပြူတာလေးလုံးပဲကျန်တော့မှာဖြစ်ပါတယ်။Deauthorize မလုပ်မိဘဲဝင်းဒိုးကို
ပြန်အင်စတောလုပ်မိရင်လည်း Authorized Computer တစ်ခု
အလကားဆုံးရှုံးတာကိုသတိပြုပါ။
ကွန်ပြူတာကို
Deauthorize လုပ်ဖို့  DRM application ကို အသုံးပြုရမှာပါ။ ဥပမာအားဖြင့်
iTunes မှာ Store menu ကနေ Deauthorize This Computer
ကိုနှိပ်ရမှာပါ။ကံကောင်းတဲ့အချက်ကတော့ Deauthorize လုပ်ဖို့ မေ့ခဲ့ရင်
နောက်ပိုင်းမှ Deauthorize လုပ်နိုင်ဖို့  iTunes ကပြုလုပ်ပေးထားပါတယ်။
Smart
Phones တွေမှာတော့ DRM activation လို တဲ့ Service
တွေမရှိသေးပါဘူး။အဲဒီအတွက် Smart Phone တွေမှာတော့
ဒီကိစ္စကိုထည့်သွင်းစဉ်းစားစရာမလို ပါ။
Drive ကို Wiipe လုပ်ပါ။
ဒီအပိုင်းမှာတော့
HDD Drive တွေ အသုံးပြုတဲ့ Windows 7 နဲ့ 
အရင်ဝင်းဒိုးတွေအတွက်အကျုံးဝင်ပါတယ်။တကယ်လို့ သင့်ကွန်ပြူတာဟာ SSD Drive
တပ်ဆင်ထားရင် ၊ Windows 8 PC,Tablet,Smart Phone တွေအတွက်ဆိုရင် နောက်
အပိုင်းကိုကျော်ဖတ်ပါ။
HDD
Drive တပ်ဆင်ထားတဲ့ ကွန်ပြူတာမှာဆိုရင် ဖိုင်တွေကို ရိုးရိုးဖျက်ပစ်ရုံနဲ
့မလုံလောက်ဘဲ
သင့်ကွန်ပြူတာကိုဝယ်ယူသွားသူကသင့်ဖိုင်တွေကိုပြန်ရှာနိုင်ပါတယ်။အဲဒီအတွက် DBan
လို Tool မျိုးကိုသုံးနိုင်ပါတယ်။DBan က သင့် Drive တစ်ခုလုံးကို
ဖျက်ဆီးပစ်မှာဖြစ်ပြီး တစ်ချို့ စက်တွေမှာပါရှိတဲ့ Recovery Partition
ကိုပါဖျက်ဆီးပစ်မှာပါ။အဲဒီအတွက် သင့် Personal Data တွေသူများတွေ
ပြန်ရှာမတွေ့ နိုင်တော့ပါ။
SSD
Drive တပ်ဆင်ထားတဲ့ ကွန်ပြူတာတွေ မှာတော့ ဖိုင်တွေကို ဖျက်လိုက်ရင် TRIM
Command ကိုအသုံးပြုပြီးချက်ချင်းဖျက်လိုက်တာပါ။ပြန်ရှာလို
့လည်းမရပါဘူး။အဲဒီအတွက် သင့်ကွန်ပြူတာက SSD Drive ဆိုရင် Wipe လုပ်ဖို
့မလို ပါ။
Windows
8 အသုံးပြုသူတွေအတွက်တော့ အသစ်ပါရှိလာတဲ့ Feature တစ်ခုဖြစ်တဲ့ Refresh
& Reset ကိုသုံးနိုင်ပါတယ်။ Refresh & Reset က သင့် Hard Drive
တွေကဒေတာတွေကို ပြန်ရှာမရအောင် Wipe လုပ်ပေးနိုင်ပါတယ်။
Smart
Phone, Tablet တွေမှာတော့ Factory Reset option
ကိုသုံးနိုင်ပါတယ်။Android မှာ Settings>Backup &
reset>Faactory data reset ကိုနှိပ်ပါ။ iOS မှာ
Settings>General>Reset>Erase All Content and Settings
ကိုနှိပ်ပါ။ Mobile Devices တွေ ဟာ Solid State Storage(SSD)
ကိုအသုံးပြုတာကြောင့် သင့်ဒေတာတွေကို သူများပြန်ရှာတွေ့ မှာစိုးရိမ်စရာမလို
ပါ။
အပေါ်ကနည်းတွေကို
ပြုလုပ်ပြီးပြီဆိုရင်တော့ သင့် Devices တွေဟာ စက်ရုံထုတ်
အသစ်အတိုင်းဖြစ်သွားပါပြီ။သင့် Device တွေကို တစ်ခြားသူကို
ရောင်းချနိုင်ပါပြီ။သင့်ဒေတာတွေကို တစ်ခြားသူ ပြန်ရှာတွေ
့မှာစိုးရိမ်စရာမလို တော့ပါဘူး။
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော)
Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
















0 comments:
Post a Comment
ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။