Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ

Friday, June 13, 2014

Root မလုပ်ထားမိသော Clone (Spreadtrum) phone/ tablet များ pattern lock ဖြုတ်မယ်

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် သယ်ရင်းတို့ရဲ့ မိတ်ဆွေတွေကိုလည်း ဆိုဒ်လေးကို လာလည်ရန် ဖိတ်ခေါ်ပေးပါအုန်း လိုအပ်သည်များကို Cbox တွင် ပြောကြားခဲ့ပါ ပျော်ရွှင်ပါစေ



၂ ရက်လောက်တိုင်ပတ်ခဲ့တဲ့ Spreadtrum tablet တလုံး driver လည်းရှာမတွေ့ recovery လည်းဝင်မရ၊ root လည်းမလုပ်ထားတော့ Myandroid နဲ့လည်းမရ၊ shuame နဲ့လည်းမရ ဟိုရှာဒီရှာနဲ့ တော်တော်လေးတိုင်ပတ်ခဲ့ပါတယ်။
ဒီဂရုထဲက တယောက်က wipe pac နဲ့ရဒယ်ပြောလို့လိုက်ရှာပီးလုပ်ကျိတာအဆင်ပြေသွားလို့ ကျနော့လို တိုင်ပတ်နေတဲ့သူတွေအတွက် ရေးပေးလိုက်ပါတယ်။
လုပ်နည်းက Y220T root လုပ်နည်းနဲ့ တူပါတယ်။
အရင်ဆုံး driver လိုပါ့မယ် ။ USB debugging on ထားရမယ်။
Y220T root လုပ်တုံးက ဒေါင်းထားတဲ့ SPD driver လေးပါ။
နောက်တခုက ResearchDownload ဖိုင်ပါ။
No. (1) >> http://d-h.st/eha  (Driver)
No. (2) >> http://d-h.st/tNX   (Reseach Download)
နောက်ဆုံးတစ်ခုက wipe pac လေးပါ။ ကိုကောင်းမြတ်ရေးထားတာကို xda ကနေပြန်ယူလာတာပါ။ (၂)ခုရှိပါတယ် SC8810 နဲ့ SC6820 ပါ ကျနော့မှာက 8810 နဲ့အဆင်ပြေသွားပါတယ်။
http://dl.xda-developers.com/attachdl/7e131a14762149547b6935d655163df7/51d97e75/2/0/3/6/4/0/3/SC8810_Wipe_userdata.7z
http://dl.xda-developers.com/attachdl/34f4df7e65ac82d597a3b8d7da82d117/51d98f10/2/0/3/6/4/0/2/SC6820_Wipe_userdata.7z
(၁) driver အရင်သွင်းပါ။
(၂) ResearchDownload/Bin/ ResearchDownload exe ကို ဖွင့်ပါ။
ဘယ်ဖက်အပေါ်ဆုံးစက်သွားပုံအကြီးကိုနိပ်ပါ။ အါ့ဆိုရင် pac ဖိုင်ကိုဖွင့်မဲ့ box    ပေါ်လာမယ်။ ခုနတုံးကဒေါင်းထားတဲ့ Wipe_userdata.7z လေးကိုရွေးပေးပါ။
ပီးရင် play ခလုပ်ကိုနိပ်ပါ။
(3) ဖုန်း (သို့) tablet ကို ပါဝါပိတ်ပါ။ battery ဖြုတ်ပီး(၅)စက္ကန့်စောင့် ပြန်တပ်။
Tablet ဆိုရင်ပါဝါပိတ်ပီးခဏစောင့်။ ပီးရင် vol down (or) vol up တခုခုကိုနိပ်ပီး usb ထိုးပါ။
ResearchDownload အလုပ်လုပ်ပါလိမ့်မယ်။ ပီးရင် passed ဆိုပီးပေါ်ရင် အိုကေသွားပြီ။
ဖုန်းကို usb ဖြုတ်။ ဓာတ်ခဲဖြုတ် ပြန်တပ်ပြီးတော့ ပါဝါဖွင့်ပါ။

Credit to http://forum.xda-developers.com/showthread.php?p=42484472

Download အဆင်မပြေသူတွေ အတွက်


http://d-h.st/AUh

https://www.dropbox.com/s/b9ivau9zn53v636/SC6820_Wipe_userdata_2.7z

https://www.dropbox.com/s/87yeikc0x75op3a/SC8810_Wipe_userdata_3.7z





1 comments:

အစ်ကိုရေ ကျွန်တော်လည်းအစ်ကို့ လိုတိုင်ပါတ်နေတာလေ....အခုမှပဲအဆင်ပြေသွားတော့တယ်။
ဖုန်းပြန်ကောင်းသွားတာထက်ကို စိတ်ထဲမှာကလိကလိဖြစ်နေတာအခုမှပဲသက်သာသွားတော့တယ်
အစ်ကိုရာ ... ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်။
လေးစားစွာဖြင့်
မောင်သားကြီး

Post a Comment

ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။