အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် သယ်ရင်းတို့ရဲ့ မိတ်ဆွေတွေကိုလည်း ဆိုဒ်လေးကို လာလည်ရန် ဖိတ်ခေါ်ပေးပါအုန်း လိုအပ်သည်များကို Cbox တွင် ပြောကြားခဲ့ပါ ပျော်ရွှင်ပါစေ

အသုံးအများဆုံးနှင့် အကျိုးအရှိဆုံး Shortcut တွေကိုသာ သင့်အနေဖြင့် လေ့လာမှတ်သားထားသင့်ပါတယ်။ ယခု Shortcut Key 10 ခုကတော့ Computerworld Website မှ top ten အနေဖြင့် ကောက်နှုတ်ထားတဲ့ Excel Shortcut တွေဖြစ်ပါတယ်။
1. Ctrl+Page Down

Ctrl+Page Down Key ကတော့ Excel မှာ Worksheet တွေကို တစ်ရွက်မှ နောက်တစ်ရွက်သို့ လွယ်ကူလျှင်မြန်စွာ ကူးပြောင်းပေးမည့် Shortcut Key တစ်ခုဖြစ်ပါတယ်။ စာမျက်နှာတစ်ရွက်နဲ့ တစ်ရွက် ကူးချင်တဲ့အခါမျိုးမှာ လွယ်လွယ်ကူကူ ကူးပြောင်းနိုင်စေရန် ကျက်မှတ်ထားသင့်ပါတယ်။ ထို့အတူ Ctrl+Page Up ဟာလည်း နောက်စာမျက်နှာမှ အရှေ့စာမျက်နှာသို့ ပြန်သွားစေချင်တဲ့အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။
2. Ctrl + Down Arrow
Ctrl + Down Arrow ကတော့ Excel အတွင်းမှာပါဝင်တဲ့ နောက်ဆုံး Row ကို အမြန်ကူးပြောင်းသွားစေချင်တဲ့ အခါမှာ အသုံးပြုပါတယ်။ ထိုနည်းတူ Ctrl + Up Arrow ကတော့ ရှေ့ဆုံး(အပေါ်ဆုံး) Row ကို ပြန်သွားချင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီမှာ Shift Key လေးကိုပါ တွဲနှိပ်လိုက်မယ် ဆိုရင်တော့ Cell တွေကို Select မှတ်လိုက်သလို မျိုးဖြစ်ပါတယ်။
3. Ctrl+*

ဒါကတော့ Excel အတွင်း သင်ထည့်သွင်းထားတဲ့ စာရင်းတွေကို တစ်ခါတည်းအားလုံး Select မှတ်ပေးလိုက် တာပါ။ Ctrl + A (Select All) မဟုတ်ပါဘူး ။ Excel ရဲ့ Whole Database အကုန်လုံးကို Select မှတ်ပေးတာဖြစ်ပါတယ်။ အပေါ်က ပုံကိုကြည့်ရင် သိနိုင်ပါတယ်။
4. Shift+F10

Shift+F10 ကတော့ Right Click Pop Up Menu ကို ခေါ်ယူအသုံးပြုချင်တဲ့အခါမှာ အသုံးပြုပါတယ်။ Mouse ရဲ့ Right Click ကိုနှိပ်လိုက်တာနဲ့ အတူတူပါပဲ။ အဲဒီလို Pop Up Menu မှာ သင်ရွေးချင်တဲ့ Menu ကို Up Arrow , Down Arrow တို့ကို အသုံးပြုပြီး ရွေးချယ်နိုင်ပါတယ်။
5. Ctrl+5

ဒါကတော့ သင်အနေဖြင့် Cell တစ်ခုအတွင်းမှာရှိတဲ့ စာသားတွေကို အနက်ရောင် Strike တစ်ခု ထည့်သွင်းချင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ သင်အနက်ရောင်လိုင်း ထည့်သွင်းချင်တဲ့ Cell ကို ရွေးချယ်ပါ။ ပြီးနောက် Keyboard မှ Ctrl + 5 ကိုနှိပ်ပြီး Strike လိုင်း ထည့်သွင်းနိုင်ပါတယ်။
6. Ctrl+ ;

Ctrl + ; ကတော့ လက်ရှိ Cell အကွက်အတွင်း နေ့စွဲ ၊ ရက်စွဲတွေကို အလိုအလျှောက်ထည့်သွင်း နိုင်ရန်ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လက်ရှိရောက်နေတဲ့နေ့စွဲကို သီးသန့်ရိုက်ထည့်စရာမလိုပါဘူး ။ Ctrl +; ကိုတွဲနှိပ်လိုက်ရင် ရပါပြီ။
7. Ctrl + Shift + ;

Ctrl + Shift + ; ဟာ အပေါ်မှာ ဖော်ပြထားတဲ့ Ctrl + ; နှင့်ဆင်တူပါတယ်။ သူကတော့ Cell ကွက် အတွင်း လက်ရှိရောက်နေတဲ့ အချိန်ကိုထည့်သွင်းပေးတာ ဖြစ်ပါတယ်။
8. Ctrl + T

Ctrl + T ကတော့ Excel အတွင်း Table ထည့်သွင်း လိုတဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ Table ထည့်သွင်းရန်အတွက် သင်နှစ်သက်သလောက် Cell အကွက်များကို Mouse နှင့် Select မှတ်လိုက်ပါ။ ပြီးနောက် Ctrl + T ကိုတွဲနှိပ်လိုက်ပါ။ ဒါဆို သင်မှတ်ထားသော Cell အကွက် အလိုက် Table တစ်ခု ကိုရရှိမှာ ဖြစ်ပါတယ်။
9. Ctrl + F

Ctrl + F ကတော့ Find ဖြစ်ပါတယ်။ Excel Cell အကွက်တွေအများကြီးဖြစ်လာတဲ့အခါ ကျွန်တော်တို့ဟာ နံပတ်တစ်ခု (သို့မဟုတ်) အကြောင်းအရာ တစ်ခုကို လျှင်လျှင်မြန်မြန် ရှာဖွေနိုင်ဖို့ ခက်လာပါတယ်။ ဒီတော့ အဲဒီလို အကြောင်းအရာ ကိန်းဂဏန်းတစ်ခုခုကို လွယ်လွယ်ကူကူ ရှာချင်တယ်ဆိုရင်တော့ Ctrl + F ကို တွဲနှိပ်ကာ ရှာဖွေနိုင်ပါတယ်။
10. Ctrl + F (Replace)

သူကတော့ အပေါ်က Ctrl + F (Find) နှင့်တွဲဖက်အသုံးပြုရန် ဖြစ်ပါတယ်။ Cell အကွက် အတွင်းမှာ ရှိတဲ့ စာသားတွေကို လဲလှယ်ချင်တယ်ဆိုရင် လွယ်လွယ်ကူကူ လဲလှယ်ပေးနိုင်စေရန် အတွက် ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြပေးထားတဲ့ ပုံကတော့ Book 4 ဆိုတဲ့ စာသားကို Book No- 5 ဆိုပြီး ပြောင်းလဲ လိုက်ပုံဖြစ်ပါတယ်။ စာသားပြောင်းလဲသွားစေရန် Replace ကိုနှိပ်ပါ။
0 comments:
Post a Comment
ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။