Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ

Sunday, February 9, 2014

Squid Proxy ကိုအသုံးပြု၍ အင်တာနက် အမြန်နှုန်းကို မြှင့်တင်ခြင်း(updated_100%working)

ကိုယ်တင်တဲ့ ပိုစ့်ကတစ်ပတ်တောင်မပြည့်သေးပဲနှင့် update ပေးရတာကောင်းတော့မကောင်းပါဘူး
လုပ်သမျှက အပျက်အစီးနှင့် ချို့ယွင်းချက်တွေများနေတော့ ဘယ်သူကဖတ်ချင်တော့မှာလဲ အမှန်တကယ်က ကျတော် တင်ချင်ဇောတွေကြီးသွားတဲ့ အတွက် မလိုအပ်ပဲနှင့်အဆင့်တွေ ပိုနေသလို
အသုံးပြုကာစသူတွေအတွက် အခက်အခဲ အမျိုးမျိုး ဖြစ်သွားခဲ့ ရင် ဒီပိုစ့်နှင့် တောင်းပန်ပါရစေ
ဒီတစ်ခါတော့ တကယ်ကို လွယ်ပါတယ် ငှက်ပျောသီး အခွန်နွှာစားတာမှခက်နေဦးမယ်

Proxy ဆိုတာ client နှင့် Server ရဲ့ ကြားမှာ ကြားခံ ဆောင်ရွက်ပေးတဲ့ အရာပါ ဥပမာ ကျတော် တို့ က www.google.com လို့ Browser ကနေဝင်လိုက်တယ်ဆိုပါစို့ ကြားထဲမယ် proxy ရှိမယ်ဆိုရင် google.com အထိ သွားစရာမလိုပဲ သူ့ထဲ မှာရှိတဲ့အတိုင်း တစ်ခါတည်းထုတ်ပေးလိုက်ပါတယ် မိမိရဲ့ ip address ကို web server တွေက မသိအောင်ဖုံးကွယ်တဲ့နေရာမှာလည်း သုံးပါတယ် Proxy တွေက အမျိုး အစားအလိုက်လည်း ကွဲသေးတာကို Transparent proxy ,Anonymous  အစရှိသဖြင့် ပေါ့ ကျနော်လည်းအဲ့လောက်ပဲ ရမ်းတုတ်နိုင်တယ် ကွန်ပြူတာ တက္ကသိုလ်တက်နေတဲ့ သူမှမဟုတ်တာ :P ကဲကျနော်တို့ တစ်ခု စဉ်းစားကြည့်ရအောင် ကိုယ်နဲ့ နီးနီးနားနား proxy ကိုသုံးမယ် ပြီးရင် ကိုယ်အသုံးများတဲ့ ဆိုဒ်တွေက proxy မှာ cache တွေရှိရင် proxy ကလည်း update ဖြစ်ရင် အဲ့ကနေ တစ်ခါတည်းယူရင် ဟန်မကျဘူးလား အင်တာနက်ဆိုင်တွေကတော့ အခုလိုဆိုင်တွင်းမှာ proxy သုံးရင် user တစ်ယောက် ချင်းဆီ အတွက် အသုံးပြုမယ် data usage လည်း နည်းမသွားနိုင်ဘူးလား တစ်ယောက်ကလည်း ဒီဆိုဒ်ကို ကြည့် နောက်တစ်ယောက် ကလည်း ဒီဆိုဒ်ကို ကြည့် ပြန်ပြီး ဒေါင်းနေရရင် မပင်းပန်းဘူးလား အဲ့အတွက် proxy သုံးရင် cache ဖိုင်ကနေ တစ်ခါတည်းထုတ်ပေးရင်အဆင်ပြေနိုင်ပါတယ် ကဲ ကျနော် ရမ်းတုတ် တာနည်းနည်း များသွားပြီဆိုတော့ အခု ရေးမယ့် အကြောင်းအရာကို ဆက်ပါမယ့် ကွန်ပြူတာထဲမှပဲ ကိုယ် proxy ထားမယ် cache ဖိုင်တွေထားမယ် ကိုယ်ထက်ခါထက်ခါ ကြည့်မယ့်ဆိုဒ်တွေဆို ကိုယ်စက်မှာ cache ဖိုင်တွေကျန်ခဲ့တဲ့ အတွက် မြန်မြန် ဝင်ရောက်နိုင်မယ် ဘယ်လောက်ဟန်ကျလဲ

၁.အရင်ဆုံးအောက်ကလင့်မှာ သွားပြီး zip ဖိုင်ပေးလေးကို ဒေါင်းလိုက်ပါ
squid ဆိုတဲ့ folder ကို C ထဲကိုကော်ပီးကူးထည့်ပါ(မှားလို့မရပါ C ထဲကို သေချာကူးထည့်ပါ)


               
၂. Win+R=>inetcpl.cpl ရိုက်ပြီးတော့ internet option ကိုဝင်လိုက်ပါ
connection=>LAN Settings
Address က localhost
Port က 3128 ထည့်လိုက်ပါ


၃.ခုနတုန်းက ဒေါင်းထားတဲ့ zip မှာ ပါတဲ့ Run As Administrator.bat ဖိုင်ကို အပြင်ဖက်ထုတ်ပြီး
Run as Administrator နှင့် run လိုက်ပါ(internet ချိတ်ဖို့လိုအပ်ပါတယ်)



၎. အပေါ်က အဆင့်တွေအကုန်လုံးပြီးပြီထင်ပါတယ် ဒီတစ်ဆင့်ပြီးရင် သုံးလို့ရပါပြီ
ဘာဖြစ်လို့ဒီအဆင့်ကိုထည့်သွင်းထားတာလဲဆိုတော့ Squid Service က internet ချိတ်ထားတယ် လိုင်းနည်းနည်းရှိရင် အလိုလိုနေရင် စတင်ပါတယ် ဒါပေမယ့် သုံးလို့မရအောင်ကျသွားးရင်တော့ လိုင်းတက်လာရင်တောင် သူကိုပြန်စောင့်နေရတာအလုပ်တစ်ခုပါ အခုအဆင့်ကိုလုပ်လိုက်ရင်ဘာမှစောင့်စရာမလိုတော့ပါဘူး တစ်ခါစထားရင်းလိုင်ရှိရှိမရှိရှိပွင့်နေပြီသားပါ ကျနော့်အတွက်တော့လုံးဝအဆင်ပြေသွားပါတယ်ဆက်ဖတ်ကြည့်ကြရအောင်ပါ
Win+R=>services.msc ကိုရိုက်ပြီးတော့ Service ကိုဝင်လိုက်ပါ
Squid ဆိုတဲ့ Service ကိုရှာလိုက်ပါ S ကိုနိတ်ပြီးတော့ရှာလိုက်ပါ နည်းနည်းတော့မျက်စီရှင်ရပါမယ်
တွေပြီနော်



ပြီးရင်တော့ Double Click နိတ်ပြီးဝင်လိုက်ပါ
Logon မှာ  Allow Service To Interact With Desktop ကို အမှန်ခြစ်(check) ပေးလိုက်ပါ
OK ပေါ့ အဲတာဆိုရင် internet လိုင်းကျရင်လည်း ပြန်မကျတော့ပါဘူး


 squid service ကိုစတာကတော့ အင်တာနက်ချိတ်ထားရင် အလိုလို စပါတယ် မစသေးရင်တော့
win+R=>cmd=>net start squid ဆိုပြီး စရင်ပဲဖြစ်ဖြစ် ကျနော် အောက်မှာပုံပြထားသလို
start ကိုနိတ်ပြီးတော့စ နိုင်ပါတယ်
win+R=>services.msc
squid ကို R-click ထောက် ပြီးရင် start ပေါ့ဗျာ

ဒီတစ်ခါတော့လုံးဝသုံးလို့ရပါပြီ chrome,firefox,internet explorer ကြိုက်တဲ့ Browser ကိုဖွင့်ပြီးသုံးလို့ရပါပြီ cache ဖိုင်တွေများလာတာနှင့်အမျှ Data Usage ကသက်သာလာပါလိမ့်မယ် မလို့အပ်တဲ့ Data တွေကို Cache ကနေပဲယူလိုက်တာမို့ လိုင်းလည်းမြန်လာပါလိမ့်မယ်

ရပါပြီခင်ဗျာ အဆင်မပြေဘူးဆိုရင်
www.aungmyokyaw.com ရဲ့ c-box မှာရေးခဲ့ပါ
ဒါမှမဟုတ် ဒီပိုစ့်အောက်မှာ comment ရေးမေးပါ




အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် သယ်ရင်းတို့ရဲ့ မိတ်ဆွေတွေကိုလည်း ဆိုဒ်လေးကို လာလည်ရန် ဖိတ်ခေါ်ပေးပါအုန်း လိုအပ်သည်များကို Cbox တွင် ပြောကြားခဲ့ပါ ပျော်ရွှင်ပါစေ

0 comments:

Post a Comment

ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။