အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
အဆင့် (၁) အောက်ပါလင့်ကို ဖွင့်ပါ။
https://appleid.apple.com/cgi-bin/WebObjects/MyAppleId.woa/wa/createAppleId?localang=en_US
အဆင့် (၂) အောက်မှာ မြင်နေရတဲ့ပုံထဲက First Name / Middle Name / Last Name နေရာမှာ မိမိနာမည်ကို ထည့်ပါ။
အဆင့် (၃) Apple ID နေရာမှာ မိမိရဲ့ အီးမေးလိပ်စာကို ထည့်ပါ။ အီးမေးလိပ်စာကို Apple ID အဖြစ် အသုံးပြုမှာဖြစ်ပါတယ်။ ပြီးရင် Password နေရာမှာ မိမိထည့်ချင်တဲ့ Password ကိုထည့်ပါ။
(မှတ်ချက် - နောက်ပိုင်း ID / Account တစ်ခု ဖွင့်တော့မယ်ဆိုရင် Password ရဲ့ စည်းကမ်းချက်များကတော့ အနည်းဆုံး ၁-အနည်းဆုံး အက္ခရာတစ်လုံးပါရမယ်(a,b,c,..)၊ ၂-အနည်းဆုံး အက္ခရာအကြီးတစ်လုံးပါရမယ်(A,B,C,...)၊ ၃-အနည်းဆုံး နံပါတ်တစ်လုံးပါရမယ်(1,2,3,...)၊ ၄-အကောင့်နာမည်မဖြစ်ရပါဘူး၊ ၅-အနည်းဆုံး ၈ လုံးနဲ့အထက် ဖြစ်ရပါမယ် စသည်ဖြင့် သတ်မှတ်ထားပါ။) ထို့နောက် Confirm Password နေရာမှာ အထက်က ရိုက်ထားတဲ့ Password အတိုင်း ပြန်ရိုက်ထည့်ပါ။
အဆင့် (၄) နောက်တဆင့်ကတော့ Security Questions နေရာမှာ မိမိနှစ်သက်တဲ့ မေးခွန်းကို ရွေးပြီး Answer ကို ရိုက်ထည့်ပေးပါ။ Answer ကိုတော့ မှတ်ထားဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Password ကို မေ့သွားခဲ့ရင် Security Question ကို ပြန်ဖြေပေးရမှာမို့လို့ပါ။
အဆင့် (၅) Date of Birth ပါ။ မွေးနေ့သက္ကရာဇ်ကို ဖြည့်ပေးပါ။
အဆင့် (၆) Rescue Email Address နေရာမှာ မိမိရဲ့ တခြား အီးမေးလိပ်စာ (သို့မဟုတ်) သူငယ်ချင်း တစ်ယောက်ရဲ့ လိပ်စာကို ဖြည့်ပေးပါ။ ဒါကလည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အကယ်၍ Password မေ့သွားခဲ့ရင် ဒီ အီးမေးလိပ်စာကနေ ID ကို ပြန်လည် ရယူရမှာဖြစ်လို့ပါ။
အဆင့် (၇) Mailing Address ကတော့ လိပ်စာပါ။ Country နေရာမှာ Myanmar မဟုတ်တဲ့ တခြားနိုင်ငံကို ရွေးပေးပါ။ United States အနေနဲ့ထားလည်း ရပါတယ်။ ကျွန်တော် United States အနေနဲ့နည်း ဥပမာပေးသွားပါ့မယ်။ Address Line 1 မှာ လမ်းနာမည် ရိုက်ထည့်ပါ။ (ဥပမာ - Wall Street, K Street, ...) Town/City နေရာမှာ မြို့နာမည် ရိုက်ထည့်ပါ။ (ဥပမာ - Washington D.C, New York, ...) State/Province နေရာမှာ ကြိုက်ရာတစ်ခုကို ရွေးလိုက်ပါ။ Zip Code နေရာမှာ ကြိုက်နှစ်သက်ရာ နံပါတ် ၅ လုံးကို ရိုက်ထည့်ပါ။ Language ကို English(US) ပဲထားပါ။ (သို့မဟုတ်) မိမိက တခြားဘာသာစကားကို အသုံးပြုသူဆိုရင်တော့ ပြောင်းနိုင်ပါတယ်။
အဆင့် (၈) Please type characters you see in the image below. နေရာမှာ မြင်ရတဲ့ စာလုံးအတိုင်း ရိုက်ထည့်ပေးလိုက်ပါ။ နောက်တဆင့်ကတော့ I have read and agree ဆိုတဲ့စာကြောင်းကို အမှန်ခြစ် ခြစ်ပေးပါ။ ပြီးရင်တော့ Create Apple ID ကို နှိပ်လိုက်ပါ။
အောက်ကအတိုင်း စာလေးပေါ်လာရင်တော့ Apple ID တစ်ခု အောင်မြင်စွာ ရရှိသွားပါပြီ။
ဒါဆိုရင် ပေးထားခဲ့တဲ့ Email ထဲသွားရင် Inbox ထဲဝင်လာတဲ့ Link ကလေးကို နှိပ်ပြီး verify လုပ်လိုက်ရုံပါ။
အားလုံး အဆင်ပြေပြီး နည်းပညာဗဟုသုတတိုးပွားကြပါစေ
မောင်မင်းသိန်း(ရန်ကုန်) ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင် ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် ဒီမှာ ဖတ်ပါ.. .အဆင်ပြေမှာပါ
























1 comments:
အာလုံးအဆင်ပြေတယ် ဖုန်းနဲ့သုံးတဲ့အချိန်မှာ review လုပ်ခိုင်းတော့ လုပ်လိုက်တာ ခရက်ဒစ်ကတ်တောင်းတယ် none ဆိုတာ ပါမလာဘူး အဲဒါဘယ်လိုလုပ်ရမလဲဗျ
Post a Comment
ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။