အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
Android အမျိုးအစားဖုန်းများတွင် Android 2.0 မှ 4.0 ဖုန်းများတွင်
မြန်မာစာထည့်သွင်းရာတွင် ဖတ်ရှုရ ၊ စာရိုက်ရအဆင်ပြေခဲ့သော်လည်း Android 4.1
နှင့်အထက်ဖုန်းများတွင် မြန်မာစာဖတ်ရှုရ စာရိုက်ရ အဆင်မပြေခြင်း ၊
စာလုံးများရှေ့နောက်လွဲခြင်း စသည့် error အနည်းငယ်ရှိခဲ့ပါသည်။
ယခုအခါ Android 4.1 နှင့်အထက်ဖုန်းများမှာ
မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် ဆော့ဝဲကို မြန်မာ Developer
တစ်ဦးကရေးသားထုတ်ဝေလိုက်ပြီဖြစ်သည်။ ယင်း ဆော့ဝဲအားရေးသားခဲ့သူ
ကိုကျော်စွာသွင် နဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
Smart Zawgyi ဆိုတာ ဘာလဲလို့ မေးမြန်းခဲ့တဲ့အခါ။
“Smart Zawgyi ကအားလုံးပိုင်တဲ့ Font တစ်ခုပါ။ Zawgyi.net နဲ့ Alpha Mandalay ကဖန်တီးခဲ့တဲ့ Zawgyi ကိုပြန်လည်မွန်းမံထားတာပါ ။
4.2.2 တွေမှာ Unicode Rendering ရလာတော့လဲ Zawgyi font ကမရတော့ဘူးလေ
ကျွန်တော်တို့အများဆုံးသုံးတာက Zawgyi ဆိုတော့ Zawgyi ကိုသုံးချင်တဲ့သူတွေက Zawgyi ကိုသုံး
Unicode ကိုသုံးချင်တဲ့သူတွေက ပုံမှန်အတိုင်းသုံးဖို့အတွက်ပါ “ လို့ဆိုပါတယ်။
ရိုးရိုး ဇော်ဂျီဖောင့်နဲ့ Smart Zawyi နဲ့ဘယ်လိုကွာခြားချက်ရှိလဲလို့ မေးမြန်းတဲ့အခါ
“အခု Release လုပ်လိုက်တဲ့ ကောင်ကတော့ အရင်
Zawgyi အတိုင်းအလုပ်လုပ်တဲ့ ကောင်ပါ Rendering မှန်နေတဲ့
ဖုန်းတွေမှာမြန်မာစာအမှန်မြင်ရအောင်ပါ” လို့ ကိုကျော်စွာသွင်က ပြောပါတယ်။
မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် Smart Zawgyi Tool ကိုဘယ် Android
version တွေအတွက်အသုံးပြုနိုင်မလဲဆိုတာနဲ့
ဖုန်းအမျိုးအစားဘယ်နှမျိုးလောက်ကို မြန်မာစာမှန်ကန်စေပါမလဲ ဆိုတဲ့
မေးမြန်းချက်အပေါ် ကိုကျော်စွာသွင်က
“Android 4.2.2 သုံးထားတဲ့ နောက်ပိုင်း Android ဖုန်း အားလုံးနီးပါး မြန်မာစာရေးရဖတ်ရမှန်ပါလိမ့်မယ်” လို့ ကိုကျော်စွာသွင်က ဆိုပါတယ်။
အခုထွက်ရှိလာတဲ့ Smart Zawgyi Tool ကို Myanmar Mobile App Store မှာ
download ရယူနိင်ရန် တင်ပေးထားပါတယ်။ နောက်ထပ် Smart Zawgyi Tool ကို
မိုဘိုင်းဗားရှင်းဆော့ဝဲအနေနဲ့ထွက်ရှိုရန် အစီစဉ်ရှိမရှိကို
မေးမြန်းတဲ့အခါ
“APK နဲ့ရော Windows Installer ကောပါ Windows
အတွက်တော့ CGI အစား GUI နဲ့ထုတ်ပါ့မယ်… CWM တင်ထားတဲ့သူတွေအတွက် Zip
ကိုလဲထုတ်ပါ့မယ်။ Open Source အနေနဲ့ထုတ်မှာပါ ။” လို့ ကိုကျော်စွာသွင်က ဖြေပါတယ်။
Android 4.2 နှင့်အထက်ဖုန်းများမှာ မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးတဲ့
Tool ကိုရေးသားခဲ့တဲ့ ကိုကျော်စွာသွင်ကို Myanmar Mobile App Store မှ
မိုဘိုင်း အသုံးပြုသူ များကိုယ်စားကျေးဇူး အထူးပင်တင်ရှိပါတယ်။ Android 4.2
နှင့်အထက်ဖုန်းများမှာ မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမယ့် Smart Zawgyi
Tool ကိုအောက်က link မှာရယူနိုင်ပါတယ်။
Smart Zawgyi Tool အားရယူရန်
From: Google Drive
Smart Zawgyi ဆော့ဝဲအသုံးပြုနည်းကိုတော့ ကိုကျော်စွာသွင်က
“ဖုန်းကို ကွန်ပျူတာမှာ တပ်၊ ဖုန်းရဲ့ USB Debugging ကို Enable လုပ်၊
အခုပေးထားတဲ့ Rar လေးကိုဖြည်ပြီး အထဲက install.bat လေးကို Run
လိုက်ရုံပါပဲ” လို့ကျော်စွာသွင်က ရှင်းပြပါတယ်။
အခုလို မေးမြန်းသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ ကိုကျော်စွာသွင်ကို Myanmar Mobile App မှကျေးဇူးအထူးပင်တင်ရှိပါတယ်။
From: Myanmar Mobile App
ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင်
ဒီမှာ like လုပ်ပေးခဲ့ ပါ
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင်
ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ
1 comments:
ကျေးဇူးတင်ပါတယ် ယပင့်တွေတက်နေတာတွေခုတော့အစဉ်ပြေသွားတယ်ဗျ နောက်လည်းတင်ပေးပါအုံးဗျို့ အမြဲးတမ်းအားပေးလျက်ပါဗျာ ကျေးဇူးတင်ပါတယ်
Post a Comment
ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။