အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
WiFi ကို အသုံးပြုပြီး တစ်ဦးတစ်ဦး Walkie Talkie ပြောလို့ရမယ့် App ပါ။
အင်တာနက်မလိုပါဘူး။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး စကားပြောဖို့
ငွေမကုန်ပါဘူး။ Battery ပဲ အားကုန်ပါမယ်
ဖုန်းတစ်လုံးနဲ့ တစ်လုံး WiFi ချိတ်ကာ ပြောနိုင်ပါတယ်။
ကျွန်တော်စမ်းကြည့်တာ ပေ(၁၀၀)ပတ်ချာလည်လောက် ကောင်းကောင်း ကြားရပါတယ်။ ဒါကြောင့် ကျောင်းသူကျောင်းသားများ တစ်ခန်းနဲ့တစ်ခန်း စကားပြောတာ၊ ရုံးသူ ရုံးသားများ အပေါ်ထပ် အောက်ထပ် စကားပြောတာ၊ အိမ်နီးချင်း ချစ်သူစုံတွဲတွေ တော်ကီပွားနိုင်တာ စသဖြင့် ပေ(၁၀၀)ကျော် ပတ်လည်အတွင်း ငွေမကုန်ပဲ အပြန်အလှန် တော်ကီတွေ ပွားနိုင်တယ်ဗျာ။
ဖုန်းတစ်လုံးနဲ့တစ်လုံး WiFi ချိတ်နည်းကတော့ အားလုံးသိကြမှာပါ။ မသိရင်လဲ ပြောပါမယ်။ အရင်ဆုံး ဖုန်းတစ်လုံးရဲ့ Setting ထဲကိုသွားပါ။ Tethering and portable hotspot ကိုဝင်ပါ။
Portable Wi-Fi hotspot ကို ဖွင့်လိုက်ပါ။ ဒါဆို Wi-Fi လွှင့်လိုက်ပါပြီ။ နောက်ဖုန်းတစ်လုံးက ထို လွှင့်ထားတဲ့ Wi-Fi ကို ချိတ်ဆက်ရမှာဖြစ်ပါတယ်။ ချိတ်ဆက်နည်းကတော့ ချိတ်ဆက်မယ့်
ဖုန်းရဲ့ Setting ထဲကို ၀င်ပြီး Wi-Fi ကို ဖွင့်လိုက်ပါ။ ခုနက လွှင့်ထားတဲ့ လိုင်းကို မြင်ရရင် တစ်ချက်နှိပ်ကာ ချိတ်လိုက်ရုံပါပဲ။ ဒါဆို ဖုန်းတစ်လုံးနဲ့တစ်လုံး Wi-Fi ချိတ်ဆက်သွားပါပြီ။
ချိတ်ဆက်ပြီးသွားရင် WiFi Talkie ကိုဖွင့်လိုက်ပါ။ ညာဘက်ထောင့်က ခလုတ်ကို On လိုက်ပါ။ Channel ကတော့ ဖုန်းနှစ်လုံးစလုံးမှာ တူရပါမယ်။ Channel တူမှ စကားပြောနိုင်ပါမယ်။ Channel လိုင်းတွေ အများကြီးပါတယ်။ ကိုယ်ကြိုက်ရာ လိုင်းကို ဖုန်းနှစ်လုံးစလုံးမှာတူအောင်
ပြောင်းပြီး ပြောရုံပါပဲ။ ဖုန်းအမျိုးစားပေါ်မူတည်ပြီး ဆူညံသံ(Noise) အနည်းငယ်ရှိပါတယ်။ Volume ကို တစ်ဝက်လောက်ထားပြီး ပြောရင် အသံကြည်ကြည်လင်လင်နဲ့ အိုကေပါတယ်။ Walkie Talkie ပုံစံဖြစ်လို့ လက်နဲ့ဖိ စကားပြော၊ နားထောင်ချင်ရင် ပြန်လွှတ် ရပါမယ်။
ဒီလောက်ဆို အိုကေနေပြီနော် .. ပိုက်ပိုက်မကုန်ပဲ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်နိုင်တာမို့ အမြန်သာ ဒေါင်းပြီး ကလိကြပေတော့ ဘော်ဒါတို့။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
Credit To ရိုးကြယ်(Myanmar IT Group)

















0 comments:
Post a Comment
ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။