Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ

Friday, September 27, 2013

ဘယ်လို Crack ရမလဲဆိုတဲ့ အသေးစိပ် ပုံနဲ့ ရှင်းပြခြင်း

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်

Internet Download Manager 6.12 ကို Full Version ဖြစ်အောင် Crack ကြမယ်

Internet Download Manager နဲ့ပတ်သက်ပြီး ကျွန်တော့်ကို မေးတဲ့လူများနေလို့ အတတ်နိုင်ဆုံး ရှင်းပြလိုက်ပါတယ် .. ဒါပေမယ့် ကျွန်တော်က နယ်မြို့လေးတစ်မြို့မှာ နေတာဖြစ်တဲ့အတွက် ဆော့လ်ဝဲတွေနဲ့ပတ်သက်ရင် Final Version တွေကို တင်ပေးနိုင်ဖို့တော့ အခက်အခဲရှိပါတယ် ..
တစ်ခြားဘလော့တွေမှာ တင်ထားတဲ့ ဆော့ဝဲတွေကိုလည်း ပြန်ဒေါင်းဖို့မလွယ်တဲ့ ကွန်နက်ရှင်နဲ့
အင်တာနက်ကိုသုံးနေရတာဖြစ်တဲ့အတွက် လင့်လေးကိုပဲယူပြီး ချိတ်ပေးလိုက်ရင် ဖြစ်ပေမယ်
သက်ဆိုင်ရာ ဘလော့ပိုင်ရှင်တွေကို လေးစားတဲ့စိတ်ကြောင့် မလုပ်ချင်ပါဘူး .. 
Desktop ညာဖက်အောက်ဒေါင့်နားလေးမှာရှိတဲ့ (အလံလေးနားမှာ) Pop Up Arrow လေးကိုနှိပ်လိုက်ရင် တက်လာတဲ့ထဲက Internet Download Manager ရဲ့ Tray Icon ပုံလေးကို Right Click နှိပ်ပြီး ပေါ်လာတဲ့ထဲက exit ကို နှိပ်ပေးလိုက်ပါ (Internet Download Manager ကို ပိတ်လိုက်တာပါ) အဲဒီလို မလုပ်ရင် ကျွန်တော်တို့ Internet Download Manager ကို Patch ချိုးလို့ လုံးဝ အောင်မြင်မှာမဟုတ်ပါဘူး .. ပိုပြီးရှင်းအောင် အောက်မှာ ပုံလေးပြထားပါတယ် ..
ပြီးရင် Desktop ပေါ်မှာရှိတဲ့ Internet Download Manager ရဲ့ Icon လေးကို Right Click နှိပ်ပြီး ပေါ်လာတဲ့ထဲက Open file location ကိုနှိပ်လိုက်ပါ .. (အဲဒီလိုလုပ်ဖို့ အခက်အခဲရှိတယ်ဆိုရင်လည်း C ကိုဖွင့် Programs ဆိုတဲ့ဖိုလ်ဒါကိုဖွင့် Internet Download Manager ဆိုတဲ့ဖိုလ်ဒါကိုဖွင့် .. )
ပြီးရင် ဒေါင်းလို့ရလာတဲ့ ဖိုင်ထဲက Patch ဆိုတဲ့ဖိုင်လေးကို သူ့အရင်ဖွင့်ထားနှင့်ပြီးသားဖြစ်တဲ့ Internet Download Manager ဖိုလ်ဒါထဲကို Drag and Draw ဆွဲထည့်လိုက် .. (မလုပ်တတ်ရင်လည်း အဆင်ပြေသလို ကော်ပီယူပြီး ထည့်ပေးလိုက်ပါ) အောက်မှာ ပုံလေးနဲ့ ပြထားပါတယ်
Administrator Prompt Box တက်လာပြီး သတိပေးတဲ့အခါ .. Replace ကိုနှိပ် Continue ကို နှိပ်ပေးလိုက်ပါ .. အဲဒီ Patch ဖိုင်လေး Internet Download Manager ရဲ့ ဖိုလ်ဒါထဲရောက်သွားတာကို သေချာစစ်ကြည့်ပါ .. သေချာပေါက် ရောက်သွားပြီဆိုရင် အဲဒီဖိုင်လေးကို Double Click နှိပ်ပြီး Run ပေးလိုက်ပါ .. အဲဒီအခါ အောက်မှာပြထားသလို ကျွန်တော့်လောက်နီးပါး ချောမောခန့်ညားတဲ့ ပုံလေးတက်လာပါလိမ့်မယ် .. 
:P
အဲဒီပုံလေးထဲက Patch ဆိုတာလေးကို နှိပ်ပေးပြီး ခဏစောင့်လိုက်ပါ .. အထက်က အဆင့်တွေအားလုံး မှန်ခဲ့မယ်ဆိုရင် အောက်မှာပြထားတဲ့ပုံအတိုင်းတက်လာပါမယ် .. 
ပထမတစ်ပုံရဲ့ First name အကွက်မှာ ကြိုက်တဲ့နံမည်ကို ထည့်ပြီး OK ကိုနှိပ်ပါ .. နောက်ထပ် အဲဒီလိုပုံထပ်တက်လာပြီး Last name မှာလည်း ကြိုက်တဲ့ နံမည်ကို ထည့်ပြီး OK ကို နှိပ်ပေးလိုက်ပါ ..
အဲဒီအခါမှာ အောက်ကပုံအတိုင်း သူငယ်ချင်းတို့ Patch ချိုးတာ အောင်မြင်သွားတဲ့အကြာင်း ပုံလေးတက်လာပါမယ် .. 
ပြီးရင်တော့ exit လေးကို နှိပ်ပေးလိုက်ပါ .. ပြီးရင် Restart တောင်းရင် ပေးလိုက်ပါ .. မတောင်းလည်း Restart လုပ်ပေးလိုက်တာက ပိုကောင်းပါတယ် .. 
ဝင်းဒိုးပြန်တက်လာတဲ့အခါ .. Online မှာ Update တွေ ထွက်နေတဲ့အကြောင်း Download လုပ်ဖို့ Box လေးတက်လာပါမယ် .. ပိတ်ပစ်လိုက်ပါ .. မပိတ်ပဲ .. ဒေါင်းလိုက်မိရင် ကျွန်တော်တို့ Full Version မဖြစ်နိုင်တော့ပါဘူး .. 
အားလုံးငြိမ်သွားပြီဆိုရင်တော့ Desktop ပေါ်က Internet Download Manager ရဲ့ Icon လေးကို Double Click နှိပ်ပြီး ဖွင့်လိုက်တဲ့အခါ .. အောက်ကပုံလေးအတိုင်း သူငယ်ချင်းတို့ရဲ့ ဆော့ဝဲလေးဟာ Full Version ဖြစ်နေတာကို တွေမြင်ရမှာ ဖြစ်ပါတယ် .. 
(တစ်ကယ်တော့ .. သူငယ်ချင်းတို့ဟာ အထက်ကလုပ်ငန်းစဉ်ကြီးတစ်ခုလုံးမှာ Cracker တစ်ယောက်ဆန်ဆန် .. ဆော့ဝဲတစ်ခုကို Full Version ဖြစ်အောင် ကိုယ်တိုင် Crack လိုက်တာပါပဲ ..)




Credit By...http://sharegeneralknowledge.blogspot.com
ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင် ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင်  ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

0 comments:

Post a Comment

ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။