Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ

Monday, September 9, 2013

ဖုန်းအား အမြန်သွင်းနည်း

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်

ဖုန်းအား အမြန်သွင်းနည်း မိုဘိုင်းဖုန်း အားသွင်းဖို့ အတွက် သိပ်အချိန်မရတဲ့ အခါတွေ ကြုံတွေ့ကြဖူး မှာပါ။ အဲ့ဒီအချိန်ကျ အချိန်တိုအတွင်း အားမြန်မြန် ဝင်စေမယ့် နည်းလမ်းကို အသုံးပြု နိုင်ပါတယ်။ အဲဒါကတော့ Flight mode/ Airplane mode သို့ ပြောင်းလိုက်ခြင်း ဖြစ်ပါတယ်။ Airplance mode, Flight mode ပြောင်းလိုက်ခြင်းကြောင့် Background မှာ Run နေတဲ့ Application တွေအားလုံးကို ပိတ်ပေး ပါတယ်။ Bluetooth, Wireless, GPS , Mobile Data အစရှိသဖြင့် ဖုန်းအားအသုံးပြု နေတဲ့ Option အားလုံးကို Flight mode က Off လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ အခါကျရင် အချိန်တိုအတွင်း အားမြန်မြန် ဝင်တာကို တွေ့ ရမှာပါ။ အဲ့လိုမသွင်းခင်မှာလဲ ဖုန်းထဲမှာ Run နေသမျှ App တွေ အားလုံးကို အရင် clear လုပ်ဖို့ လိုပါသေးတယ်။ နောက်ထပ်တစ်နည်းကတော့ ဖုန်းကို ပါဝါပိတ်ပြီး အားသွင်းခြင်း ဖြစ်ပါတယ်။ ဖုန်းကို ပါဝါပိတ်ထားတဲ့အတွက် ဘယ် application မှ အသုံးပြုရခြင်း မရှိ တော့တာမို့ အားသွင်းတာ ပိုလို့တောင် မြန်ဆန် ပါတယ်။ သို့ပေမယ့် Power on/ off အကြိမ်များကြောင့် Data အချို့  ပျောက်ကွယ် နိုင်တာ ကြောင့် flight mode ကိုပဲ ပိုပြီးတော့ Recommend ပေးပါတယ်။ ပြီးတော့ အားအရမ်းလိုနေရင် ကွန်ပြူတာ USB မှတစ်ဆင့် မသွင်းပါနဲ့။ Power Plug ကနေပဲိတိုက်ရိုက်သွင်းရမှာ ဖြစ်ပါတယ်။ အားလုံး မိုဘိုင်း ဖုန်း အားသွင်းဖို့ အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။ . 
Ref: techgek အောင်ခမ်း (International news for myanmar)
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် http://baygyiknowledge.blogspot.com/2013/08/website-download.html ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

0 comments:

Post a Comment

ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။