Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ

Monday, September 30, 2013

ANDROID ဖုန်းေ လး လံနှေးကွေး ရခြင်း အကြောင်း အရင်းများ

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်



ဒီ Post ကိုမေးထားတဲ့သူအတွက်တင်ပေးလိုက်တာပါ ၊ တော်တော်များများ တွက်လဲ အသုံးဝင် လိမ့်မယ်လို့ လဲထင်ပါတယ်။ ပြီးတော့ဒီ Post ဟာ Beginner များအ တွက်ရည်ရွယ်ထားတဲ့ အခြေခံနား လည်စေရန်ရှင်းပြထားရုံသက်သက်
သာဖြစ်ပါတယ်။

ဒီ မေးခွန်းကိုမစခင်အရင်ဆုံး Memory Stroage အကြောင်းလေးကိုပြောပြချင်ပါတယ်။ Memory stroage လို့ပြောလိုက်ရင် အရင်ဆုံးအလွယ်ပြေးမြင်လို့ရတာ SD Card ပါ ။ တကယ်တော့ SD Card ဆိုတာ MemoryStroageလို့ပြောလို့ရပေမဲ့ ဖုန်းရဲ့ROM ပိုင်း System ပိုင်းတွေနဲ့တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါဘူး။ အပိုထည့်သွင်းထားတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ပိုပြီးမြင်သာသွားအောင်ပြောရရင် SD Card မပါလဲ ဖုန်းဟာဆက်ပြီးအလုပ်လုပ်နေဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့အခုလက်ရှိသုံးနေကြတဲ့ဖုန်းတွေဟာ ဖုန်းထုတ်လုပ်တည်းကပါတဲ့ Bulit in memory ပါဝင်ပါတယ်။ အဲဒီ Build in memoryပေါ်
မှာသာ ROM ကိုတင်ပြီးအသုံးပြုနေရခြင်းဖြစ်ပါတယ်။

 များသောအားဖြင့်
ဖုန်းဝယ်သူတော်တော်များများဟာ SD Card ဘယ်လောက်စိုက်လို့ရလဲဘယ်လောက်ပါလဲဆိုတာကိုပဲ ကြည့်လေ့ရှိကြပါတယ်။ Build in memory ဘယ်လောက်ပါလဲဆိုတာကိုကြည့်လေ့မရှိကြပါဘူး။

အိုကေ .. ဒီတော့ အဲဒီ Build in memory ပေါ်မှာ ROM တင်ထားတာဖြစ်တယ်ဆိုတာသိရင် ဖုန်းဘာကြောင့်လေးရလဲဆိုတာကိုအလွယ်ပြောလို့ရပါပြီ ၊ အဲဒီ Build in memory ပြည့်လုနီးနီးဖြစ်သွားတာ (သို့) အဲဒီထဲက File တွေ ရုပ်ထွေးနေတာလို့ပြောရင်ရပါပြီ ၊ ဥပမာ Build in memory
1GB ပါတဲ့ ဖုန်းကိုဝယ်လိုက်တယ်ဆိုပါစို့ ၊ တင်ထားတဲ့ ROM ကတ၀က်ကျော်ကျော်လောက်ကိုကျိမ်းသေနေရာယူပါတယ် ၊ ပြောရရင် ဖုန်းရဲ့Build in memory က  ၀ယ်ကတည်းက တ၀က်ကျော်ကျော်သုံးထားပြီးသားဖြစ်ပါတယ်။ အဲဒီနောက်မှာ ဆက်ပြီးသုံးမယ်ဆိုပြည့်ပြည့်သွားခြင်း ရုပ်ထွေးခြင်းတွေဖြစ်သွားတဲ့အတွက် ဖုန်းတွေလေးလံနှေးကွေးရခြင်းဖြစ်ပါတယ်။

နောက်ထပ်ဖြစ်လာမဲ့ မေးခွန်းတစ်ခုကတော့ ဘာကြောင့် Built in memory ကပြည့်သွားရတာလဲ ဆိုတာပါ ... ဒါကတော့ အမျိုးမျိုးဖြစ်နိုင်ပေမဲ့ အကြမ်းဖြင့်အားဖြင့်အောက်ပါအချက်များကြောင့်အဖြစ်များလေ့ရှိပါတယ် -

၁)
Application တွေခဏခဏတင်ခြင်း၊ ဖျက်ခြင်းBuilt in memory ထဲမှာ သိုလှောင်ထားတဲ့ အပိုင်းမှာ App တွေတင်ရင်ကိုယ်မသိလိုက်ဘဲအလိုလျောက်နောက်ကွယ် Build in memory ထဲမှာ
Data File တွေဖွင့်သွားတတ်ပါတယ်။ တစ်ချို့ App တွေဆိုရင် Uninstall ပြန်လုပ်ပေမယ်လည်းဆက်ပြီးတော့ Data တွေကျန်ခဲ့တာမျိုးရှိပါတယ်။
(SD Card ထဲကို Install လုပ်ထားတဲ့ App တွေဆိုရင်တော့ ပြသနာရှိမှာ
မဟုတ်ပါဘူး)

၂)  Game ဆော့များခြင်း
ကိုယ်ရဲ့ဆော့လက်စဂိမ်းတွေက ဘယ်အခန်းရောက်ပြီ၊ ဘယ်အချိန်ကနောက်ဆုံးဆော့ထားတာစတဲ့အချက်အလက်တွေကိုဘယ်နေရာမှာသိမ်းထားတယ်ထင်လဲ ?? စဉ်းစားကြည့်လိုက်ပါ Game တစ်ခုကိုထည့်ရင်1MB ရှိတယ်ဆိုပါစို့၊ ဒါဟာ လုံးဝမဆော့ရသေးခင်အချိန်မှာပါ ၊ ဆော့
ပြီးသွားရင်တော့ ဆော့လက်စ အခန်းတွေ ပုံတွေဒါတွေကိုသက်သက်သိမ်းထားရတဲ့ Data File တွေထပ်တိုးလာပါတယ်။ ဒါကြောင့် Built in memory မှာပိုများပြီးကျပ်ညပ်လာတတ်တာမျိုးလဲဖြစ်တတ်ပါတယ်။

၃)  SD Card မသုံးခြင်း
အပေါ်ကအချက်တွေကိုဖြေရှင်းမဲ့နည်းကတော့ SD Card သုံးထားရင်သက်သာစေပါတယ် ၊ မိမိဆော့တဲ့ Game File တွေ တင်ထားတဲ့ App
တွေစသည့် Data တွေကို SD Card ထဲမှာရွေ့ပြီးသိမ်းလိုက်မယ်ဆိုရင် Built in memory အသုံးပြုခြင်းလျော့နည်းစေမှာဖြစ်ပါတယ်။ ဒါမဲ့
တစ်ချို့ App တွေဟာ Built in memory ကလွဲရင် SD Card ထဲကို
ရွေ့ပြောင်းခြင်းခွင့်မပြုပါဘူး၊

ဒါကြောင့် အတိုချုံ့းပြီးပြောရရင် .. SD Card ထဲကို App တွေ Game
တွေကိုစကတည်း Install လုပ်ထားသင့်ပါတယ်။

ဒီတော့ နောက်ဆုံးအဲလိုဖြစ်လာပြီ လေးလာပြီနှေးလာပြီဆိုရင်မိမိဖုန်းကိုဘယ်လိုဖြေရှင်းမလဲဆိုတာ
အဓိကအချက်ပါ .................

၁)
 အဲလိုလေးလံလာရင် မိမိဖုန်းရဲ့ Build in memory ဘယ်လောက်ကျန်သေးလဲဆိုတာကိုအရင်ဝင်စစ်ကြည့်ပါ .. (ပုံမှာပြထားတဲ့အတိုင်းSetting အောက်က App အောက်မှာဝင်ရောက်ကြည့်ရင်တွေ့ရပါ
လိမ့်မည်) App ထဲမှာ MB အများဆုံးတွေကို Clear Cache လုပ်ပါ

၂) တစ်ခုခြင်းရှင်းတာတောင်းမရတော့ဘူးဆိုရင်တော့ နောက်ဆုံးဘာလုပ်လို့ရနိုင်မလဲဆိုတာကရိုးရှင်းပါတယ် Factory Restart ချလိုက်ရုံပါပဲ ... Setting ထဲက Backup & Reset အောက်မှာဝင်ပြီး Factory data reset ချလိုက်ရင်ဖုန်းက ၀ယ်လာတဲ့အတိုင်းပြန်ဖြစ်သွားပြီး Built in memory ထဲက Data တွေအကုန်ရှင်းသွားပါလိမ့်
မယ် ... ဒါမဲ့ ကြိုတင်သိထားရမှာက တင်ထားသမျှဂိမ်းတွေနဲ့ App တွေ Contact List တွေ SD Card ထဲကမဟုတ်တာမှန်သမျှအကုန်
ကုန်ပါလိမ့်မယ် ...

ဒီလိုမကုန်အောင်ဘယ်လို Backup ဆွဲထားမလဲ ဆိုတာကတော့မိမိအိမ်မှာ Computer နဲ့ဆိုရင်တော့ ပိုပြီးအဆင်ပြေနိုင်ပေမဲ့ဖုန်းထဲမှာတော့ ခက်ခဲပါလိမ့်မယ် .. လုပ်ဆောင်ရမှာက ရှိသမျှလိုသမျှတွေ Backupဆွဲမယ် ပြီးရင် Factory data reset ချမယ် ပြီးရင် Backup လုပ်ထားတဲ့ဟာတွေကို Restore ပြန်ခေါ်လိုက်ရင်အဆင်ပြေပါပြီ ...


အဆင်ပြေနိုင်ကြပါစေ

M.Min
ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင် ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင်  ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

0 comments:

Post a Comment

ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။