Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ

Monday, August 26, 2013

မြန်မာနိုင်ငံ၌ ဖေ့စ်ဘုတ်အသုံးပြုသူ ၁ သန်း ၄ သောင်း ရှိသည်

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည် ကွန်မန်.ချန်ခဲ.ပါနော် ဘလော.ကာများရဲ. ခွန်အားပါ ပျော်ရွှင်ပါစေ


 
သြဂုတ်လ ၂၂ ရက်နေ့ စစ်တမ်းအရ ဖေ့စ်ဘုတ်အသုံးပြုသည့် မြန်မာနိုင်ငံသားပေါင်း ၁ သန်း ၄ သောင်း ရှိသည်ဟု Clean Text (Facebook) စာမျက်နှာ၌ ဖော်ပြထားသည်။ 
 
၎င်း၏ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံမှ အမျိုးသား ၆ သိန်း ၂ သောင်းနှင့် အမျိုးသမီး ၄ သိန်း ၂ သောင်းမှာ ဖေ့စ်ဘုတ် အသုံးပြုနေသည်ဟု သိရသည်။ အသက် ၂၁ နှစ်မှ အသက် ၃၀ အကြား ဖေ့စ်ဘုတ် အသုံးပြုသူမှာ ၂ သိန်း ၄ သောင်းရှိပြီး အသက် ၅၀ နှင့် အထက် အသုံးပြုသူမှာ ၁ သောင်း ၄ ရာ ရှိသည်ဟု သိရသည်။ Wikipedia ၏ ဖော်ပြချက်အရ ၂၀၁၃ ခုနှစ် မတ်လ၌ တစ်ကမ္ဘာလုံး၌ ဖေ့စ်ဘုတ် အသုံးပြုသူဦးရေသည် ၁.၁၅ ဘီလီယံရှိကြောင်း သိရပြီး အဆိုပါ အရေအတွက်အနက် မြန်မာနိုင်ငံမှ ဖေ့စ်ဘုတ် အသုံးပြုသူဦးရေသည် ၁ သန်းကျော် ပါဝင်နေခြင်းဖြစ်သည်။ Clean Text ၏ ဖော်ပြချက်အရ ဖေ့စ်ဘုတ်၌ လူကြိုက်များသည့် စာမျက်နှာများ၊ လူကြိုက်များသည့် မီဒီယာများကို လေ့လာနိုင်ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ နှစ်လလောက်က တစ်ခါကြည့်တော့ အသုံးပြုသူ ၈ သိန်းကျော်လောက်ပဲ ရှိသေးတယ်ဆိုတော့ အခု အသုံးပြုသူဦးရေ တိုးတက်လာတယ်လို့ ပြောရမှာပဲ။ အသုံးပြုသူ အရေအတွက်ကို နိုင်ငံခြားက ဘဏ်အကောင့်တစ်ခုနဲ့ ချိတ်ဆက်ပြီး Advertising လုပ်နေတဲ့အတွက် တွက်ကြည့်လို့ ရခဲ့တာပါ” ဟု ကြော်ငြာလုပ်ငန်းရှင် တစ်ဦးကပြောသည်။

ဖေ့စ်ဘုတ်အသုံးပြုသူဦးရေ တိုးတက်သည့်အတွက် ကဏ္ဍအားလုံးသည် သတိပြုရမည့် အဆင့်သို့ ရောက်ရှိလာကြောင်း၊ အကောင်းအဆိုး ပါဝင်နေသော်လည်း ပုံနှိပ်မီဒီယာ အပါအဝင် ကဏ္ဍအားလုံး၌ သိသာထင်ရှားသော နေရာတစ်ခုသို့ ဖေ့စ်ဘုတ်မှ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း အထက်ပါ လုပ်ငန်းရှင်က သုံးသပ်သည်။ မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုဦးရေသည် ၆ သိန်းကျော်ရှိသည်ဟု ၂၀၁၂ ခုနှစ်အတွင်း ရတနာပုံ တယ်လီပို့မှ ခန့်မှန်းထားရှိခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေး၏ မျှော်မှန်းချက်အရ ရန်ကုန်မြို့တွင် ၂၀၁၅-၂၀၁၆ ခုနှစ်အရောက်၌ အင်တာနက် အသုံးပြုသူ အရေအတွက် ၂.၅ သန်းသို့ ရောက်ရှိလာလိမ့်မည်ဟု သိရသည်။
 
 
Ref : Internet > O.E

0 comments:

Post a Comment

ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။