အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်
*** MAJOR UPDATE ***
MORE POWERFUL and MORE RISKY
Version 2.0 အဖြစ် Update လုပ်ပေးလိုက်ပါတယ်။ အခု update မှာ code segment
တွေအပေါ် မမှီခိုတော့ဘဲ ELF file structure အတိုင်းလိုက်ပြီး
ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ ဖုန်းအားလုံးနီးပါးနဲ့ အဆင်ပြေလိမ့်မယ်လို့
မျှော်လင့်ပါတယ်။
Myanmar Unicode system ကို တစ်စိတ်တစ်ပိုင်း ပြုပြင်တာတင်မဟုတ်ဘဲ စနစ်တစ်ခုလုံးကို အလုပ်မလုပ်နိုင်အောင်လုပ်လိုက်မှာဖြစ်ပါတယ်။
ဖုန်းဘောင်နောက်မှာ စာတွေကွယ်နေတဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်ပါပြီ။
အဲဒီပြဿနာပေါ်နေတဲ့ဖုန်းတွေလည်း update နဲ့ patch ပြန်လုပ်လို့ရပါတယ်။
အဲဒီပြဿနာမရှိတဲ့ဖုန်းတွေ (Sony) တွေကတော့ လုပ်စရာမလိုပါဘူး။ လုပ်လိုက်ရင်
တစ်ချို့နေရာတွေ ပြန်မှားသွားပါတယ်။ အပေါ်ဆုံးမှာရေးထားသလိုပဲ MORE POWERFUL
and MORE RISKY ပါ။ အားလုံးမှန်ပြီးသားဖုန်းတွေ၊ လက်ရှိလောက်မှန်ရုံနဲ့တင်
ကျေနပ်တယ်ဆိုတဲ့ဖုန်းတွေ ထပ်မစမ်းပါနဲ့တော့။
ကျွန်တော်ပြောခဲ့သလို၊ နောက်ပြီး တစ်ချို့ comment တွေမှာ
ရေးထားကြသလိုပါပဲ။ ကျွန်တော့်ရဲ့နည်းလမ်းဟာ ရေတိုနည်းလမ်းပဲဖြစ်ပါတယ်။
ဆေးမြီးတိုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ရည်မှန်းချက်ထားရမှာက
တစ်ကမ္ဘာလုံးစံပြုထားတဲ့ Unicode System အဖြစ်
ပီပီပြင်ပြင်ပေါ်ထွက်လာဖို့ဖြစ်ပါတယ်။
- ရရစ်ဆိုတာ တစ်ခုတည်း ရှိတော့မယ့်အချိန်
- အောက်ကမြစ် တစ်ခုတည်း ရှိတော့မယ့်အချိန်
- အီလက်ထရောနစ်မျက်နှာစာတိုင်းမှာ မြန်မာစာလွယ်လွယ်ကူကူမှန်မှန်ကန်ကန်ပေါ်မယ့်အချိန်
- Click တစ်ချက်နှိပ်လိုက်ရုံနဲ့ အက္ခရာစဉ်ကို ၁၀၀ ရာခိုင်နှုန်း မှန်အောင်စဉ်ပေးနိုင်မယ့်အချိန်
- ဝလုံး 'ဝ' နဲ့ သုည '၀' မှားရိုက်မိတာနဲ့ ကွန်ပျူတာက မင်နီတားပေးမယ့်အချိန်
အဲလိုအချိန်မျိုးတွေကို ကျွန်တော်တို့မျှော်လင့်ရမှာဖြစ်ပါတယ်။
အဲဒီရည်မှန်းချက်အတွက် ကျွန်တော့်ရဲ့ဆေးမြီးတိုက အဟန့်အတားဖြစ်မနေစေဖို့
Unpatch feature တွေ ထည့်သွင်းပေးထားပါတယ်။ Patch မလုပ်ခင်
မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။
ကျွန်တော့်ရဲ့
email ထဲ၊ facebook message ထဲကို ဖုန်းအတွက်၊ ကွန်ပျူတာအတွက်
အကူအညီတောင်းတဲ့စာတွေလည်း ရောက်လာပါတယ်။ ကျွန်တော်အရင်ကပြောခဲ့သလိုပါပဲ။
ကျွန်တော်ဟာ ဒီ field ထဲက professional တစ်ယောက် မဟုတ်ပါဘူး။
ဝါသနာရှင်တစ်ယောက်သာလျှင် ဖြစ်ပါတယ်။ ကျွန်တော်မဖြေရှင်းနိုင်တဲ့
ပြဿနာတွေအတွက် reply မပြန်ပေးနိုင်တာကို နားလည်ပေးကြလိမ့်မယ်လို့
မျှော်လင့်ပါတယ်။
dr.kyawzawnaing@gmail.com ထဲသို့ MecTel 800
MHz ငွေဖြည့်ကဒ်ကုဒ်များပို့ပေးပြီး support လုပ်ပေးကြသူများ၊ email,
facebook တို့ထဲသို့ message များ post များဖြင့်
ကျေးဇူးတင်စကားပြောကြားပြီး support လုပ်ပေးကြသူများ၊ ကျွန်တော့်ရဲ့
အစမ်းသပ်ခံ အရင်းနှီးဆုံးသူငယ်ချင်းများနဲ့
အခြားကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
အားလုံး အဆင်ပြေကြပါစေခင်ဗျာ။
Download here : Download
ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင် ဒီမှာ like လုပ်ပေးခဲ့ ပါ
ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင် ဒီမှာ ဖတ်ပါ.. .အဆင်ပြေမှာပါ
















2 comments:
Link Dead
ပြင်းထားတယ်သယ်ရင်း ဒေါင်းလိုက်နော် အဆင်ပြေပါစေ
Post a Comment
ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။