Sharing Myanmar IT Ebooks

နည်းပညာနှင့် သက်ဆိုင်သော IT Ebooks များကို လက်လှမ်းမီသလောက် စုစည်းပြီး တင်ပေးထားပါတဲ့အပြင် လိုအပ်သည့် Ebook များ ရှိပါက Email ပို့ပြီး တောင်းဆိုနိုင်ပါတယ်။ တတ်နိုင်သလောက် အဆင်ပြေအောင် ကူညီပေးနေပါတယ်။

How to create Blog

Joomla, Wordpress, Blogger စသော Blog များကို ကိုယ်တိုင် ရေးသားနိုင်ရန်အတွက် Video ဖိုင်များဖြင့်သော်၎င်း၊ PDF စာအုပ်များဖြင့်သော်၎င်း အသေးစိတ် အခမဲ့ ရှင်းလင်းသင်ပြ ပေးထားပါတယ်။

All Mobile Device

ဖုန်းနှင့်သက်ဆိုင်သော သတင်းများ၊ နည်းပညာပိုင်းများ၊ Software၊ Application၊ Games များကို လက်လှမ်းမီသလောက် Update လုပ်ပေးရင်း ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Download Application and Games

Window, Linux, Mac စသော O/S များအတွက် လိုအပ်သော Application နှင့် Games များကို ၀ဘ်ဆိုက်တွင် အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါတယ်။ လိုအပ်သည့် Software များရှိပါကလည်း တောင်းဆိုနိုင်ပါသည်။

Let's Share Our Knowledge

သင်ကြားပေးနေမှု့ကို ဆရာတစ်ယောက်လို မြင်စရာမလိုပါ။ ကျနော်တို့ သိသလောက်ကို လက်ဆင့်ကမ်း ပေးနေတယ်လို့ပဲ စိတ်ထဲမှာ ပေါ့ပေါ့လေး တွေးလိုက်ပါ။ ရင်ထဲကို ခင်မင်ရင်းနှီးမှု့တွေ အလိုလိုရောက်လာပါလိမ့်မယ်။

Subscribe Now!


free counters
ကျွန်တော်ဆိုဒ်လေးထဲကို လာလည်ကြသောသယ်ရင်းများ ကိုယ်စိတ်နှာဖြာ ကျန်းမာချမ်သာပါစေ တစ်ခုခု မှားခဲ့ရင်လည်း စေတနာ အမှားပါ အပြစ်မမြင်ကြပါနဲ့လို. တောင်းဆိုပါတယ် အဆင်ပြေရင် Member ရယ် Facebook like လေး လုပ်ပေးစေချင်ပါတယ် အဆင်ပြေပါစေ

Monday, September 23, 2013

Myanmar IP ဖြင့်သာ Verifyဖြစ်သော PayPal ပြုလုပ်အသုံးပြုနည်း အတွက် ကြိုတင်သဘောတူညီချက်ထုတ်ပြန်ခြင်း ( နိုင်ငံသူ/သားများအားလုံးအတွက် )

အခုလိုလာရောက်တဲ.သယ်ရင်းများကို ကျေးဇူးအထူးတင်ရှိပါသည်



မကြာခင် ထုတ်ဝေတော့မှာဖြစ်တဲ့ PayPal အသုံးပြုနည်းအတွက် သဘောတူညီချက်..လိုက်နာချက်များဖြစ်
ပါတယ်...သင်ဟာ ခေတ်မှီသူတစ်ယောက်..ခေတ်နဲ့တစ်ပြေးတည်းလိုက်ချင်သူတစ်ယောက်..နိုင်ငံတစ်ကာမှာ
မျက်စိပွင့်နားပွင့် သူတစ်ယောက်ဖြစ်တယ်ဆိုရင် ဒီသဘောတူညီချက်များကိုဖတ်ပါ..မကြာခင်ထွက်
လာတော့မယ့် စာအုပ်ကိုလည်းဖတ်ပါ ခေတ်မှီသော မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသားများအားလုံး အကျိုးရှိလာတဲ့ အင်တာနက်ပေါ်မှာ မျက်စိသူငယ်နားသူငယ်ဖြင့် မဖြစ်ရလေအောင် ပထမဆုံးအကြိမ်အဖြစ်ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။
အားလုံးပဲ မင်္ဂလာပါခင်ဗျာ..

ကျွန်တော် မြန်မာနိုင်ငံကနေ မည်သည့် Proxy မှ မသုံးပဲ Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal အကောင့်ကို ပြောပြမယ်လို့ ကတိပေးခဲ့ပါတယ်။

ကျွန်တော် အခု မကြာခင် အချိန်အတွင်း မှာ Myanmar IP နဲ့ ပဲ Verify ဖြစ်တဲ့ PayPal အကောင့် ရအောင်လုပ်နည်းပြောပြပါတော့မယ်။

ကျွန်တော် ကိုယ်တိုင် အခုလက်ရှိသုံးနေတာဖြစ်သလို ၆လ ကျော်၊ သွားပြီလဲ။ ကျွန်တော် ဒီနည်းကို ရဖို့ $100 နည်းပါး  စမ်းသပ်ရင်းနဲ့ ကုန်ကျ ခဲ့ပါတယ်။ ကျွန်တော့်ကို  အဲ့အတွက် ShweMoney Company က Sponsor အနေနဲ့ $50 ထုတ်ပေးခဲ့သလို ကျွန်တော် အဲ့ဒီ $50 ကိုလည်း ကိုယ်ကျိုး မကြည့်ပဲ PayPal စမ်းသပ်တဲ့ အထဲထည့်ခဲ့ပါတယ်။

ဒီနည်းကို မည်သည့်နေရာကမှ Clone ရိုက်ထားခြင်း မရှိသလို Copy ကူးထားခြင်း မရှိပါဘူး။ Idea ပင် Copy ကူးထားခြင်းမရှိပါဘူး လို့ ပြောကြားလိုပါတယ်။ Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal အကောင့် လုပ်နည်းရှာ စိတ်ကူးရှိလာတာက တော့

ကျွန်တော့် Proxy နဲ့ အသုံးပြုနေတဲ့ Verify လုပ်ပြီးဖြစ်တဲ့ PayPal အကောင့် နှစ်ခု Lock ကျပြီး စိတ်ဆင်းရဲရာက စခဲ့ပါတယ်လို့ ၀န်ခံ ပြောကြား လိုက်ပါရစေ။

ဒီနည်းလမ်းဟာ မြန်မာ ပြည်သူ ပြည်သား အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal ပြုလုပ်နည်း တင်ပြရခြင်းရည်ရွယ်ချက်ကတော့ မြန်မာ့ စီးပွားရေးကို တစ်ဖက်တစ်လှမ်းက တိုးတက် ကောင်းမွန်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ။

PayPal က တရားဝင် ခွင့်ပြုထားတာ မဟုတ်သော်လည်း Online ပေါ်မှာ ဘာမှ အကျိုးမရှိ အချိန်ကုန်နေမဲ့ အစား Online ပေါ်ကနေ စီးပွားရေး အဆင်ပြေပြေလုပ်နိုင်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပဲဖြစ်ပါတယ်။ ကျွန်တော် တစ်ယောက်တစ်ယောက်ထဲ သိပြီး မိမိကိုယ်တိုင် လုပ်နေလဲ ရပါတယ်။

ဒါပေမဲ့ အားလုံးကို အဆင်ပြေပါစေ ၊ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနည်းလမ်းကို အချိန်ကြာမြင့်အောင် ရေးသား ပြောကြားလိုက်ရပါတယ်။


PayPal account ရပြီဆိုတာနဲ့ သင်ဟာ ငွေလက်ခံရရှိနိုင်ပါပြီလို့ ပြောကြားလိုက်ပါရစေ.. PayPal မှာ ငွေရှိလာပြီး ဆိုရင် PayPal ကနေ မြန်မာ နိုင်ငံဘဏ်ကနေ ငွေထုတ်ဖို့ ပြောကြားပေးသွားဦးမှာဖြစ်ပါတယ်။ အားလုံးပဲ စိတ်အားထက်သန်စွာဖတ်ရှု နိုင်ပါတယ်။

ကျွန်တော်အနေနဲ့ နိုင်ငံ အားဖြင့် Thai,Malaysia,Singapore,US စတဲ့ နိုင်ငံတွေကို ကို မြန်မာနိုင်ငံ IP နဲ့ ၀င်ရောက် ပြီး စမ်းသပ်ခဲ့ပါတယ်။ အဲ့ထဲမှာမှ Thai နဲ့ Malay က Myanmar IP နဲ့ ၀င်ရောက် အသုံးပြုလို့ ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် Myanmar IP ကို အသုံးပြု ပြီး Credit Card ချိတ်ကြည့်တဲ့ အခါမှာ Thai ရော Malay ရောဟာ Location Confirm ခိုင်းတဲ့ ပြဿနာ တက်ပြီး အကောင့် တွေ Suspend ဆိုပြီး Lock ကျ ကုန်ပါတယ်။အဲ့လိုနဲ့ စိတ်ဆင်းရဲ စွာနဲ့ လိုက်ရှာရင်း နောက်ဆုံး မှာ ကျွန်တော် နိုင်ငံ တစ်နိုင်ငံကို တွေ့ ခဲ့တယ်။ အဲ့နိုင်ငံက စမ်းလုပ် ကြည့်တော့ အဆင်ပြေတာ ကို တွေ့ ရပြီး နောက်ဆုံးမှာ အခုထိ Lock မကျ ပဲ Myanmar IP နဲ့ပဲ Verify ဖြစ်တဲ့ အကောင့်ကို ရယူ ပိုင်ဆိုင်ခဲ့ပါတယ်။

ကျွန်တော် တစ်ခု ကြိုမှာ ထားချင်တာကတော့ မြန်မာ နိုင်ငံကနေ Pay Pal ကို အသုံးပြုဖို့ PayPal က ခွင့်ြ့ပုထားခြင်း မရှိတဲ့ အတွက် ဒီနည်းလမ်းဟာ Legal ဖြစ်မှာ မဟုတ်ပါဘူး။ တကယ်လို့ Policy Updates ကြောင့် အကြောင်းတစ်ခုခု ဖြစ်ပျက်ခဲ့ပါက ကျွန်တော် ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။

Myanmar IP နဲ့ Verify ဖြစ်တဲ့ PayPal ရအောင် ကျွန်တော့် အတွေ့ အကြုံ နဲ့ ပြန်လည် ကူညီပေးခြင်းသာဖြစ်ပါတယ်။ ထို့ကြောင် ဒီနည်းလမ်းကို ကျွန်တော့် အကြံပြုချက်အတိုင်း အသုံးပြုစေချင်ပါတယ်။ အကယ်လို့ မိမိစိတ်ကြိုက် လုပ်မယ်ဆိုပါက Make Your Own Risk လို့သာ ပြောကြားပါရစေ။


အကြောင်း တစ်ခု ဖြစ်ပျက်ခဲ့ပါက ကျွန်တော် အကြံပေးရုံသာ တတ်နိုင်မှာဖြစ်ပါတယ်။

အခု ကျွန်တော် Myanmar IP နဲ့ ဖြစ်ပေမဲ့ Verify ဖြစ်တဲ့ Pay Pal ကို ရယူ အသုံးပြုနည်းကို ပြောပြပေးသွားမှာပါ။

Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal ကို ရယူ အသုံးပြုနည်း ဖတ်ရှု ဖို့ အောက်ပါအချက်များကို သဘောတူညီ ပေးဖို့လိုပါတယ်။

1) ကျွနှုပ်သည် Myanamr IP ဖြင့်သာ Verify ဖြစ်သော PayPal အကောင့် ရယူ အသုံးပြုနည်းကို ဖတ်ရှုလိုသည်။

2) လမ်းညွှန်ချက်ကို အပြည့်အစုံ သေချာစွာဖတ်ရှုပါမည်။ ပြုလုပ်နည်းမှ ညွှန်ကြားချက်များကို သတိထားလိုက်နာမည် ဟု ကတိပေးပါသည်။

3) မြန်မာနိုင်ငံမှနေပြီး Verify ဖြစ်သော PayPal အကောင့် ရယူ အသုံးပြုနည်း နှင့် ပတ်သက်ပြီး အချိန်မရွေး ပြောင်းလဲ သော ညွှန်ကြားချက်များကို လိုက်နာပါမည်။

4) စာရေးသူသည် သူတစ်ပါးအား စေတနာဖြင့် ပြောကြားပေးခြင်းဖြစ်သည်။ ကျွနှုပ် စာရေးသူ၏ စေတနာကို နားလည်ပါသည်။ အကြောင်း တစ်ခုခု ဖြစ်ပျက်ခဲ့ပါက သူ့ကို အပြစ်ပြောမည်မဟုတ်ဘဲ သူ့ထံမှ အကြံဥာဏ် အကူအညီ ရယူမည်ဟု ကတိပေးပါသည်။


အားလုံးပဲ သဘောတူတယ်ဆိုရင် Comment ပေးထားပါ။ နောက်ပြီး ဆက်လက် မဲ့ PayPal အကောင့် ပြုလုပ်နည်း အတွက် သဘောတူတဲ့ သူတွေ ပဲ ကျွန်တော့် အနေနဲ့ ဖတ်ခွင့် ပေးမှာ ဖြစ်ပြီး အချက်ကို မလိုက်နာ နိုင်တဲ့ သူ များအား တစ်စုံတစ်ရာညွှန်ကြား ပြောဆိုမှာ မဟုတ်ပါဘူး။

မကြာခင် ကျွန်တော် Myanmar IP ဖြင့်သာ Verifyဖြစ်သော PayPal ပြုလုပ် အသုံးပြုနည်း တင်ပေးသွားပါ့မယ်။

Special Credit => http://www.techmilo.tk ယခုလိုအသစ်တင်တဲ့ ပိုစ့် လေးတွေကိုမိမိတို့  facebook ကနေဖတ်ချင်ရင် ဒီမှာ like လုပ်ပေးခဲ့ ပါ ကြိုးစားဆဲ...ရဲဖြိုး(သစ်တော) Download လုပ်လို့မရသူများ အရင်  ဒီမှာဖတ်ပါ.. .အဆင်ပြေမှာပါ

80 comments:

မြန်မာအိုင်ပီနဲ့လုပ်နည်းကိုမျှော်နေပါတယ်ခင်ဗျာ ကျွန်တော့်paypalလဲverifyလုပ်ဖို့လော့ကျမှာစိုးလို့အခုလိုနည်းလမ်းကိုစောင့်နေတာပါ လုပ်လို့ရပီဆိုရင် မေးထဲပို့ပေးနိုင်မလားခင်ဗျာ yetunkyaw87@gmail.com ပါခင်ဗျာ ဒါမှမဟုတ်အကြောင့်ကြားပေးပါတယ်ဘယ်မှာတင်ထားတာလဲဆိုတာပေါ့

လေးစားပါတယ်အကိုရာ ... အားလုံးအတွက် ကြိုးစားပေးပါဦး ..

WelcomeOnline Payment CardOnline Payment ServicePayPal ServiceInternational Bank Transfer Service

Myanmar နိုင်ငံ IP Address ဖြင့် PayPal အကောင့်ပြုလုပ်၍ Online Payment / Online Shopping များအား ပြုလုပ်နည်း။ (FREE Service)

ယခုဖော်ပြမည့် နည်းလမ်းသည် iPayZone Online Payment Card ဖြင့် မြန်မာနိုင်ငံမှ PayPal အကောင့်ပြုလုပ်၍ ငွေပေးချေခြင်း(Online Payment) ၊ ငွေလက်ခံခြင်း (Get Paid), အွန်လိုင်းတွင်ငွေရှာခြင်း (Online Business)၊ အွန်လိုင်းတွင် ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်း (Online Shopping)၊ အွန်လိုင်းမှတဆင့် အလူငွေများ ထည့်ဝင်းခြင်း (Online Donation) စသည့် လုပ်ငန်းစဉ်များအတွက် လွတ်လပ်လွယ်ကူစွာ ဆောင်ရွက်နိုင်သော နည်းလမ်းဖြစ်ပါသည်။

ယခုဖော်ပြမည့် နည်းလမ်းအား မြန်မာနိုင်ငံ၏ မည်သည့် အင်တာနက်လိုင်းဖြင့် မဆို အသုံးပြု၍ ရပါသည်။ ပြည်တွင်း အင်တာနက်လိုင်းမျိုးစုံဖြင့် စမ်းသပ်ပြီး ဖြစ်ပါသည်။ နိုင်ငံခြား Proxy များဖြင့် တဆင့်ခံ၍ PayPal အား အသုံးပြုရန် မလိုအပ်ပါ။

ယခုဖော်ပြမည့် နည်းလမ်းအား အသုံးပြု၍ Myanmar IP ဖြင့် Paypal အကောင့်ပြုလုပ်ထားသူများသည် Online တွင် ငွေသုံးရာတွင် Paypal ထဲသို့ ငွေကြိုထည့်ထားစရာ မလိုအပ်ပါ။ iPayZone Online Payment Card ဖြင့် ချိတ်ဆက်ထားရန်သာ လိုအပ်ပါသည်။ iPayZone Online Payment Card သည် Internet / Online Payment Card ဖြစ်သောကြောင့် Paypal မှတဆင့် Online ငွေအသုံးပြုမှု မှန်သမျှကို iPayZone Card ထဲမှ အလိုအလျောက် နုတ်ယူသွားမည် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် အကြောင်းတခုခုကြောင့် PayPal Limited ဖြစ်သွားပါက PayPal ထဲသို့ ငွေကြိုထည့်ထားစရာ မလိုသဖြင့် ငွေဆုံးရှုံးမှု ရှိမည် မဟုတ်ပါ။

သို့သော် PayPal သည် မြန်မာနိုင်ငံအတွက် တရားဝင် မဖွင့်လှစ်သေးသည့်အတွက် Online မှတဆင့် ငွေလက်ခံပါက တစ်ခါတစ်ရံတွင် PayPal အကောင့် Limited ဖြစ်သွားတတ်ပါသည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံမှ PayPal အသုံးပြုသူများသည် Online မှ ငွေလက်မခံသင့်ပါ။ Online တွင် PayPal ဖြင့် ငွေအသုံးပြုခြင်းအတွက် မည်သည့် ပြဿနာမှ မရှိပါ။ လွတ်လပ်လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။

အကယ်၍ မမျှော်မှန်းနိုင်သော အကြောင်းအရာ တစ်ခုခုကြောင့် PayPal အကောင့် Limited ဖြစ်သွားပါက www.ipayzone.com သို့ ဆက်သွယ်ပြီး (Card Replacement) ကဒ်အသစ်ထုတ်ယူ၍ Email အကောင့်အသစ်ဖြင့် အချိန်မရွေး PayPal အကောင့်အသစ် ပြန်လည်ပြုလုပ်နိုင်ပါသည်။

အောက်ဖော်ပြပါ အချက်အလက်များအား အသုံးပြု၍ လူကြီးမင်း၏ iPayZone Online Payment Card အား PayPal နှင့် ချိတ်ဆက်အသုံးပြုပုံ အဆင့်ဆင့် User Manual လမ်းညွှန်အား အခမဲ့ (FREE) ရယူနိုင်ပါသည်။
မှတ်ချက် ။ ။ Myanmar IP Address ဖြင့် PayPal အသုံးပြုနည်း လမ်းညွှန်တွင် စာမျက်နှာ (၂၉) ရွက် ပါရှိပါသည်။ မြန်မာနိုင်ငံ IP ဖြင့် PayPal အကောင့်ပြုလုပ်၍ အသုံးပြုသူလိုသူများသည် ယခုဖော်ပြမည့် နည်းလမ်းအဆင့်ဆင့်အား အစအဆုံး ဖတ်ရှုလေ့လာပြီးမှသာ ပြုလုပ်သင့်ပါသည်။

ကျွန်တော်လည်းဖတ်ချင်ပါတယ် itstudent.slh@gmail.com ပါ အကို

so great..Please share me. maythu.tgi@gmail.com

မယုံဘူး ချီးထုတ် လာရွီးမနေနဲ့ တင်ချင်ရင်တင် မတင်ရင်လည်မတင် နှင့် ဘာ comment ပေးမှ တင်မယ်တို့ ဘာတို့ ရှုတ်တယ် တောပျော်

သိချင်ပါတယ်

Ma ya buu bal mhar read ya mhar lal kwa

သိချင်​ပါတယ်

သိချင်​ပါတယ်

သိချင်​ပါတယ်

မျှော်လင့်နေပါတဟ်

myokokohtun.mail@gmail.com သို့ ကျေူဇူးပြုစေချင်ပါတယ်
စောင့်မျှော်နေပါတယ်ခင်ဗျာ
ဖတ်ချင်ပါတယ် ကျေးဇူးပါအစ်ကို

Deal. lisaklein2491995@gmail.com

would u also send it to xtraylium@gmail.com?
Thank you in advance.
Have a nice day!

Sir, I really would like to read and agree it.
Send mail to ``democrazy.dm2015@gmail.com´´, please!

Sir, I really would like to read and agree it.
Send mail to ``democrazy.dm2015@gmail.com´´, please!

I agree.
Please send mail to " zeroone.ucsm@gmail.com "

Pay pal အကြောင်း သည်ထက် ပိုသိချင် ပါ တယ် ။ သိတဲ့သူတွေ လမ်းညွှန် ပေး တာ ကိုလေး စားပါတယ်။ ထပ်တင်ပေး ပါ အုံး အကို ။

မြန်​မာ ip နဲ့သုံးချင်​ပါတယ်​...​ပြောပြ​ပေးပါ။

မျှော်နေပါတယ်

တင်​ပြီပြီလား ဘယ်​မှာကြည့်​ရမလဲ

တင်​ပြီပြီလား ဘယ်​မှာကြည့်​ရမလဲ

I don't see next post of you.why?

ဘယ်လိုလုပ်ရင်ဖတ်ခွင့်ရှိပါ့မလဲ၊

မစ ပါ အစ်ကို
shanmon2017@gmail.com

မင်္ဂလာပါ စိတ်ဝင်စားပါတယ် ဘာမှသိပ်မသိနားမလည်သူတစ်ယောက်မို့ပါ ထတ်ချင်ပါတယ် ဖတ်ပြီးနားမလည်တာရှိရင်ရောပြန်မေးခွှင့်ရှိလား

မင်္ဂလာပါ စိတ်ဝင်စားပါတယ် ဘာမှသိပ်မသိနားမလည်သူတစ်ယောက်မို့ပါ ထတ်ချင်ပါတယ် ဖတ်ပြီးနားမလည်တာရှိရင်ရောပြန်မေးခွှင့်ရှိလား

I agree with you, brother! Please lead the way to verify Paypal account smoothly.

ကျေးဇူးပါ

neoneomg@gmail.com ပါ ..please

ကျွန်​​တော်​အဆင်​​ပြေမဲ့ Paypal account တစ်​ခုရဖို့လမ်းညွှန်​​ပေးနိုင်​မယ့်​ websites ​တွေလိုက်​ရှာတာတစ်​ပတ်​​ကျော်​​လောက်​ရှိပါပြီ
အကို​ရေးထားတာဖတ်​ရတာ​တော်​​တော်​ကြီးအားတက်​ပါတယ်​ဗျာ
တစ်​ခု​တွေ့တာကစမ်း​ချောင်းမှာ account ဖွင့်​​ပေး​နေတယ်​တဲ့ဗျ
80% ကိုယ်​ရမယ်​ 20% သူတို့ယူမယ်
$100 ဆို $20 $1000 သာဆိုရင်​ $200 ယူမယ်​ဆိုတဲ့အဓိပ္ပာယ်​မဟုတ်​ဖူးလားဗျာ
ကျား​ကြောက်​လို့ရှင်​ကြီးခိုး ရှင်​ကြီးကျားထက်​ဆိုး​နေသလိုပဲဗျ
ကျွန်​​တော်​မှာ တပြားမှ​တော့မရှိပါဘူးဗျာ စဉ်းစားကြည့်​ရုံပါ
အကိုရဲ့စည်းကမ်းချက်​​တွေအကုန်​လိုက်​နာပါတယ်​ဗျာ
ကျွန်​​တော်​လဲသိချင်​ပါတယ်​ autoloverzaw@gmail.com ပါဗျာ​ကျေးဇူးအထူးတင်​ပါတယ်

ကျွန်​​တော်​အကိုတို့လို ကိုယ့်​ထမင်းကိုယ်​စားပြီးသူများ​ကောင်းကျိုးညွှန်​​ပေး​နေတဲ့သူ​တွေကို​တော်​​တော်​ကြီး​လေးစားပါတယ်​ဗျာ

ဖုန်းတစ်​လုံးကိုင်​ပြီးအဓိပ္ပာယ်​မရှိတာ​တွေပဲလုပ်​ဖြစ်​​နေလို့ online က​နေပိုက်​ဆံရှာဖို့တွက်​ပါ
paidverts.com ဆိုတာ​လေးလုပ်​​နေပါတယ်
တခြား sites ​လေး​တွေသိရင်​လဲ​ညွှန်းပါလားလို့​ပြောမလို့ပါ :):):)
ကျေးဇူးတင်​ပါတယ်​အကို

အကို့ရဲ့စည်းကမ်းချက်​​တွေ လိုက်​နာပမယ်
သိချင်​ပါတယ်​meeinshinlay91@gmail.com
တကယ်​လည်းလိုအပ်​​နေလို့ပါ

အကို့ရဲ့စည်းကမ်းချက်​​တွေ လိုက်​နာပမယ်
သိချင်​ပါတယ်​meeinshinlay91@gmail.com
တကယ်​လည်းလိုအပ်​​နေလို့ပါ

စည်းကမ်းချက်တွေကို သဘောတူပါတယ်..

အလင်းပြပါ။

သိချင်ပါတယ် အကို loveking54.lk@gmail.com ပါဗျ
ပို့ပေးပါဦးဗျ ကျေး ဇူးပါ.:-)

သဘောတူပါတယ်ခဗျာ

online မှာ ငွေသွင်း ငွေထုတ် ဈေးဝယ်လုပ်လို့ ရတယ်ဆိုလို့ visa card လုပ်ခဲ့ တယ်ဗျာ။ တကယ်တမ်းကျ paypal ခံပြီးမှ အလွှဲအပြောင့်းလုပ်လို့ ရတယ်လို့ သိရတယ်။ ဟုတ်ပါသလား ခင်ဗျာ။ paypal လုပ်တဲ့ အခါလည်း လေ့လာပြီး myanmar မပါလို့ thailand ဆိုပြီးထည့်လိုက်တာ visa card နဲ့  ချိတ်မရလို့ ရွာလည်နေပါတယ်။ အခုလို သိရလို့ အားတက်ပါတယ်။ ဒါပေမယ့် ပြသနာက နိုင်ငံလွှဲဖွင့်ခဲ့ ပြီး card number ကို ရိုက်ထဲ့ ထားတဲ့ အတွက်ပေါ်နေပြီး ချိတ်မရတာပါ။ အားလုံးကို
အကူအညီတောင်းပါတယ် ။ သိရင်ပြောပေးပါ။

သိချင်​ပါတယ်​ visamastaer@yahoo.com.au
တကယ်​လည်းလိုအပ်​​နေလို့ပါ/ ​ကျေးဇူးတင်​ပါတယ်​အကို

Agree with policy.
thank you , brother.

သ​ဘောတူပါတယ်​ ခင်​ဗျ
မျှော်​​နေပါမည်​။

Pyaw pya par bro. matoki.baby.bap@gmail.com ko mail send pay pr plz

Bro zinmyothan26@gmail.com ကိုပို့​ပေးပါ​။
Please အ​ရေးကြီးလို့ပါ

Bro zinmyothan26@gmail.com ကိုပို့​ပေးပါ​။
Please အ​ရေးကြီးလို့ပါ

ကျေးဇူးတင်ပါတယaccလုပ်လိုပါတယ်
သဘောတူပါတယ်

Accပြုလုပ်လိုပါတယ်
mr.justlove.love@gmail.com

ကျေးဇူးတင်ပါတယaccလုပ်လိုပါတယ်
သဘောတူပါတယ်

Cb က​နေရှင်းပြ​ပေးပါ့လားအကို
ကျ​နော်​ အ​ကောင့်​လုပ်​ချင်​လို့ပါ
Please Replay Me

အကို သိချင်လို့ေပြောပြပေးပါ

This comment has been removed by the author.

I agree you.
My mail is aruhiko@gmail.com
I really want to know bro!!
Thank you very much.

Post a Comment

ကွန်မန်.ရေးခြင်းသည် ဘလော.တည်ထောင်သူများရဲ. ခွန်အားပါ
ဒေါင်းလုပ်လင့်ကို နှိပ်ရင် ကြော်ညာ Page တစ်ခု ရောက်ပါမယ်။ ၅ စက္ကန့် စောင့်ပြီးညာဘက်အပေါ်ထောင့်က SKIP AD ကိုနှိပ်ရင် ဒေါင်းလုပ် Page ကိုရောက်ပါမယ် ။ဝေဖန်အကြံပြုခဲ့ပါအုံးခင်ဗျာ။